က်ိဳင္းတံုၿမိဳ႕တြင္ မူးယစ္သတင္းရေနအိမ္အား ဝင္ဖမ္းရာ ရဲဒုတပ္ၾကပ္အပါအဝင္ အမ်ိဳးသား (၃)ဦးကို စိတ္ၾကြေဆး၊ လက္နက္ခဲယမ္းမ်ားႏွင့္ ဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕တြင္ မူးယစ္သတင္းရေနအိမ္အား ဝင္ဖမ္းရာ ရဲဒုတပ္ၾကပ္အပါအဝင္ အမ်ိဳးသား (၃)ဦးကို စိတ္ၾကြေဆး၊ လက္နက္ခဲယမ္းမ်ားႏွင့္ ဖမ္းဆီးရမိ
မတ် 17, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္၊ ကတ္ဖေက်းရြာအုပ္စုမွ မူးယစ္သတင္းရေနအိမ္အား မူးယစ္တပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား၊ လက္နက္ခဲယမ္းတုိ႔ကို ရဲဒုတပ္ၾကပ္တစ္ဦးအပါအဝင္ အမ်ိဳးသား(၃)ဦးႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု - ၂၈ (က်ိဳင္းတံု)မွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕ႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၆)ရက္ေန႔ ညေန (၄)နာရီ မိနစ္(၄၀)အခ်ိန္တြင္ ကတ္ဖေက်းရြာအုပ္စု၊ ေတာင္ဆြန္ရြာရိွ လီယို၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ လီယို၊ ရဲဒုတပ္ၾကပ္ ေက်ာ္ဇာနည္ျမင့္ႏွင့္ အားထူတို႔အား ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေနအိမ္အတြင္း ဆက္လက္ရွာေဖြရာ လီယို၏အိပ္ယာေခါင္းရင္းမွ စိတ္ၾကြေဆးျပား (၁၃၅)ျပား၊ လီယို၏ အက်ၤ ီအိတ္အတြင္းမွ က်ပ္ေငြ (၁၂၅၀၀)က်ပ္၊ ရဲဒုတပ္ၾကပ္လြယ္ထားသည့္ အိတ္အတြင္းမွ GARDONEVT စာတမ္းပါ အီတလီႏုိင္ငံထုတ္ ပစၥတို(၁)လက္ႏွင့္ ၎က်ည္အိမ္(၁)ခု၊ (၉)မမ က်ည္ (၂)ေတာင့္၊ (၉)မမ လူကာက်ည္ (၁)ေတာင့္ႏွင့္ လုိင္စင္မဲ့ဆုိင္ကယ္တစ္စီးတို႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါး၊ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိသည့္ လီယို၊ ေက်ာ္ဇာနည္ျမင့္ႏွင့္ အားထူတို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၇၆/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)၊ ၂၀(က)၊ ၂၁/၂၂(ခ)အရ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့တွင် မူးယစ်သတင်းရနေအိမ်အား ဝင်ဖမ်းရာ ရဲဒုတပ်ကြပ်အပါအဝင် အမျိုးသား (၃)ဦးကို စိတ်ကြွဆေး၊ လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စုမှ မူးယစ်သတင်းရနေအိမ်အား မူးယစ်တပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား၊ လက်နက်ခဲယမ်းတို့ကို ရဲဒုတပ်ကြပ်တစ်ဦးအပါအဝင် အမျိုးသား(၃)ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု - ၂၈ (ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့်အဖွဲ့နှင့်အတူ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ ညနေ (၄)နာရီ မိနစ်(၄၀)အချိန်တွင် ကတ်ဖကျေးရွာအုပ်စု၊ တောင်ဆွန်ရွာရှိ လီယို၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ လီယို၊ ရဲဒုတပ်ကြပ် ကျော်ဇာနည်မြင့်နှင့် အားထူတို့အား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ လီယို၏အိပ်ယာခေါင်းရင်းမှ စိတ်ကြွဆေးပြား (၁၃၅)ပြား၊ လီယို၏ အင်္ကျ ီအိတ်အတွင်းမှ ကျပ်ငွေ (၁၂၅၀၀)ကျပ်၊ ရဲဒုတပ်ကြပ်လွယ်ထားသည့် အိတ်အတွင်းမှ GARDONEVT စာတမ်းပါ အီတလီနိုင်ငံထုတ် ပစ္စတို(၁)လက်နှင့် ၎င်းကျည်အိမ်(၁)ခု၊ (၉)မမ ကျည် (၂)တောင့်၊ (၉)မမ လူကာကျည် (၁)တောင့်နှင့် လိုင်စင်မဲ့ဆိုင်ကယ်တစ်စီးတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည့် လီယို၊ ကျော်ဇာနည်မြင့်နှင့် အားထူတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၇၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)၊ ၂၀(က)၊ ၂၁/၂၂(ခ)အရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net