မိုင္းျဖတ္တြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပားမ်ားေတြ႔ရသျဖင့္ အသက္ ၆၉ ႏွစ္အရြယ္ ေနအိမ္ပိုင္ရွင္ကို ဖမ္းဆီးထား

မိုင္းျဖတ္တြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပားမ်ားေတြ႔ရသျဖင့္ အသက္ ၆၉ ႏွစ္အရြယ္ ေနအိမ္ပိုင္ရွင္ကို ဖမ္းဆီးထား
မတ် 16, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း မူးယစ္သတင္းရေနအိမ္အား ဝင္ေရာက္ရွာေဖြရာ  စိတ္ၾကြရူးသြပ္ေဆးျပား (၂၆၀)ျပားေတြ႔ရသျဖင့္ ေနအိမ္ပိုင္ရွင္ရွင္ အသက္(၆၉)ႏွစ္အရြယ္အမ်ိဳးသားကို ဖမ္းဆီးထားေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ နမ့္ေလာက္ေက်းရြာအုပ္စု၊ တာမေက်းရြာမွ မူးယစ္သတင္းရေနအိမ္အား မုိင္းျဖတ္ၿမိဳ႕မရဲတပ္ဖြဲ႕က သက္ေသမ်ားႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၆)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲဝန္းက်င္အခ်ိန္၌ ဝင္ေရာက္ရွာေဖြရာ အိမ္ရွင္ျဖစ္သူ အသက္ (၆၉)ႏွစ္အရြယ္ ဦးႏြဲ႕ကြမ္ကို ေတြ႔ရၿပီး ေနအိမ္အတြင္းမွ စိတ္ၾကြေဆးျပား (၂၆၀)ျပားကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ေတြ႔ရသည့္ ႏြဲ႔ကြမ္အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၃/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဖြတ်တွင် မူးယစ်သတင်းရနေအိမ်မှ  စိတ်ကြွဆေးပြားများတွေ့ရသဖြင့် အသက် ၆၉ နှစ်အရွယ် နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးထား
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း မူးယစ်သတင်းရနေအိမ်အား ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား (၂၆၀)ပြားတွေ့ရသဖြင့် နေအိမ်ပိုင်ရှင်ရှင် အသက်(၆၉)နှစ်အရွယ်အမျိုးသားကို ဖမ်းဆီးထားကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်ကျေးရွာအုပ်စု၊ တာမကျေးရွာမှ မူးယစ်သတင်းရနေအိမ်အား မိုင်းဖြတ်မြို့မရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်အချိန်၌ ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ အသက် (၆၉)နှစ်အရွယ် ဦးနွဲ့ကွမ်ကို တွေ့ရပြီး နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား (၂၆၀)ပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ တွေ့ရသည့် နွဲ့ကွမ်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ) ၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net