တာခ်ီလိတ္တြင္ ႏွစ္ရက္ဆက္တုိက္ ဓါးထိုးမႈျဖစ္ပြား၍ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးတုိ႔ ဒဏ္ရာရ

တာခ်ီလိတ္တြင္ ႏွစ္ရက္ဆက္တုိက္ ဓါးထိုးမႈျဖစ္ပြား၍ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးတုိ႔ ဒဏ္ရာရ
မတ် 29, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၇)ရက္ေန႔ႏွင့္ (၂၈)ရက္ေန႔မ်ားက ထုိးမႈ(၂)မႈဆက္တုိက္ျဖစ္သျဖင့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတုိ႔ ဒဏ္ရာရသြားေၾကာင္း သိရသည္။

ပုန္းထြန္ရပ္ကြက္၊ ေက်ာက္ေတာင္ရပ္တြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၈)ရက္ေန႔ ည(၈)နာရီဝန္းက်င္က တစ္ရပ္ကြက္ထဲေနသူက ဓါးျဖင့္ထိုးသျဖင့္ အမ်ိဳးသားတစ္ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

ေက်ာက္ေတာင္ရိွ ကိုခ်စ္ရင္ထူး၏ ေနအိမ္သို႔ တစ္ရပ္ကြက္ထဲေန သီဟႏုိင္က ဓါးကိုင္ၿပီး လာေရာက္ရွာေဖြရာ ကိုခ်စ္ရင္ထူး၏ဇနီးက ခင္ပြန္းျဖစ္သူအျပင္သြားေနေၾကာင္းေျပာရာ သီဟႏုိင္က ၿခိမ္းေျခာက္ေျပာဆိုကာ ထြက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ကိုခ်စ္ရင္ထူး၏ ဇနီးက ခင္ပြန္းျဖစ္သူအား ဖုန္းဆက္၍ လွမ္းအေၾကာင္းၾကားရာ ခင္ပြန္းျဖစ္သူ ကိုခ်စ္ရင္ထူးက ၎အား သီဟႏိုင္က ဓါးျဖင့္ထိုးသြား၍ အစ္မျဖစ္သူ၏ေနအိမ္တြင္ေရာက္ေနေၾကာင္းေျဖၾကားသျဖင့္ သြားၾကည့္ရာ ဝဲဘက္ခ်ိဳင္းေအာက္၊ လည္ကုတ္၊ ညာဘက္ပုခံုးတို႔တြင္ ထုိးသြင္းဒဏ္ရာမ်ားေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕ထံအေၾကာင္းၾကားၿပီး တာခ်ီလိတ္နာေရးကူညီမႈအသင္း အကူအညီျဖင့္ ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဓါးထိုးမႈ၊ ၿခိမ္းေျခာက္ေျပာဆိုမႈတုိ႔ႏွင့္ပတ္သက္၍ သီဟႏုိင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၇၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆/၅၀၆ျဖင့္ အေရးယူထားေၾကာင္း သိရသည္။

မတ္လ (၂၇) ရက္ေန႔ ည (၉)နာရီဝန္းက်င္ကလည္း ရန္ေအာင္ေျမရပ္ကြက္တြင္ ေနအိမ္၌ (၉)ႏွစ္အရြယ္ သမီးျဖစ္သူႏွင့္အိပ္ေနသည့္ ဇနီးျဖစ္သူကို အရက္ေသာက္ၿပီးျပန္လာသည့္ ခင္ပြန္းျဖစ္သူက ဆံပင္ဆြဲ၊ လည္ပင္းကိုေျချဖင့္တက္နင္းကာ ၾကက္သြန္လွီးဓါးျဖင့္ ထိုးခဲ့သျဖင့္ အမ်ိဳးသမီးမွာ ဝဲဘက္ခ်ိဳင္းေအာက္တြင္ ဒဏ္ရာရသြားခဲ့ျခင္းျဖစ္သည္။

ဇနီးျဖစ္သူအား ညႇင္းပန္းႏွိပ္စက္ၿပီး ဓါးျဖင့္ထိုးသည့္ ႏိုင္ထြန္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၇၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆/၅၀၆ ျဖင့္အမႈဖြင့္ထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့များက ထိုးမှု(၂)မှုဆက်တိုက်ဖြစ်သဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရသွားကြောင်း သိရသည်။

ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်ရပ်တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ ည(၈)နာရီဝန်းကျင်က တစ်ရပ်ကွက်ထဲနေသူက ဓားဖြင့်ထိုးသဖြင့် အမျိုးသားတစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

ကျောက်တောင်ရှိ ကိုချစ်ရင်ထူး၏ နေအိမ်သို့ တစ်ရပ်ကွက်ထဲနေ သီဟနိုင်က ဓားကိုင်ပြီး လာရောက်ရှာဖွေရာ ကိုချစ်ရင်ထူး၏ဇနီးက ခင်ပွန်းဖြစ်သူအပြင်သွားနေကြောင်းပြောရာ သီဟနိုင်က ခြိမ်းခြောက်ပြောဆိုကာ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကိုချစ်ရင်ထူး၏ ဇနီးက ခင်ပွန်းဖြစ်သူအား ဖုန်းဆက်၍ လှမ်းအကြောင်းကြားရာ ခင်ပွန်းဖြစ်သူ ကိုချစ်ရင်ထူးက၎င်းအား သီဟနိုင်က ဓားဖြင့်ထိုးသွား၍ အစ်မဖြစ်သူ၏နေအိမ်တွင်ရောက်နေကြောင်းဖြကြေားသဖြင့် သွားကြည့်ရာ ဝဲဘက်ချိုင်းအောက်၊ လည်ကုတ်၊ ညာဘက်ပုခုံးတို့တွင် ထိုးသွင်းဒဏ်ရာများတွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားပြီး တာချီလိတ်နာရေးကူညီမှုအသင်း အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားထိုးမှု၊ ခြိမ်းခြောက်ပြောဆိုမှုတို့နှင့်ပတ်သက်၍ သီဟနိုင်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၇၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၅၀၆ဖြင့် အရေးယူထားကြောင်း သိရသည်။

မတ်လ (၂၇) ရက်နေ့ ည (၉)နာရီဝန်းကျင်ကလည်း ရန်အောင်မြေရပ်ကွက်တွင် နေအိမ်၌ (၉)နှစ်အရွယ် သမီးဖြစ်သူနှင့်အိပ်နေသည့် ဇနီးဖြစ်သူကို အရက်သောက်ပြီးပြန်လာသည့် ခင်ပွန်းဖြစ်သူက ဆံပင်ဆွဲ၊ လည်ပင်းကိုခြဖြေင့်တက်နင်းကာ ကြက်သွန်လှီးဓားဖြင့် ထိုးခဲ့သဖြင့် အမျိုးသမီးမှာ ဝဲဘက်ချိုင်းအောက်တွင် ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

ဇနီးဖြစ်သူအား ညှင်းပန်းနှိပ်စက်ပြီး ဓားဖြင့်ထိုးသည့် နိုင်ထွန်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၇၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၅၀၆ ဖြင့်အမှုဖွင့်ထားခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net