ခ်င္းမုိင္တြင္ ေလထုညစ္ညမ္းမႈ ကမၻာတြင္အျမင့္ဆံုးျဖစ္လာေနၿပီး ျမန္မာႏွင့္ လာအိုအထိပါ ထိခုိက္ခံစားေနရ

ခ်င္းမုိင္တြင္ ေလထုညစ္ညမ္းမႈ ကမၻာတြင္အျမင့္ဆံုးျဖစ္လာေနၿပီး ျမန္မာႏွင့္ လာအိုအထိပါ ထိခုိက္ခံစားေနရ
မတ် 13, 2019
By 🌸
ထုိင္းႏုိင္ငံ ခ်င္းမုိင္ေဒသတြင္ စိုက္ပ်ိဳးရာသီ မီးရိႈ႕ရွင္းလင္းမႈမ်ားေၾကာင့္ မီးခိုးျမဴထူထပ္စြာဖံုးလႊမ္းလာရာ ကမၻာတြင္ ေလထုညစ္ညမ္းမႈ အျမင့္ဆံုးျဖစ္လာေနၿပီး မီးခိုးမ်ားမွာ အိမ္နီးခ်င္း ျမန္မာႏွင့္ လာအိုႏုိင္ငံမ်ားအထိပါ ပ်ံ႕ႏွံ႕ေနေၾကာင္း သိရသည္။

ခ်င္းမုိင္၏ေလထုအရည္အေသြးမွာ ဆိုးရြားစြာက်ဆင္းလာေနကာ က်န္းမာေရးထိခုိက္သည့္အဆင့္ထိ ေရာက္ရိွေနၿပီး ျမန္မာႏုိင္ငံ တာခ်ီလိတ္ႏွင့္ နယ္နမိတ္ခ်င္းထိစပ္ေနသည့္ ခ်င္းရိုင္း၊ မယ္ဆုိင္ေဒသ၏ ေလထုအရည္အေသြးက်ဆင္းမႈမွာ အဆိုးဆံုးျဖစ္ေနေၾကာင္း သိရသည္။

ေဒသတြင္း စိုက္ပ်ိဳးေရးအတြက္ ေတာင္ယာမီးရိႈ႕ျခင္းႏွင့္ စိုက္ခင္းမ်ားရွင္းလင္းရာတြင္ မီးရိႈ႕သည့္ဓေလ့အတြက္ အစိုးရ၏ပညာေပးအစီအစဥ္ေအာင္ျမင္ေနမႈကို မီးခိုးဖံုးလႊမ္းေနသည့္ေကာင္းကင္က သက္ေသျပေနသည္ဟု Seub Nakhasathien Foundation  ၏ ဒုဥကၠဌျဖစ္သူက မွတ္ခ်က္ျပဳလိုက္ၿပီး အစိုးရအေနျဖင့္ ေတာင္ယာမီးစတင္ရိႈ႕သည့္ ေတာင္သူမ်ားကို ဖမ္းဆီးျခင္း၊ မီးၿငိႇမ္းသတ္ျခင္းစသည့္ ထိေရာက္သည့္ လုပ္ေဆာင္မႈမ်ားျဖင့္ မီးခိုးဖံုးလႊမ္းမႈကို ေလွ်ာ့ခ်သင့္ၿပီဟု ေထာက္ျပေျပာဆိုလုိက္သည္။

ထုိင္းနုိင္ငံအတြင္း ေတာင္ယာႏွင့္စိုက္ပ်ိဳးေျမမ်ားတြင္ မီးရိႈ႕ျခင္းမ်ားေၾကာင့္ ယခုႏွစ္အတြင္း ၿမိဳ႕ေတာ္ ဘန္ေကာက္အပါအဝင္ ႏုိင္ငံအတြင္း မီးခုိးျမဴဖံုးလႊမ္းမႈပိုဆိုးလာရာ ေက်ာင္းမ်ားပိတ္ရျခင္း၊ ေလေၾကာင္းခရီးစဥ္ ေရႊ႕ဆုိင္းရျခင္းမ်ားပါ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ႏုိင္ငံတြင္းသာမက အိမ္နီးခ်င္းႏုိင္ငံမ်ားအထိပါ ခံစားေနရၿပီး မီးခိုးထူထပ္စြာဖံုးလႊမ္းမႈကို ထုိင္းအစိုးရအေနျဖင့္ ေရဖ်န္းျခင္းမွလြဲ၍ ထိေရာက္သည့္ေျဖရွင္းမႈ မလုပ္ေဆာင္ႏုိင္၍ ေဝဖန္မႈမ်ားထြက္ေပၚေနသည္ကို ေတြ႔ရသည္။

