ထုိင္းေရာက္ ျမန္မာလုပ္သားမ်ား ပတ္စပို႔သက္တမ္းတိုးႏုိင္မည့္ ယာယီစင္တာကို စမုစခြန္တြင္ဖြင့္လွစ္ရန္ ထုိင္းအစိုးရ သေဘာတူ

ထုိင္းေရာက္ ျမန္မာလုပ္သားမ်ား ပတ္စပို႔သက္တမ္းတိုးႏုိင္မည့္ ယာယီစင္တာကို စမုစခြန္တြင္ဖြင့္လွစ္ရန္ ထုိင္းအစိုးရ သေဘာတူ
မတ် 6, 2019
By 🌸
ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ားအတြက္ ပတ္စပို႔သက္တမ္းတုိးေပးမည့္ Data Collection Center ယာယီစင္တာတစ္ခုကို ထုိင္းႏိုင္ငံ၊ စမုစခြန္ခရိုင္တြင္ဖြင့္လွစ္ရန္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၅)ရက္ေန႔၌ ထုိင္းအစိုးရအဖြဲ႕က သေဘာတူလုိက္ၿပီေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းတြင္ ေဖၚျပသည္။

အဆိုပါစင္တာဖြင့္လွစ္ခြင့္ျပဳလုိက္ျခင္းမွာ ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ားအေနျဖင့္ အလုပ္လုပ္ကိုင္ခြင့္ အတြက္ အလြယ္တကူ သက္တမ္းတိုးႏုိ္င္ရန္အျပင္ ထုိင္းအလုပ္ရွင္မ်ားကိုလည္း အေထာက္အကူျဖစ္ေစရန္ ရည္ရြယ္သည္ဟု သိရသည္။

“ဥပမာဆိုရရင္ MOU နဲ႔ အလုပ္လုပ္ေနတဲ့ ျမန္မာလုပ္သား (၁၄၀၂၅၆)ဦးဟာ ဒီႏွစ္မွာ စာခ်ဳပ္သက္တမ္း (၄)ႏွစ္ျပည့္ၾကေတာ့မယ္ဆိုေတာ့ ျမန္မာႏုိင္ငံကိုျပန္ၿပီး ပတ္စ္ပို႔သက္တမ္းသြားတိုးၾကရေတာ့မယ္။ ဒါ့အျပင္ ဒါေတြၿပီးစီးလုိ႔ ျပန္လာႏုိင္ဖို႔ဆို တစ္လေလာက္ သူတို႔ေစာင့္ၾကရမယ္။ ဒါေပမဲ့ ဒီလိုစင္တာဖြင့္လုိက္ရင္ ျမန္မာလုပ္သားေတြအေနနဲ႔ ျပန္စရာမလိုဘဲ ဒီမွာပဲ သက္တမ္းတိုးတာ လုပ္လုိ႔ရသြားမယ္”ဟု ဝန္ႀကီးခ်ဳပ္ရံုး အႀကံေပးျဖစ္သူ နတ္သ္ဖြန္ခ်တ္စရိဖိတခ္က ဆိုသည္။

ထုိင္းႏုိင္ငံရိွ ျမန္မာလုပ္သားမ်ားအနက္ ၂၀၁၂ - ၂၀၁၃ ခုနွစ္တြင္ ထုတ္ေပးခဲ့ေသာ ယာယီနိုင္ငံကူး လက္မွတ္ ( ခရမ္းေရာင္ပတ္စ္ပို႔ )မ်ား၊ CI စာအုပ္မ်ားမွ ပတ္စ္ပို႔အႀကီး ေျပာင္းလဲေလွွ်ာက္ထားလိုသူမ်ား၊ MOU စနစ္ျဖင့္ လာေရာက္ၿပီး (၄) နွစ္ျပည့္၍  စာအုပ္အသစ္ ထပ္မံသက္တမ္းတိုး ေလွ်ာက္ထားျခင္း လုပ္ငန္းမ်ားကို ျပဳလုပ္ေပးႏိုင္ရန္ Data Collection Center ဖြင့္လွစ္ေပးႏိုင္ေရး နွစ္နိုင္ငံ ညိႇႏိႈင္းေဆာင္ရြက္လွ်က္ရိွရာ ထိုင္းႏုိင္ငံဘက္မွ သေဘာတူညီမႈအခ်ိဳ႕ရထားၿပီးျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၂) ရက္ေန႔တြင္ ထုိင္းႏိုင္ငံရိွ အလုပ္သမားသံအရာရွိရံုးက ထုတ္ျပန္အသိေပးထားျခင္းျဖစ္သည္။

