မူးယစ်ဆေးဝါးကွင်းဆက်တရားခံများ ဖမ်းဆီးရရှိမှုကို ပြည်သူများသိရှိနိုင်မှု နည်းပါးရခြင်းမှာ သတင်းလုံခြုံရေးအရ အဓိကဖြစ်၍ သတင်းထုတ်ပြန်နိုင်မှုမရှိခြင်းသာ ဖြစ်ကြောင်း ဒုဝန်ကြီး လွှတ်တော်တွင် ရှင်းပြ

မူးယစ်ဆေးဝါးကွင်းဆက်တရားခံများ ဖမ်းဆီးရရှိမှုကို ပြည်သူများသိရှိနိုင်မှု နည်းပါးရခြင်းမှာ သတင်းလုံခြုံရေးအရ အဓိကဖြစ်၍ သတင်းထုတ်ပြန်နိုင်မှုမရှိခြင်းသာ ဖြစ်ကြောင်း ဒုဝန်ကြီး လွှတ်တော်တွင် ရှင်းပြ
မတျ 5, 2019
By Tachileik News Agency

မြန်မာနိုင်ငံတွင် (၃)နှစ်တာအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုပေါင်း (၃၁,၃၂၀)မှုနှင့် ဆက်စပ်သည့် လူဦးရေ (၄၅,၉၁၀)ဦးကို ဖမ်းဆီးအရေးယူထားပြီး  ကွင်းဆက်ဖေါ်ထုတ် ဖမ်းဆီးမှုများကို သတင်းထုတ်ပြန်နိုင်မှု မရှိ၍သာ လူထုသိရှိမှုနည်းနေခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် တင်ပြသည်။


“သတင်းမီဒီယာများတွင် မူးယစ်ဆေးဝါးကွင်းဆက်တရားခံများ ဖမ်းဆီးရမိမှု ဖေါ်ပြပါရှိမှုနည်းပါးခြင်းမှာ ကွင်းဆက်တရားခံများ ဖေါ်ထုတ်ဖမ်းဆီးရမိရေးအတွက်လုပ်ဆောင်ရာမှာ သတင်းအချက်အလက်လုံခြုံမှုမှာ အဓိက အရေးကြီးသဖြင့် အများပြည်သူသို့ ဖေါ်ထုတ်အသိပေးနိုင်ခြင်းမရှိတာဖြစ်ပါတယ်”ဟု ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လွှတ်တော်တွင် ဖြေကြားသည်။




၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မူးယစ်ဆေးဝါးများနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၂၀၁၆ တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံအတွင်း နယ်မြေအလိုက် ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုအပြင် ပမာဏများပြားသည့် အမှုများ၊ ဂိုဏ်းဖွဲ့ကျူးလွန်မှုများနှင့် နိုင်ငံဖြတ်ကျော်မူးယစ်မှုခင်းများကို ရဲတပ်ဖွဲ့ဌာနချုပ်က တိုက်ရိုက်ကိုင်တွယ်ကာ လိုအပ်ပါက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဒုဝန်ကြီးက ရှင်းလင်းသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအတွက် တရုတ်၊ အမေရိကန်၊ ထိုင်းနိုင်ငံနှင့် နိုင်ငံတကာရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်နေမှုများအပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကိုလည်း လက်ရှိတွင် တပ်ဖွဲ့ခွဲ(၃)ဖွဲ့၊ တပ်ဖွဲ့စု (၅၀)ဖြင့် လုပ်ငန်းဆောင်ရွက်နေရာမှ တပ်ဖွဲ့ခွဲ (၁၀)ဖွဲ့၊ တပ်ဖွဲ့စု (၆၅)ဖွဲ့အထိ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံတွင် (၃)နှစ်တာအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုပေါင်း (၃၁,၃၂၀)မှုနှင့် ဆက်စပ်သည့် လူဦးရေ (၄၅,၉၁၀)ဦးကို ဖမ်းဆီးအရေးယူထားပြီး ကွင်းဆက်ဖော်ထုတ် ဖမ်းဆီးမှုများကို သတင်းထုတ်ပြန်နိုင်မှု မရှိ၍သာ လူထုသိရှိမှုနည်းနခြေင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် တင်ပြသည်။