ထုိင္းႏုိင္ငံေျမာက္ပိုင္းေဒသတြင္ စိုက္ပ်ိဳးရာသီျဖစ္သည့္ ဇန္နဝါရီမွ ဧၿပီလအထိ ေတာင္သူမ်ားက စိုက္ခင္းမ်ားတြင္ မီးရိႈ႕မႈေၾကာင့္ မီးခိုးဖံုးလႊမ္းသည့္ဒဏ္ကို ဆယ္စုႏွစ္ႏွင့္ခ်ီ၍ ႀကံဳေတြ႕ခံစားေနရၿပီး ေတာမီးေလာင္ကၽြမ္းႏုိင္ေခ်ျမင့္တက္မႈႏွင့္ပါ ႀကံဳေနရျခင္းျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံအတြင္း အမ်ားအျပားရိွသည့္ ႀကံစိုက္ခင္းမ်ားကလည္း မီးရိႈ႕မႈအမ်ားအျပားလုပ္ေလ့ရိွရာ စိုက္ပ်ိဳးေရးဘဏ္ႏွင့္ ခ်ိတ္ဆက္ထားသည့္ ေတာင္သူအဖြဲ႕အစည္းမ်ားမွတစ္ဆင့္ ႀကံစိုက္ေတာင္သူမ်ား ႀကံရိတ္စက္အသံုးျပဳႏုိင္ရန္ အရစ္က်ေရာင္းခ်ေပးမည့္စနစ္ကို စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက အႀကံျပဳထားေၾကာင္းလည္း သိရသည္။

ထိုင္းႏုိင္ငံေျမာက္ပိုင္းေဒသတြင္ စိုက္ပ်ိဳးရာသီ၌ မီးခိုးျမဴဖံုးလႊမ္းမႈေလွ်ာ့ခ်ေရးအတြက္ ေဒသတြင္းလူထုအား ေတာင္ယာမီး၊ စိုက္ခင္းရွင္းလင္းျခင္းမ်ားတြင္ မီးရိႈ႕ျခင္းမ်ား မျပဳလုပ္ရန္ ပညာေပးအစီအစဥ္လုပ္ေလ့ရိွေသာ္လည္း မီးခိုးဖံုးလႊမ္းသည့္ျပႆနာကို ႏွစ္စဥ္ရင္ဆုိင္ေနရျခင္းျဖစ္သည္။

ထိုင္းႏုိင္ငံ၏ ေလထုအရည္အေသြးက်ဆင္းလာမႈက ပ်မ္းမွ် လူ႔သက္တမ္း (၄)ႏွစ္အထိ ေလ်ာ့က်သြားသည္ဟု ေလ့လာသူမ်ားကဆိုသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ချင်းမိုင်တွင် လေထုညစ်ညမ်းမှု ကမ္ဘာတွင်အမြင့်ဆုံးဖြစ်လာနေပြီး မြန်မာနှင့် လာအိုအထိပါ ထိခိုက်ခံစားနေရ
**************
ထိုင်းနိုင်ငံ ချင်းမိုင်ဒေသတွင် စိုက်ပျိုးရာသီ မီးရှို့ရှင်းလင်းမှုများကြောင့် မီးခိုးမြူထူထပ်စွာဖုံးလွှမ်းလာရာ ကမ္ဘာတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်လာနေပြီး မီးခိုးများမှာ အိမ်နီးချင်း မြန်မာနှင့် လာအိုနိုင်ငံများအထိပါ ပျံ့နှံ့နေကြောင်း သိရသည်။

ချင်းမိုင်၏လေထုအရည်အသွေးမှာ ဆိုးရွားစွာကျဆင်းလာနေကာ ကျန်းမာရေးထိခိုက်သည့်အဆင့်ထိ ရောက်ရှိနေပြီး မြန်မာနိုင်ငံ တာချီလိတ်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ချင်းရိုင်း၊ မယ်ဆိုင်ဒေသ၏ လေထုအရည်အသွေးကျဆင်းမှုမှာ အဆိုးဆုံးဖြစ်နေကြောင်း သိရသည်။

