က်ိဳင္းတံုတြင္က်င္းပသည့္ ကမၻာ့စားသံုးသူအခြင့္အေရးေန႔အထိမ္းအမွတ္တြင္ ေဒသတြင္းမွ စားေသာက္ကုန္ လုပ္ငန္း (၆၂)ခု ဝင္ေရာက္ျပသ

က်ိဳင္းတံုတြင္က်င္းပသည့္ ကမၻာ့စားသံုးသူအခြင့္အေရးေန႔အထိမ္းအမွတ္တြင္ ေဒသတြင္းမွ စားေသာက္ကုန္ လုပ္ငန္း (၆၂)ခု ဝင္ေရာက္ျပသ
မတ် 15, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၅)ရက္ေန႔ က်င္းပသည့္ ကမၻာ့စားသံုးသူအခြင့္အေရးေန႔အထိမ္းအမွတ္ျပခန္း၌ က်ိဳင္းတံုႏွင့္ တာခ်ီလိတ္ စားသံုးကုန္ထုတ္လုပ္ခြင့္ႏွင့္ အညီထုတ္လုပ္သည့္ လုပ္ငန္းရွင္ (၆၂)ဦးက ထုတ္ကုန္မ်ားပါဝင္ျပသေၾကာင္း သိရသည္။

“တာခ်ီလိတ္က (၁)ခုပါတယ္။ က်န္တာက က်ိဳင္းတံုကပါ။ တစ္ခ်ိဳ႕က အခုမွ သိၾကတာလည္းရိွတယ္။ သူတုိ႔က ေနရာတုိင္းမွာ လုပ္ေပးေစခ်င္ၾကတယ္။ စားသံုးသူေရးရာအခြင့္အေရးနဲ႔ပတ္သက္လို႔ လုပ္ငန္းရွင္တစ္ခ်ိဳ႕ကေတာ့ လုိက္နာမႈအားနည္းေနေသးတယ္။ အခုလိုလုပ္ေပးတာကို ျပည္သူေတြကေတာ့ ေက်းဇူးတင္ၾကတယ္”ဟု က်ိဳင္းတံုခရိုင္ စားသုံးသူေရးရာ ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴးဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ စားသုံးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရုံးတြင္ ျပခန္းမ်ားဖြင့္လွစ္၍ စားသံုးရန္မသင့္ စားေသာက္ကုန္မ်ား၊ စားေသာက္ကုန္ထုတ္လုပ္ခြင့္ႏွင့္အညီထုတ္လုပ္ထားသည့္ စားေသာက္ကုန္မ်ား၊ ေဒသတြင္းမွ စားေသာက္ကုန္ထုတ္လုပ္ခြင့္ဆိုင္ရာ ေထာက္ခံခ်က္မ်ားႏွင့္အညီ ထုတ္လုပ္ေနသည့္ ထုတ္ကုန္ပစၥည္းမ်ားကို အမ်ားျပည္သူအား ျပသထားၿပီး စားသံုးသူေရးရာအခြင့္အေရးမ်ားအေၾကာင္းကို ရွင္းလင္းေျပာျပျခင္းမ်ား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

 ကမၻာ့စားသံုးသူေန႔အခမ္းအနားကို ျမန္မာႏိုင္ငံတ၀ွမ္းလံုးရိွ စားသံုးသူေရးရာဦးစီးဌာနရံုးစိုက္ရာၿမိဳ႕မ်ားတြင္ ဖြင့္လွစ္ျပသေနျခင္းျဖစ္ၿပီး စားသံုးသူအခြင့္အေရးဆုိင္ရာ စကား၀ိုင္းမ်ားက်င္းပျခင္း၊ လက္ကမ္းစာေစာင္မ်ားျဖန္႔ေ၀ျခင္း၊ သံုးစြဲရန္မသင့္ေၾကျငာထားသည့္ ပစၥည္းမ်ား၏ ေဘးထြက္ဆိုးက်ိဳးမ်ားအေၾကာင္း ရွင္းလင္းေျပာျပျခင္းတုိ႔ ေဆာင္ရြက္ျခင္းျဖင့္ စားသံုးသူအခြင့္အေရးကို လူထုအေနျဖင့္ သိရိွလာေစရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စားသံုးသူေရးရာဦးစီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံတွင်ကျင်းပသည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့အထိမ်းအမှတ်တွင် ဒေသတွင်းမှ စားသောက်ကုန် လုပ်ငန်း (၆၂)ခု ဝင်ရောက်ပြသ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ ကျင်းပသည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့အထိမ်းအမှတ်ပြခန်း၌ ကျိုင်းတုံနှင့် တာချီလိတ် စားသုံးကုန်ထုတ်လုပ်ခွင့်နှင့် အညီထုတ်လုပ်သည့် လုပ်ငန်းရှင် (၆၂)ဦးက ထုတ်ကုန်များပါဝင်ပြသကြောင်း သိရသည်။

“တာချီလိတ်က (၁)ခုပါတယ်။ ကျန်တာက ကျိုင်းတုံကပါ။ တစ်ချို့က အခုမှ သိကြတာလည်းရှိတယ်။ သူတို့က နေရာတိုင်းမှာ လုပ်ပေးစေချင်ကြတယ်။ စားသုံးသူရေးရာအခွင့်အရေးနဲ့ပတ်သက်လို့ လုပ်ငန်းရှင်တစ်ချို့ကတော့ လိုက်နာမှုအားနည်းနေသေးတယ်။ အခုလိုလုပ်ပေးတာကို ပြည်သူတွေကတော့ ကျေးဇူးတင်ကြတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးတွင် ပြခန်းများဖွင့်လှစ်၍ စားသုံးရန်မသင့် စားသောက်ကုန်များ၊ စားသောက်ကုန်ထုတ်လုပ်ခွင့်နှင့်အညီထုတ်လုပ်ထားသည့် စားသောက်ကုန်များ၊ ဒေသတွင်းမှ စားသောက်ကုန်ထုတ်လုပ်ခွင့်ဆိုင်ရာ ထောက်ခံချက်များနှင့်အညီ ထုတ်လုပ်နေသည့် ထုတ်ကုန်ပစ္စည်းများကို အများပြည်သူအား ပြသထားပြီး စားသုံးသူရေးရာအခွင့်အရေးများအကြောင်းကို ရှင်းလင်းပြောပြခြင်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 ကမ္ဘာ့စားသုံးသူနေ့အခမ်းအနားကို မြန်မာနိုင်ငံတဝှမ်းလုံးရှိ စားသုံးသူရေးရာဦးစီးဌာနရုံးစိုက်ရာမြို့များတွင် ဖွင့်လှစ်ပြသနေခြင်းဖြစ်ပြီး စားသုံးသူအခွင့်အရေးဆိုင်ရာ စကားဝိုင်းများကျင်းပခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သုံးစွဲရန်မသင့်ကြေငြာထားသည့် ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောပြခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေးကို လူထုအနေဖြင့် သိရှိလာစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net