မူးယစ်တရားခံ၊ ကွင်းဆက်တရားခံကို ချက်ချင်းဖော်ထုတ်၍ ဖမ်းဆီးရေး၊ အဖွဲ့အချင်းချင်း ဆက်သွယ် ဖမ်းဆီးနိုင်ရေးကို မြန်မာတစ်နိုင်ငံလုံးသို့ တစ်ပြေးညီ ညွှန်ကြားချက် ထုတ်ပြန်ပေးနိုင်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ မတ်လ (၄)ရက်နေ့တွင် ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေက မေးမြန်းခဲ့ခြင်းဖြစ်သည်။

“သတင်းမီဒီယာများတွင် မူးယစ်ဆေးဝါးကွင်းဆက်တရားခံများ ဖမ်းဆီးရမိမှု ဖော်ပြပါရှိမှုနည်းပါးခြင်းမှာ ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက်လုပ်ဆောင်ရာမှာ သတင်းအချက်အလက်လုံခြုံမှုမှာ အဓိက အရေးကြီးသဖြင့် အများပြည်သူသို့ ဖော်ထုတ်အသိပေးနိုင်ခြင်းမရှိတာဖြစ်ပါတယ်”ဟု ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လွှတ်တော်တွင် ဖြကြေားသည်။

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများမှာ ၂၀၁၆ ခုနှစ်တွင် အမှုပေါင်း (၈,၈၀၀)မှ တရားခံပေါင်း (၁၃,၉၀၅)၊ ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း (၉,၅၄၄)မှ တရားခံပေါင်း (၁၄,ဝဝဝ)နှင့် ၂၀၁၈ ခုနှစ်တွင် အမှုပေါင်း (၁၂,၉၇၆)မှ တရားခံပေါင်း ( ၁၈,ဝဝ၅)ဦးကို ဖမ်းဆီးရမိထားကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းသည်။

ဥပဒေအရ မူးယစ်ဆေးဝါး ထုတ်လုပ်၊ရောင်းဝယ်၊ သုံးစွဲသူများအပြင်၎င်းလုပ်ဆောင်ချက်များအား ပံ့ပိုးသူများလည်း အရေးယူခြင်းဖြစ်ရာ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ငွေကြေးခဝါချမှုဖြင့် ဆက်လက်အရေးယူမှုမှာ (၃)နှစ်အတွင်း အမှုကြီးပေါင်း (၁၆)မှု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုများမှ နေအိမ်တိုက်ခန်းဂိုဒေါင် (၈၁)လုံး၊ မြေကွက် (၂၆)ကွက်၊ မော်တော်ယာဉ် (၅၂) စီး၊ စက်လှေ (၁၃)စီး၊ ရွှေအလေးချိန် (၂၁)ပိဿါ (၅၆)ကျပ်သား၊ ဘဏ်အပ်နှံငွေ (၄၃၀၀၈)သိန်း၊ ငွေသားသိမ်းဆည်းရမိမှုမှာ ကျပ်ငွေ (၅,၇၃၁) သိန်း၊ အမေရိကန်ဒေါ်လာ (၉,၂၉၀)၊ တရုတ်ယွမ် (၆၇,ဝ၁၄)၊ ထိုင်ဝမ်ဒေါ်လာ (၃၀၀)၊ ဟောင်ကောင်ဒေါ်လာ( ၅,ဝဝဝ)၊ ထိုင်းဘတ် (၂,ဝ၂၀)နှင့် ဖိလစ်ပိုင်ပီဆို (၆၅၀)တို့ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မူးယစ်ဆေးဝါးများနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၂၀၁၆ တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့အနဖြေင့် နိုင်ငံအတွင်း နယ်မြေအလိုက် ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုအပြင် ပမာဏများပြားသည့် အမှုများ၊ ဂိုဏ်းဖွဲ့ကျူးလွန်မှုများနှင့် နိုင်ငံဖြတ်ကျော်မူးယစ်မှုခင်းများကို ရဲတပ်ဖွဲ့ဌာနချုပ်က တိုက်ရိုက်ကိုင်တွယ်ကာ လိုအပ်ပါက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဒုဝန်ကြီးက ရှင်းလင်းသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအတွက် တရုတ်၊ အမေရိကန်၊ ထိုင်းနို်င်ငံနှင့် နိုင်ငံတကာရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်နေမှုများအပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကိုလည်း လက်ရှိတွင် တပ်ဖွဲ့ခွဲ(၃)ဖွဲ့၊ တပ်ဖွဲ့စု (၅၀)ဖြင့် လုပ်ငန်းဆောင်ရွက်နေရာမှ တပ်ဖွဲ့ခွဲ (၁၀)ဖွဲ့၊ တပ်ဖွဲ့စု (၆၅)ဖွဲ့အထိ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားရန် ပြင်ဆင်နပြေီဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net