အာဖရိကဝက္အျပင္းဖ်ားေရာဂါေၾကာင့္ တရုတ္ႏုိင္ငံမွ ဝက္ႏွင့္ ဝက္သားထြက္ပစၥည္းမ်ား ပိတ္ပင္ထားေသာ္လည္း နယ္စပ္မ်ားတြင္ စိစစ္ႏုိင္မႈအားနည္း

အာဖရိကဝက္အျပင္းဖ်ားေရာဂါေၾကာင့္ တရုတ္ႏုိင္ငံမွ ဝက္ႏွင့္ ဝက္သားထြက္ပစၥည္းမ်ား ပိတ္ပင္ထားေသာ္လည္း နယ္စပ္မ်ားတြင္ စိစစ္ႏုိင္မႈအားနည္း
မတ် 14, 2019
By 🌸
အိမ္နီးခ်င္း တရုတ္ႏိုင္ငံတြင္ အာဖရိက၀က္အျပင္းဖ်ားေရာဂါျဖစ္ပြားေနသည့္အတြက္ ၀က္ႏွင့္ ၀က္သားမွ ထုတ္လုပ္သည့္ပစၥည္းမ်ားကို ျပည္တြင္းတင္သြင္းခြင့္ပိတ္ပင္ထားေသာ္လည္း ရွမ္းျပည္နယ္အတြင္း နယ္စပ္ေဒသမ်ားမွ တင္သြင္းမႈမ်ားရိွေနဆဲျဖစ္ေၾကာင္း သိရသည္။

" နယ္စပ္ေတြကေန ၀က္နဲ႔၀က္ထြက္ပစၥည္းေတြ တင္သြင္းခြင့္ လံုး၀ျပဳမထားဘူး။ ဒါေပမဲ့ ၀က္ေခါက္ေတြလည္း သြင္းတယ္။ ေဟာ့ေဒါ့ေခ်ာင္းေတြ သြင္းေနၾကတယ္။ အဲဒီဟာေတြက ျပည္ပႏိုင္ငံက ေသတဲ့၀က္ေတြကို ဒီဟာေတြလုပ္ၿပီး ကၽြန္ေတာ္တို႔ဆီကို ပို႔တာမဟုတ္ဘူးလို႔ ကၽြန္ေတာ္တို႔ ဘယ္သူမွမေျပာရဲဘူး။ လုပ္ငန္းရွင္ေတြကလည္း ကိုယ္က်ိဳးစီးပြားအတြက္ တိုင္းသူျပည္သားေတြကို ဒုကၡေပးေနၾကတယ္”ဟု ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာန၊ ျပည္နယ္ထုတ္ကုန္လံုၿခံဳစိတ္ခ်မႈဆိုင္ရာ လုပ္ငန္းေကာ္မတီမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အာဖရိက ၀က္အျပင္းဖ်ားေရာဂါသည္ တရုတ္ႏိုင္ငံတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လကတည္းက စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး လက္ရိွတြင္ မြန္ဂိုးလီးယား၊ ဗီယက္နမ္ႏိုင္ငံမ်ားအထိ ပ်ံ႕ႏွံ႕ေနသျဖင့္ ဝက္သား၊  ေအးခဲ၀က္သား၊ ၀က္ေပါင္ေျခာက္၊ ၀က္အူေခ်ာင္းႏွင့္ အျခား၀က္သားျဖင့္ထုတ္လုပ္သည့္ပစၥည္းမ်ားကို ျမန္မာႏိုင္ငံတြင္းသို႔ နယ္စပ္၀င္ေပါက္၊ ေလဆိပ္၊ ေရဆိပ္မ်ားမွ တင္သြင္းျခင္းအား ယာယီပိတ္ပင္တားဆီးေၾကာင္း  ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၂) ရက္ရက္စြဲျဖင့္ စိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ သတိေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

နယ္စပ္ဝင္ေပါက္မ်ားရိွေနသည့္  မူဆယ္၊ တာခ်ီလိတ္၊ က်ိဳင္းတံုႏွင့္ မိုင္းလားေဒသမ်ားတြင္ တရားဝင္ တင္သြင္းျခင္းမရိွေသာ္လည္း တရားမဝင္ ဝင္ေရာက္မႈမ်ားကို စိစစ္ရန္ခက္ခဲသည္ဟု ဆိုသည္။

