က်ိဳင္းတံုသို႔ မုိင္းလားမွ တင္သြင္းလာသည့္ အေကာက္ခြန္မဲ့ တရုတ္စီးကရက္မ်ား ဖမ္းမိ

က်ိဳင္းတံုသို႔ မုိင္းလားမွ တင္သြင္းလာသည့္ အေကာက္ခြန္မဲ့ တရုတ္စီးကရက္မ်ား ဖမ္းမိ
မတ် 1, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕သို႔ တရုတ္ႏုိင္ငံမွ အေကာက္ခြန္မဲ့တင္လာသည့္ စီးကရက္မ်ားကို မိုင္းလားၿမိဳ႕မွ သယ္လာစဥ္ ဖမ္းဆီးရမိထားသျဖင့္ အေကာက္ခြန္ဥပေဒျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕သို႔ မုိင္းလားဘက္မွ ဝင္လာသည့္ လမ္းေၾကာင္း၌ စစ္ေဆးသည့္ ဝမ္တာပံု ပူးေပါင္း စစ္ေဆးေရး စခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၇)ရက္ေန႔ နံနက္ (၁၀)နာရီအခ်ိန္က  မုိင္းလားဘက္မွလာသည့္ (၆)ဘီးယာဥ္အားစစ္ေဆးရာ တင္သြင္းခြင့္အေထာက္အထားမပါသည့္ တ႐ုတ္နိုင္ငံထုတ္ Hongtashan တံဆိပ္ စီးကရက္ဖာ(၁၁၃)ဖာ၊ Yun Yan တံဆိပ္ပါ စီးကရက္ဖာ (၁၀၁)ဖာ၊ Hong He တံဆိပ္ပါ စီးကရက္ဖာ(၈၇)ဖာ၊ စုစုေပါင္း(၃၀၁)ဖာအား စစ္ေဆးေတြ႔ရိွခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အေကာက္ခြန္မဲ့ပစၥည္းမ်ား သယ္ေဆာင္လာသည့္ ယာဥ္ေမာင္း ေဇာ္ထြန္းေအာင္ႏွင့္ အဆိုပါယာဥ္တြင္ အတူလုိက္ပါလာသူ စိုင္းေအာင္ျမင့္တို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံႏွင့္ ကုန္သြယ္မႈလမ္းေၾကာင္းျဖစ္သည့္ က်ိဳင္းတံု - မုိင္းလားလမ္းေၾကာင္းမွ ဝမ္တာပင္းဂိတ္ကို ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၂၁)ရက္ေန႔မွစ၍ မိုင္းလားဘက္မွ စတင္ပိတ္လုိက္ၿပီးေနာက္ အဆုိပါကုန္သြယ္ေရးလမ္းေၾကာင္းမွာ ယေန႔အထိ ျပန္လည္ဖြင့္လွစ္ျခင္းမရိွေသးသည့္အတြက္ က်ိဳင္းတံုမွ မုိင္းလားႏွင့္ တရုတ္ႏုိင္ငံ နယ္စပ္သို႔ ဆက္သြယ္သည့္ တစ္ခုတည္းေသာ တရားဝင္ဖြင့္ထားသည့္ လမ္းေၾကာင္းအျဖစ္ မုိင္းခတ္ - က်ိဳင္းတံုလမ္းမွ ကုန္သြယ္မႈမ်ားအား ဝမ္တာပံုစစ္ေဆးေရးစခန္းတြင္ စစ္ေဆးေလ့ရိွျခင္းျဖစ္သည္။

