၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးကို ေထာက္ခံေၾကာင္း မေကြးၿမိဳ႕တြင္ ဆႏၵထုတ္ေဖၚ

၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးကို ေထာက္ခံေၾကာင္း မေကြးၿမိဳ႕တြင္ ဆႏၵထုတ္ေဖၚ
မတ် 26, 2019
By 🌸
၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီအား ေထာက္ခံေၾကာင္း ဆႏၵေဖာ္ထုတ္သူ (၂၅၀၀)ဝန္းက်င္သည္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၅)ရက္ေန႔ညေနပိုင္းက မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕၌ ျမသလြန္ဘုရားပဲြေတာ္ကြင္းတြင္ စုေဝးဆႏၵထုတ္ေဖၚၾကသည္။

“၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒမွာပါေနတဲ့ ဥပေဒပုဒ္မမ်ားဟာ ဖဲြ႔စည္းပံု အေျခခံဥပေဒျပဌာန္းစဥ္ ကာလကတည္းက ျပည္သူလူထုရဲ႕ ဆႏၵကို မသိက်ိဳးကၽြံျပဳၿပီးေတာ့ ျပည္သူရဲ႕ သေဘာဆႏၵမွန္မပါဘဲနဲ႔ ျပဳလုပ္ခဲ့တဲ့အတြက္ ဒီ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒကို ျပည္သူ႔ဆႏၵနဲ႔အညီ ျပန္လည္ျပဳျပင္ဖို႔ လိုအပ္တယ္ဆိုၿပီးေတာ့ အခုလို ဆႏၵေဖာ္ထုတ္ၿပီး ျပင္ဆင္ေရးပူးေပါင္းေကာ္မတီကို ေထာက္ခံၾကတာပါ”ဟု ေထာက္ခံပဲြ ဦးေဆာင္သူတစ္ဦးျဖစ္သူ ဦးရဲတင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖြဲ႕စည္းပံုအေျခခံဥပေဒ ၂၀၀၈ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီ ဖြဲ႕စည္း တာဝန္ေပးအပ္ရန္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၉)ရက္ေန႔တြင္ က်င္းပသည့္ ျပည္ေထာင္စု လႊတ္ေတာ္တြင္ အတည္ျပဳႏုိင္ခဲ့ၿပီးေနာက္ အဆုိပါေကာ္မတီအား ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖၚမႈမ်ား လုပ္ေဆာင္လာၾကျခင္းျဖစ္သည္။

ဒီမိုကေရစီစံႏွဳန္းျပည့္ဝေသာ အေျခခံဥပေဒေပၚေပါက္ေရး၊ ၿငိမ္းခ်မ္းေရးကိုေဖာ္ေဆာင္ေသာ ဖက္ဒရယ္ျပည္ေထာင္စု အေျခခံဥပေဒေပၚေပါက္ေရး၊ ၂၀၀၈ ဖဲြ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ ေအာင္ျမင္စြာေဆာင္ရြက္ႏုိင္ေရးတို႔ကို ဆႏၵထုတ္ေဖၚၾကသည္ကို ေတြ႔ရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု-သန္းႏိုင္ဦး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံကြောင်း မကွေးမြို့တွင် ဆန္ဒထုတ်ဖေါ်
**************

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်သူ (၂၅၀၀)ဝန်းကျင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့၌ မြသလွန်ဘုရားပွဲတော်ကွင်းတွင် စုဝေးဆန္ဒထုတ်ဖေါ်ကြသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါနေတဲ့ ဥပဒေပုဒ်မများဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းစဉ် ကာလကတည်းက ပြည်သူလူထုရဲ့ ဆန္ဒကို မသိကျိုးကျွံပြုပြီးတော့ ပြည်သူရဲ့ သဘောဆန္ဒမှန်မပါဘဲနဲ့ ပြုလုပ်ခဲ့တဲ့အတွက် ဒီ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အညီ ပြန်လည်ပြုပြင်ဖို့ လိုအပ်တယ်ဆိုပြီးတော့ အခုလို ဆန္ဒဖော်ထုတ်ပြီး ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံကြတာပါ”ဟု ထောက်ခံပွဲ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးရဲတင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့ပြီးနောက် အဆိုပါကော်မတီအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖေါ်မှုများ လုပ်ဆောင်လာကြခြင်းဖြစ်သည်။

ဒီမိုကရေစီစံနှုန်းပြည့်ဝသော အခြေခံဥပဒေပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်သော ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ အောင်မြင်စွာဆောင်ရွက်နိုင်ရေးတို့ကို ဆန္ဒထုတ်ဖေါ်ကြသည်ကို တွေ့ရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ-သန်းနိုင်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net