"အရင္က ထိုင္းႏိုင္ငံက ၀က္ေပါက္ေတြကို တရား၀င္တင္သြင္းတဲ့ကုမၸဏီေတြရိွပါတယ္။ တစ္ေခါက္ခ်င္းကို ဟိုဘက္ကထိုင္းေမြးကုဌာနရဲ႕ ASS ကင္းရွင္းေၾကာင္းေထာက္ခံခ်က္ရယူၿပီးမွ သြင္းခြင့္ျပဳခဲ့ပါတယ္။ ေလာေလာဆယ္ေတာ့ ေစ်းမကိုက္လို႔မသြင္းၾကေတာ့ဘူးဆိုတဲ့အေနအထားရိွပါတယ္။ တရားမ၀င္လမ္းေၾကာင္းေတြရိွမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ မသိဘူးေပါ့"ဟု တာခ်ီလိတ္ခရိုင္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာေနလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွအခ်ိန္တြင္ ၀က္မ်ား၌ ကူးစက္ျမန္ေရာဂါမ်ားျဖစ္ပြားေနခ်ိန္တြင္ ျပည္ပမွတင္သြင္းသည့္ ဝက္သားမ်ားႏွင့္ ဝက္သားျဖင့္ထုတ္လုပ္သည့္စားေသာက္ကုန္မ်ားအား ေရွာင္ရွားသင့္သည္ဟု ေဒါက္တာာေနလင္းက အႀကံျပဳသည္။

"တာခ်ီလိတ္က နယ္စပ္အေနနဲ႔ေျပာရရင္ ထိုင္းႏိုင္ငံနဲ႔ အဓိကထိစပ္ေနတဲ့အခါမွာ ထိုင္းႏိုင္ငံမွာေတာ့ ေရာက္ရိွျခင္းမရိွေသးဘူးေပါ့။ ကၽြန္ေတာ္တို႔ ဘာပဲေျပာေျပာအခ်ိန္မေရြးျဖစ္လာႏိုင္တဲ့အခါက်ေတာ့ တာခ်ီလိတ္ခရိုင္ ေမြးျမဴေရးနဲ႔ကုသေရးဦးစီးဌာနအေနနဲ႔ ႀကိဳတင္ကာကြယ္ေရးအေနနဲ႔ စီးပြားျဖစ္ ေမြးျမဴေရးၿခံေတြမွာ ဇီ၀လံုၿခံဳေရးလုပ္ငန္းစဥ္ေတြျမႇင့္တင္ဖို႔ ေဆာင္ရြက္ေနပါတယ္။ တစ္ပိုင္တစ္ႏိုင္ ေမြးျမဴေရးသမားေတြကိုလည္း အသိပညာေပးမႈေတြလုပ္ေနပါတယ္။ သံသယျဖစ္ဖြယ္ ၀က္ေသဆံုးမႈေတြရိွလာရင္ အုပ္ခ်ဳပ္ေရးဌာနကဆစ္ဆင့္ ကၽြန္ေတာ္တို႔ဆီကို အေၾကာင္းၾကားဖို႔ ေျပာထားပါတယ္”ဟု ေဒါက္တာေနလင္းက ဆိုသည္။

ရန္ကုန္၊ မႏၱေလးႏွင့္ ေနျပည္ေတာ္ရိွ ႏိုင္ငံတကာေလဆိပ္မ်ားတြင္လည္း ဝက္သားႏွင့္ ဝက္သားျဖင့္ထုတ္လုပ္ေသာပစၥည္းမ်ားကို တစ္ႏုိင္တစ္ပိုင္သယ္ေဆာင္ျခင္းကို လတ္တေလာတြင္ တားျမစ္ထားၿပီး သယ္ေဆာင္လာသည္မ်ားကို သိမ္းဆည္းေနေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် တရုတ်နိုင်ငံမှ ဝက်နှင့် ဝက်သားထွက်ပစ္စည်းများ ပိတ်ပင်ထားသော်လည်း နယ်စပ်များတွင် စိစစ်နိုင်မှုအားနည်း
**************
အိမ်နီးချင်း တရုတ်နိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားနေသည့်အတွက် ဝက်နှင့် ဝက်သားမှ ထုတ်လုပ်သည့်ပစ္စည်းများကို ပြည်တွင်းတင်သွင်းခွင့်ပိတ်ပင်ထားသော်လည်း ရှမ်းပြည်နယ်အတွင်း နယ်စပ်ဒေသများမှ တင်သွင်းမှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။