က်ိဳင္းတံုၿမိဳ႕တြင္ မုိင္းလားဘက္မွ ဝင္လာသည့္ လမ္းေၾကာင္း၌ စစ္ေဆးသည့္ ဝမ္တာပံု ပူးေပါင္း စစ္ေဆးေရး စခန္း၊ ေတာင္ႀကီးဘက္မွ ဝင္လာသည့္ လမ္းေၾကာင္း၌ စစ္ေဆးသည့္ က်ိဳင္းေဖါင္း ပူးေပါင္းစစ္ေဆးေရးစခန္းႏွင့္ တာခ်ီလိတ္ဘက္မွ ဝင္လာသည့္ လမ္းေၾကာင္း၌ စစ္ေဆးသည့္ ေနာင္ႏြန္းပူးေပါင္းစစ္ေဆးေရး စခန္း၊ လက္ရိွတြင္ အသံုးျပဳခြင့္ ပိတ္ထားသည့္ မိုင္းလားႏွင့္ ဆက္သြယ္သည့္ လမ္းေၾကာင္းမွ ဝမ္တာပင္းပူးေပါင္းစစ္ေဆးေရးစခန္းမ်ားျဖင့္ ကုန္သြယ္မႈ လမ္းေၾကာင္းမ်ားအား စစ္ေဆးေနျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1ကျိုင်းတုံသို့ မိုင်းလားမှ တင်သွင်းလာသည့် အကောက်ခွန်မဲ့ တရုတ်စီးကရက်များ ဖမ်းမိ
****************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့သို့ တရုတ်နိုင်ငံမှ အကောက်ခွန်မဲ့တင်လာသည့် စီးကရက်များကို မိုင်းလားမြို့မှ သယ်လာစဉ် ဖမ်းဆီးရမိထားသဖြင့် အကောက်ခွန်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ကျိုင်းတုံမြို့သို့ မိုင်းလားဘက်မှ ဝင်လာသည့် လမ်းကြောင်း၌ စစ်ဆေးသည့် ဝမ်တာပုံ ပူးပေါင်း စစ်ဆေးရေး စခန်းတွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ နံနက် (၁၀)နာရီအချိန်က  မိုင်းလားဘက်မှလာသည့် (၆)ဘီးယာဉ်အားစစ်ဆေးရာ တင်သွင်းခွင့်အထောက်အထားမပါသည့် တရုတ်နိုင်ငံထုတ် Hongtashan တံဆိပ် စီးကရက်ဖာ(၁၁၃)ဖာ၊ Yun Yan တံဆိပ်ပါ စီးကရက်ဖာ (၁၀၁)ဖာ၊ Hong He တံဆိပ်ပါ စီးကရက်ဖာ(၈၇)ဖာ၊ စုစုပေါင်း(၃၀၁)ဖာအား စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်မောင်း ဇော်ထွန်းအောင်နှင့် အဆိုပါယာဉ်တွင် အတူလိုက်ပါလာသူ စိုင်းအောင်မြင့်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် ကျိုင်းတုံ - မိုင်းလားလမ်းကြောင်းမှ ဝမ်တာပင်းဂိတ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့မှစ၍ မိုင်းလားဘက်မှ စတင်ပိတ်လိုက်ပြီးနောက် အဆိုပါကုန်သွယ်ရေးလမ်းကြောင်းမှာ ယနေ့အထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးသည့်အတွက် ကျိုင်းတုံမှ မိုင်းလားနှင့် တရုတ်နိုင်ငံ နယ်စပ်သို့ ဆက်သွယ်သည့် တစ်ခုတည်းသော တရားဝင်ဖွင့်ထားသည့် လမ်းကြောင်းအဖြစ် မိုင်းခတ် - ကျိုင်းတုံလမ်းမှ ကုန်သွယ်မှုများအား ဝမ်တာပုံစစ်ဆေးရေးစခန်းတွင် စစ်ဆေးလေ့ရှိခြင်းဖြစ်သည်။

ကျိုင်းတုံမြို့တွင် မိုင်းလားဘက်မှ ဝင်လာသည့် လမ်းကြောင်း၌ စစ်ဆေးသည့် ဝမ်တာပုံ ပူးပေါင်း စစ်ဆေးရေး စခန်း၊ တောင်ကြီးဘက်မှ ဝင်လာသည့် လမ်းကြောင်း၌ စစ်ဆေးသည့် ကျိုင်းဖေါင်း ပူးပေါင်းစစ်ဆေးရေးစခန်းနှင့် တာချီလိတ်ဘက်မှ ဝင်လာသည့် လမ်းကြောင်း၌ စစ်ဆေးသည့် နောင်နွန်းပူးပေါင်းစစ်ဆေးရေး စခန်း၊ လက်ရှိတွင် အသုံးပြုခွင့် ပိတ်ထားသည့် မိုင်းလားနှင့် ဆက်သွယ်သည့် လမ်းကြောင်းမှ ဝမ်တာပင်းပူးပေါင်းစစ်ဆေးရေးစခန်းများဖြင့် ကုန်သွယ်မှု လမ်းကြောင်းများအား စစ်ဆေးနေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~