ကယားပြည်နယ် ဘောလခဲမြို့အဝင်တွင် ယာဉ်အရှိန်မထိန်းနိုင်မှုကြောင့် ယာဉ်ပေါ်တွင် ပါလာသည့် သားအဖ (၃)ဦးအနက် ဖခင်ဖြစ်သူ သေဆုံး ကယားပြည်နယ် ဘောလခဲမြို့အဝင်တွင် ယာဉ်အရှိန်မထိန်းနိုင်မှုကြောင့် ယာဉ်ပေါ်တွင် ပါလာသည့် သားအဖ (၃)ဦးအနက် ဖခင်ဖြစ်သူ သေဆုံး

ကယားပြည်နယ် ဘောလခဲမြို့အဝင်တွင် ယာဉ်အရှိန်မထိန်းနိုင်မှုကြောင့် ယာဉ်ပေါ်တွင် ပါလာသည့် သားအဖ (၃)ဦးအနက် ဖခင်ဖြစ်သူ သေဆုံး ကယားပြည်နယ် ဘောလခဲမြို့အဝင်တွင် ယာဉ်အရှိန်မထိန်းနိုင်မှုကြောင့် ယာဉ်ပေါ်တွင် ပါလာသည့် သားအဖ (၃)ဦးအနက် ဖခင်ဖြစ်သူ သေဆုံး
မတ် 7, 2019
By Tachileik News Agency

ကယားပြည်နယ်၊ ဘောလခဲမြို့ လွိုင်ကော် - ဒီမောဆိုကားလမ်းအတိုင်း သားအဖ(၃)ဦးလိုက်ပါလျှက် (၆)ဘီးယာဉ်ဖြင့် အိမ်ဆောက်ပစ္စည်းသယ်လာစဉ် ဘောလခဲမြို့ဝင်တံတားဂုံးဆင်း၌ အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိ၍ ယာဉ်မောင်းဖြစ်သူ ဖခင်သေဆုံးသွားကာ သား(၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။




သတင်း - ဆန်းဖြိုးထွန်
ဓါတ်ပုံ - Iprd Bawlakhe


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ ဘောလခဲမြို့ လွိုင်ကော် - ဒီမောဆိုကားလမ်းအတိုင်း သားအဖ(၃)ဦးလို်က်ပါလျှက် (၆)ဘီးယာဉ်ဖြင့် အိမ်ဆောက်ပစ္စည်းသယ်လာစဉ် ဘောလခဲမြို့ဝင်တံတားဂုံးဆင်း၌ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိ၍ ယာဉ်မောင်းဖြစ်သူ ဖခင်သေဆုံးသွားကာ သား(၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ဘောလခဲမြို့အဝင် အမှတ် (၄၂၉)တပ်ရင်းဂိတ်အနီး လွိုင်ကော် - ဒီမောဆိုကားလမ်းအတိုင်း အိမ်ဆောက်ပစ္စည်းများတင်၍ မောင်းနှင်လာသည့် (၆)ဘီးယာဉ်တစ်စီးသည်၂၀၁၉ ခုနှစ်၊ မတ်လ (၇)ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်က ဘောလခဲမြို့အဝင် ဂုံးအဆင်း၌ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းယာဘက်ခြမ်းရှိ အုတ်ခုံအား ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ အသက် (၄၆)နှစ်အရွယ် ဦးဇော်လေးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်များအဖြစ် လိုက်ပါလာသည့် သား(၂)ဦးဖြစ်သည့် အသက် (၂၅)နှစ်အရွယ် နန်းဝေနှင့် အသက်(၂၂)နှစ်အရွယ် သန်းဝေတို့မှာ ဒဏ်ရာရသွားသဖြင့် ဘောလခဲပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ဘောလခဲမြို့မရဲစခန်းတွင် ယာဉ် (ပ)၃/၂၀၁၉၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်
ဓာတ်ပုံ - Iprd Bawlakhe  

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net