" နယ်စပ်တွေကနေ ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေ တင်သွင်းခွင့် လုံးဝပြုမထားဘူး။ ဒါပေမဲ့ ဝက်ခေါက်တွေလည်း သွင်းတယ်။ ဟော့ဒေါ့ချောင်းတွေ သွင်းနေကြတယ်။ အဲဒီဟာတွေက ပြည်ပနိုင်ငံက သေတဲ့ဝက်တွေကို ဒီဟာတွေလုပ်ပြီး ကျွန်တော်တို့ဆီကို ပို့တာမဟုတ်ဘူးလို့ ကျွန်တော်တို့ ဘယ်သူမှမပြောရဲဘူး။ လုပ်ငန်းရှင်တွေကလည်း ကိုယ်ကျိုးစီးပွားအတွက် တိုင်းသူပြည်သားတွေကို ဒုက္ခပေးနေကြတယ်”ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာဖရိက ဝက်အပြင်းဖျားရောဂါသည် တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မွန်ဂိုးလီးယား၊ ဗီယက်နမ်နိုင်ငံများအထိ ပျံ့နှံ့နေသဖြင့် ဝက်သား၊  အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်သားဖြင့်ထုတ်လုပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဝင်ပေါက်၊ လေဆိပ်၊ ရေဆိပ်များမှ တင်သွင်းခြင်းအား ယာယီပိတ်ပင်တားဆီးကြောင်း  ၂၀၁၉ ခုနှစ်၊ မတ်လ (၁၂) ရက်ရက်စွဲဖြင့် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သတိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ဝင်ပေါက်များရှိနေသည့်  မူဆယ်၊ တာချီလိတ်၊ ကျိုင်းတုံနှင့် မိုင်းလားဒေသများတွင် တရားဝင် တင်သွင်းခြင်းမရှိသော်လည်း တရားမဝင် ဝင်ရောက်မှုများကို စိစစ်ရန်ခက်ခဲသည်ဟု ဆိုသည်။

"အရင်က ထိုင်းနိုင်ငံက ဝက်ပေါက်တွေကို တရားဝင်တင်သွင်းတဲ့ကုမ္ပဏီတွေရှိပါတယ်။ တစ်ခေါက်ချင်းကို ဟိုဘက်ကထိုင်းမွေးကုဌာနရဲ့ ASS ကင်းရှင်းကြောင်းထောက်ခံချက်ရယူပြီးမှ သွင်းခွင့်ပြုခဲ့ပါတယ်။ လောလောဆယ်တော့ ဈေးမကိုက်လို့မသွင်းကြတော့ဘူးဆိုတဲ့အနေအထားရှိပါတယ်။ တရားမဝင်လမ်းကြောင်းတွေရှိမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ မသိဘူးပေါ့"ဟု တာချီလိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ဝက်များ၌ ကူးစက်မြန်ရောဂါများဖြစ်ပွားနေချိန်တွင် ပြည်ပမှတင်သွင်းသည့် ဝက်သားများနှင့် ဝက်သားဖြင့်ထုတ်လုပ်သည့်စားသောက်ကုန်များအား ရှောင်ရှားသင့်သည်ဟု ဒေါက်တာာနေလင်းက အကြံပြုသည်။

"တာချီလိတ်က နယ်စပ်အနေနဲ့ပြောရရင် ထိုင်းနိုင်ငံနဲ့ အဓိကထိစပ်နေတဲ့အခါမှာ ထိုင်းနိုင်ငံမှာတော့ ရောက်ရှိခြင်းမရှိသေးဘူးပေါ့။ ကျွန်တော်တို့ ဘာပဲပြောပြောအချိန်မရွေးဖြစ်လာနိုင်တဲ့အခါကျတော့ တာချီလိတ်ခရိုင် မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနအနေနဲ့ ကြိုတင်ကာကွယ်ရေးအနေနဲ့ စီးပွားဖြစ် မွေးမြူရေးခြံတွေမှာ ဇီဝလုံခြုံရေးလုပ်ငန်းစဉ်တွေမြှင့်တင်ဖို့ ဆောင်ရွက်နေပါတယ်။ တစ်ပိုင်တစ်နိုင် မွေးမြူရေးသမားတွေကိုလည်း အသိပညာပေးမှုတွေလုပ်နေပါတယ်။ သံသယဖြစ်ဖွယ် ဝက်သေဆုံးမှုတွေရှိလာရင် အုပ်ချုပ်ရေးဌာနကဆစ်ဆင့် ကျွန်တော်တို့ဆီကို အကြောင်းကြားဖို့ ပြောထားပါတယ်”ဟု ဒေါက်တာနေလင်းက ဆိုသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ နိုင်ငံတကာလေဆိပ်များတွင်လည်း ဝက်သားနှင့် ဝက်သားဖြင့်ထုတ်လုပ်သောပစ္စည်းများကို တစ်နိုင်တစ်ပိုင်သယ်ဆောင်ခြင်းကို လတ်တလောတွင် တားမြစ်ထားပြီး သယ်ဆောင်လာသည်များကို သိမ်းဆည်းနေကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net