ဒေသတွင်း စိုက်ပျိုးရေးအတွက် တောင်ယာမီးရှို့ခြင်းနှင့် စိုက်ခင်းများရှင်းလင်းရာတွင် မီးရှို့သည့်ဓလေ့အတွက် အစိုးရ၏ပညာပေးအစီအစဉ်အောင်မြင်နေမှုကို မီးခိုးဖုံးလွှမ်းနေသည့်ကောင်းကင်က သက်သေပြနေသည်ဟု Seub Nakhasathien Foundation  ၏ ဒုဥက္ကဌဖြစ်သူက မှတ်ချက်ပြုလိုက်ပြီး အစိုးရအနေဖြင့် တောင်ယာမီးစတင်ရှို့သည့် တောင်သူများကို ဖမ်းဆီးခြင်း၊ မီးငြှိမ်းသတ်ခြင်းစသည့် ထိရောက်သည့် လုပ်ဆောင်မှုများဖြင့် မီးခိုးဖုံးလွှမ်းမှုကို လျှော့ချသင့်ပြီဟု ထောက်ပြပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံအတွင်း တောင်ယာနှင့်စိုက်ပျိုးမြေများတွင် မီးရှို့ခြင်းများကြောင့် ယခုနှစ်အတွင်း မြို့တော် ဘန်ကောက်အပါအဝင် နိုင်ငံအတွင်း မီးခိုးမြူဖုံးလွှမ်းမှုပိုဆိုးလာရာ ကျောင်းများပိတ်ရခြင်း၊ လေကြောင်းခရီးစဉ် ရွှေ့ဆိုင်းရခြင်းများပါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင်းသာမက အိမ်နီးချင်းနိုင်ငံများအထိပါ ခံစားနေရပြီး မီးခိုးထူထပ်စွာဖုံးလွှမ်းမှုကို ထိုင်းအစိုးရအနေဖြင့် ရေဖျန်းခြင်းမှလွဲ၍ ထိရောက်သည့်ဖြေရှင်းမှု မလုပ်ဆောင်နိုင်၍ ဝေဖန်မှုများထွက်ပေါ်နေသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် စိုက်ပျိုးရာသီဖြစ်သည့် ဇန်နဝါရီမှ ဧပြီလအထိ တောင်သူများက စိုက်ခင်းများတွင် မီးရှို့မှုကြောင့် မီးခိုးဖုံးလွှမ်းသည့်ဒဏ်ကို ဆယ်စုနှစ်နှင့်ချီ၍ ကြုံတွေ့ခံစားနေရပြီး တောမီးလောင်ကျွမ်းနိုင်ချေမြင့်တက်မှုနှင့်ပါ ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း အများအပြားရှိသည့် ကြံစိုက်ခင်းများကလည်း မီးရှို့မှုအများအပြားလုပ်လေ့ရှိရာ စိုက်ပျိုးရေးဘဏ်နှင့် ချိတ်ဆက်ထားသည့် တောင်သူအဖွဲ့အစည်းများမှတစ်ဆင့် ကြံစိုက်တောင်သူများ ကြံရိတ်စက်အသုံးပြုနိုင်ရန် အရစ်ကျရောင်းချပေးမည့်စနစ်ကို စိုက်ပျိုးရေးဝန်ကြီးဌာနက အကြံပြုထားကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် စိုက်ပျိုးရာသီ၌ မီးခိုးမြူဖုံးလွှမ်းမှုလျှော့ချရေးအတွက် ဒေသတွင်းလူထုအား တောင်ယာမီး၊ စိုက်ခင်းရှင်းလင်းခြင်းများတွင် မီးရှို့ခြင်းများ မပြုလုပ်ရန် ပညာပေးအစီအစဉ်လုပ်လေ့ရှိသော်လည်း မီးခိုးဖုံးလွှမ်းသည့်ပြဿနာကို နှစ်စဉ်ရင်ဆိုင်နေရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ လေထုအရည်အသွေးကျဆင်းလာမှုက ပျမ်းမျှ လူ့သက်တမ်း (၄)နှစ်အထိ လျော့ကျသွားသည်ဟု လေ့လာသူများကဆိုသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net