Data Collection Center ဖြင့္လွစ္ၿပီးပါက ၂၀၁၃ ခုနွစ္၌ ထုတ္ေပးထားသည့္ ခရမ္းေရာင္စာအုပ္ျဖင့္ ထိုင္းနိုင္ငံအတြင္း တရား၀င္ေနထိုင္ အလုပ္လုပ္ကိုင္ခြင့္ရရွိထားသူမ်ား သက္တမ္းတိုးရန္၊ PJ စာအုပ္ အႀကီး ထပ္မံထုတ္ယူရန္၊ အလုပ္လုပ္ကိုင္ခြင့္သက္တမ္းတိုးရန္ႏွင့္  ၂၀၁၇ ခုနွစ္မွ ၂၀၁၈ ခုနွစ္ အထိ ထုတ္ေပးခဲ့ေသာ CI စာအုပ္မ်ားအား PJ စာအုပ္အႀကီး ေလွ်ာက္ထားျခင္း ၊ ၂၀၁၅ ခုနွစ္မွစ၍ MOU စနစ္ျဖင့္လာေရာက္ၿပီး (၄) နွစ္ျပည့္၍ MOU စနစ္ျဖင့္ ဆက္လက္ အလုပ္လုပ္ကိုင္ၾကမည့္သူမ်ားအေနျဖင့္ စာအုပ္သက္တမ္းတိုးရန္ႏွင့္ စာခ်ဳပ္ျပန္ခ်ဳပ္ရန္အတြက္  Data Collection Center တြင္ Passport ႀကိဳတင္ေလွ်ာက္ထားျခင္းမ်ား လုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ထုိင္းႏုိင္ငံတြင္းရိွ ျမန္မာလုပ္သားမ်ားအမ်ားစုမွာ ႏုိင္ငံကူးစာအုပ္သက္တမ္း (၁)ႏွစ္ခန္႔သာ က်န္ေတာ့သျဖင့္ ထုိင္းနို္င္ငံတြင္ အလုပ္လုပ္ခြင့္သက္တမ္းထပ္တိုးရန္ ႏုိင္ငံကူးလက္မွတ္သစ္ ထပ္မံျပဳလုပ္ၾကရေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းရောက် မြန်မာလုပ်သားများ ပတ်စပို့သက်တမ်းတိုးနိုင်မည့် ယာယီစင်တာကို စမုစခွန်တွင်ဖွင့်လှစ်ရန် ထိုင်းအစိုးရ သဘောတူ
************
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် ပတ်စပို့သက်တမ်းတိုးပေးမည့် Data Collection Center ယာယီစင်တာတစ်ခုကို ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်တွင်ဖွင့်လှစ်ရန် ၂၀၁၉ ခုနှစ်၊ မတ်လ (၅)ရက်နေ့၌ ထိုင်းအစိုးရအဖွဲ့က သဘောတူလိုက်ပြီကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြသည်။

အဆိုပါစင်တာဖွင့်လှစ်ခွင့်ပြုလိုက်ခြင်းမှာ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် အတွက် အလွယ်တကူ သက်တမ်းတိုးနိုင်ရန်အပြင် ထိုင်းအလုပ်ရှင်များကိုလည်း အထောက်အကူဖြစ်စေရန် ရည်ရွယ်သည်ဟု သိရသည်။

“ဥပမာဆိုရရင် MOU နဲ့ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား (၁၄၀၂၅၆)ဦးဟာ ဒီနှစ်မှာ စာချုပ်သက်တမ်း (၄)နှစ်ပြည့်ကြတော့မယ်ဆိုတော့ မြန်မာနိုင်ငံကိုပြန်ပြီး ပတ်စ်ပို့သက်တမ်းသွားတိုးကြရတော့မယ်။ ဒါ့အပြင် ဒါတွေပြီးစီးလို့ ပြန်လာနိုင်ဖို့ဆို တစ်လလောက် သူတို့စောင့်ကြရမယ်။ ဒါပေမဲ့ ဒီလိုစင်တာဖွင့်လိုက်ရင် မြန်မာလုပ်သားတွေအနေနဲ့ ပြန်စရာမလိုဘဲ ဒီမှာပဲ သက်တမ်းတိုးတာ လုပ်လို့ရသွားမယ်”ဟု ဝန်ကြီးချုပ်ရုံး အကြံပေးဖြစ်သူ နတ်သ်ဖွန်ချတ်စရိဖိတခ်က ဆိုသည်။

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအနက် ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် ထုတ်ပေးခဲ့သော ယာယီနိုင်ငံကူး လက်မှတ် ( ခရမ်းရောင်ပတ်စ်ပို့ )များ၊ CI စာအုပ်များမှ ပတ်စ်ပို့အကြီး ပြောင်းလဲလျှောက်ထားလိုသူများ၊ MOU စနစ်ဖြင့် လာရောက်ပြီး (၄) နှစ်ပြည့်၍  စာအုပ်အသစ် ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း လုပ်ငန်းများကို ပြုလုပ်ပေးနိုင်ရန် Data Collection Center ဖွင့်လှစ်ပေးနိုင်ရေး နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျှက်ရှိရာ ထိုင်းနိုင်ငံဘက်မှ သဘောတူညီမှုအချို့ရထားပြီးဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်အသိပေးထားခြင်းဖြစ်သည်။

Data Collection Center ဖွင့်လှစ်ပြီးပါက ၂၀၁၃ ခုနှစ်၌ ထုတ်ပေးထားသည့် ခရမ်းရောင်စာအုပ်ဖြင့် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိထားသူများ သက်တမ်းတိုးရန်၊ PJ စာအုပ် အကြီး ထပ်မံထုတ်ယူရန်၊ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးရန်နှင့်  ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ ထုတ်ပေးခဲ့သော CI စာအုပ်များအား PJ စာအုပ်အကြီး လျှောက်ထားခြင်း ၊ ၂၀၁၅ ခုနှစ်မှစ၍ MOU စနစ်ဖြင့်လာရောက်ပြီး (၄) နှစ်ပြည့်၍ MOU စနစ်ဖြင့် ဆက်လက် အလုပ်လုပ်ကိုင်ကြမည့်သူများအနေဖြင့် စာအုပ်သက်တမ်းတိုးရန်နှင့် စာချုပ်ပြန်ချုပ်ရန်အတွက်  Data Collection Center တွင် Passport ကြိုတင်လျှောက်ထားခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံတွင်းရှိ မြန်မာလုပ်သားများအများစုမှာ နိုင်ငံကူးစာအုပ်သက်တမ်း (၁)နှစ်ခန့်သာ ကျန်တော့သဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်သက်တမ်းထပ်တိုးရန် နိုင်ငံကူးလက်မှတ်သစ် ထပ်မံပြုလုပ်ကြရတော့မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net