ဂ်ပန္ႏုိင္ငံတြင္ ကေလးငယ္မ်ားအား ကိုယ္ထိလက္ေရာက္ဆံုးမျခင္းကို ဥပေဒအရ တားျမစ္မည္

ဂ်ပန္ႏုိင္ငံတြင္ ကေလးငယ္မ်ားအား ကိုယ္ထိလက္ေရာက္ဆံုးမျခင္းကို ဥပေဒအရ တားျမစ္မည္
မတ် 4, 2019
By 🌸
ဂ်ပန္ႏုိင္ငံတြင္ ကေလးငယ္တစ္ဦးအား ဖခင္ျဖစ္သူက ရိုက္ႏွက္ဆံုးမရာမွ ေသဆံုးမႈျဖစ္ပြားခဲ့ၿပီးေနာက္ ကေလးငယ္မ်ားအား ကိုယ္ထိလက္ေရာက္ရုိက္ႏွက္ျခင္း၊ ဒဏ္ေပးဆံုးမျခင္းတို႔မွ အကာအကြယ္ေပးမည့္ ဥပေဒကိုျပဌာန္းႏုိင္ရန္ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ကေလးမ်ားကို မိဘမ်ား၊ အုပ္ထိန္းသူမ်ားအေနျဖင့္ ကိုယ္ထိလက္ေရာက္ ရိုက္ႏွက္၊ ဒဏ္ေပးဆံုးမပါက လူမႈေစာင့္ေရွာက္ေရးဌာနက ထိထိေရာက္ေရာက္ ကာကြယ္ေစာင့္ေရွာက္ႏုိင္ရန္ လုပ္ေဆာင္သြားမည့္အျပင္ မိဘမ်ားအျပင္ ကေလးသူငယ္ေစာင့္ေရွာက္သူမ်ား၊ အုပ္ထိန္းသူမ်ားအားလံုးအေနျဖင့္ ကေလးငယ္မ်ားအား ရိုက္ႏွက္ျခင္း၊ ညႇင္းပန္းျခင္း မျပဳလုပ္ရန္ ကာကြယ္ေပးထားမည့္ အဆိုပါဥပေဒကို ၂၀၁၉ ခုႏွစ္၊ မတ္လလယ္တြင္ အတည္ျပဳႏုိင္မည္ဟု ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။

ဂ်ပန္ႏုိင္ငံတြင္ ၂၀၁၈ ခုႏွစ္က အသက္ (၅)ႏွစ္အရြယ္သမီးငယ္အား ဖခင္ျဖစ္သူက ရိုက္ႏွက္ဆံုးမသျဖင့္ ေသဆံုးသြားရာ ဖခင္ျဖစ္သူကို ဖမ္းဆီးအေရးယူခဲ့ရသည့္အျပင္ (၁၀)ႏွစ္အရြယ္ မိန္းကေလးတစ္ဦးမွာလည္း ဖခင္ျဖစ္သူက နာရီေပါင္းမ်ားစြာ မတ္တပ္ရပ္ေစၿပီး အျပစ္ေပးခံခဲ့ရခ်ိန္တြင္ လူမႈေစာင့္ေရွာက္ေရးဌာနႏွင့္ ေက်ာင္းတို႔ကို အႀကိမ္ႀကိမ္ဖုန္းေခၚခဲ့ေသာ္လည္း အေရးတယူေဆာင္ရြက္ေပးမႈ ေႏွးေကြးလြန္းသည့္ျဖစ္ရပ္မ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယင္းအျဖစ္အပ်က္မ်ား ျဖစ္ပြားၿပီးေနာက္ ကေလးသူငယ္မ်ားအား ကိုယ္ထိလက္ေရာက္ ညႇင္းပန္းႏွိပ္စက္ အျပစ္ေပးျခင္း၊ ဒဏ္ေပးျခင္းအား ဥပေဒအရ ထိထိေရာက္ေရာက္ အကာကြယ္ေပးႏုိင္ရန္ အစိုးရက ႀကိဳးပမ္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

ဥပေဒအရ မည္သည့္အျပဳအမူမ်ားက ကေလးသူငယ္မ်ားအေပၚ ညႇင္းပန္းႏွိပ္စက္ျခင္းေျမာက္ေစေၾကာင္းကို ရွင္းလင္းစြာ ေဖၚျပထားမည္ျဖစ္ေၾကာင္း သိရသည္။

Source:Japantoday

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဂျပန်နိုင်ငံတွင် ကလေးငယ်များအား ကိုယ်ထိလက်ရောက်ဆုံးမခြင်းကို ဥပဒေအရ တားမြစ်မည်
*******
ဂျပန်နိုင်ငံတွင် ကလေးငယ်တစ်ဦးအား ဖခင်ဖြစ်သူက ရိုက်နှက်ဆုံးမရာမှ သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ကလေးငယ်များအား ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း၊ ဒဏ်ပေးဆုံးမခြင်းတို့မှ အကာအကွယ်ပေးမည့် ဥပဒေကိုပြဌာန်းနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ကလေးများကို မိဘများ၊ အုပ်ထိန်းသူများအနေဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်၊ ဒဏ်ပေးဆုံးမပါက လူမှုစောင့်ရှောက်ရေးဌာနက ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်ရန် လုပ်ဆောင်သွားမည့်အပြင် မိဘများအပြင် ကလေးသူငယ်စောင့်ရှောက်သူများ၊ အုပ်ထိန်းသူများအားလုံးအနေဖြင့် ကလေးငယ်များအား ရိုက်နှက်ခြင်း၊ ညှင်းပန်းခြင်း မပြုလုပ်ရန် ကာကွယ်ပေးထားမည့် အဆိုပါဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လလယ်တွင် အတည်ပြုနိုင်မည်ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မျှော်လင့်ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် ၂၀၁၈ ခုနှစ်က အသက် (၅)နှစ်အရွယ်သမီးငယ်အား ဖခင်ဖြစ်သူက ရိုက်နှက်ဆုံးမသဖြင့် သေဆုံးသွားရာ ဖခင်ဖြစ်သူကို ဖမ်းဆီးအရေးယူခဲ့ရသည့်အပြင် (၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦးမှာလည်း ဖခင်ဖြစ်သူက နာရီပေါင်းများစွာ မတ်တပ်ရပ်စေပြီး အပြစ်ပေးခံခဲ့ရချိန်တွင် လူမှုစောင့်ရှောက်ရေးဌာနနှင့် ကျောင်းတို့ကို အကြိမ်ကြိမ်ဖုန်းခေါ်ခဲ့သော်လည်း အရေးတယူဆောင်ရွက်ပေးမှု နှေးကွေးလွန်းသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ကလေးသူငယ်များအား ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက် အပြစ်ပေးခြင်း၊ ဒဏ်ပေးခြင်းအား ဥပဒေအရ ထိထိရောက်ရောက် အကာကွယ်ပေးနိုင်ရန် အစိုးရက ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေအရ မည်သည့်အပြုအမူများက ကလေးသူငယ်များအပေါ် ညှင်းပန်းနှိပ်စက်ခြင်းမြောက်စေကြောင်းကို ရှင်းလင်းစွာ ဖေါ်ပြထားမည်ဖြစ်ကြောင်း သိရသည်။

Source:Japantoday #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net