က်ိဳင္းတံုၿမိဳ႕ ကမၻာ့စားသံုးသူအခြင့္အေရးမ်ားေန႔ အထိမ္းအမွတ္ျပခန္းတြင္ ေဒသတြင္းထုတ္ကုန္မ်ား လာေရာက္ျပသႏုိင္

က်ိဳင္းတံုၿမိဳ႕ ကမၻာ့စားသံုးသူအခြင့္အေရးမ်ားေန႔ အထိမ္းအမွတ္ျပခန္းတြင္ ေဒသတြင္းထုတ္ကုန္မ်ား လာေရာက္ျပသႏုိင္
မတ် 13, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ စားသံုးသူအခြင့္အေရးမ်ားကို လူထုအၾကား ပိုမိုသိရိွေစေရးအတြက္ ကမၻာ့စားသံုးသူအခြင့္အေရးေန႔အထိမ္းအမွတ္ ျပခန္းကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၅)ရက္ေန႔၌ ဖြင့္လွစ္ျပသမည္ျဖစ္ရာ ေဒသတြင္းမွ ေထာက္ခံခ်က္မ်ားႏွင့္ညီညြတ္သည့္ထုတ္ကုန္ပစၥည္းမ်ား လာေရာက္ျပသႏုိင္ေၾကာင္း ဖိတ္ေခၚထားသည္။

"က်ိဳင္းတံုမွာရိွတဲ့ ေထာက္ခံခ်က္ရိွတဲ့စားေသာက္ကုန္ေတြ၊ ျမန္မာျပည္က ေထာက္ခံခ်က္ရိွတဲ့ စားေသာက္ကုန္ေတြ ျပမယ္။ ေထာက္ခံခ်က္မရိွလို႔ ဖမ္းထားတဲ့ပစၥည္းေတြျပမယ္။ ေထာက္ခံခ်က္မရိွတဲ့ပစၥည္းေတြ ၀ယ္ျပမယ္။ လက္ကမ္းစာေစာင္ေတြေ၀မယ္"ဟု က်ိဳင္းတံုခရိုင္ စားသုံးသူေရးရာ ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴးဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ စားသုံးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရုံးတြင္ က်င္းပမည့္ ျပခန္းတြင္ မိမိတို႔၏ကုန္ပစၥည္းမ်ားကို ျပသျခင္းျဖင့္ စားသံုးသူအခြင့္အေရးကို အေလးထား ထုတ္လုပ္သည့္ ထုတ္ကုန္မ်ားအျဖစ္ လူထုအား ျပသနုိင္မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

ကမၻာ့စားသံုးသူေန႔အခမ္းအနားကို ျမန္မာႏိုင္ငံတ၀ွမ္းလံုးရိွ စားသံုးသူေရးရာဦးစီးဌာန ရံုးစိုက္ရာၿမိဳ႕မ်ားတြင္ ဖြင့္လွစ္ျပသမည္ျဖစ္ၿပီး စားသံုးသူအခြင့္အေရးဆုိင္ရာ စကား၀ိုင္းမ်ားက်င္းပျခင္း၊ လက္ကမ္းစာေစာင္မ်ားျဖန္႔ေ၀ျခင္း၊ သံုးစြဲရန္မသင့္ေၾကျငာထားသည့္ ပစၥည္းမ်ား၏ ေဘးထြက္ဆိုးက်ိဳးမ်ားအေၾကာင္း ရွင္းလင္းေျပာျပျခင္းတုိ႔ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါျပခန္းကို နံနက္ (၉)နာရီမွ ေန႔လယ္ (၁၂)နာရီအထိ ျပသမည္ျဖစ္ကာ မည္သူမဆိုလာေရာက္ ေလ့လာႏုိင္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ပြခန်းတွင် ဒေသတွင်းထုတ်ကုန်များ လာရောက်ပြသနိုင်
************
 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စားသုံးသူအခွင့်အရေးများကို လူထုအကြား ပိုမိုသိရှိစေရေးအတွက် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့အထိမ်းအမှတ် ပြခန်းကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့၌ ဖွင့်လှစ်ပြသမည်ဖြစ်ရာ ဒေသတွင်းမှ ထောက်ခံချက်များနှင့်ညီညွတ်သည့်ထုတ်ကုန်ပစ္စည်းများ လာရောက်ပြသနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

"ကျိုင်းတုံမှာရှိတဲ့ ထောက်ခံချက်ရှိတဲ့စားသောက်ကုန်တွေ၊ မြန်မာပြည်က ထောက်ခံချက်ရှိတဲ့ စားသောက်ကုန်တွေ ပြမယ်။ ထောက်ခံချက်မရှိလို့ ဖမ်းထားတဲ့ပစ္စည်းတွေပြမယ်။ ထောက်ခံချက်မရှိတဲ့ပစ္စည်းတွေ ဝယ်ပြမယ်။ လက်ကမ်းစာစောင်တွေဝေမယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပမည့် ပြခန်းတွင် မိမိတို့၏ကုန်ပစ္စည်းများကို ပြသခြင်းဖြင့် စားသုံးသူအခွင့်အရေးကို အလေးထား ထုတ်လုပ်သည့် ထုတ်ကုန်များအဖြစ် လူထုအား ပြသနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကမ္ဘာ့စားသုံးသူနေ့အခမ်းအနားကို မြန်မာနိုင်ငံတဝှမ်းလုံးရှိ စားသုံးသူရေးရာဦးစီးဌာန ရုံးစိုက်ရာမြို့များတွင် ဖွင့်လှစ်ပြသမည်ဖြစ်ပြီး စားသုံးသူအခွင့်အရေးဆိုင်ရာ စကားဝိုင်းများကျင်းပခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သုံးစွဲရန်မသင့်ကြေငြာထားသည့် ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောပြခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြခန်းကို နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ ပြသမည်ဖြစ်ကာ မည်သူမဆိုလာရောက် လေ့လာနိုင်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net