၁၅၇ ဦးေသဆံုးရသည့္ အီသီယိုးပီးယားေလေၾကာင္းလုိင္းမွ ခရီးသည္ႏွစ္ဦး အသက္ေဘးမွ လြတ္ေျမာက္

၁၅၇ ဦးေသဆံုးရသည့္ အီသီယိုးပီးယားေလေၾကာင္းလုိင္းမွ ခရီးသည္ႏွစ္ဦး အသက္ေဘးမွ လြတ္ေျမာက္
မတ် 12, 2019
By 🌸
လုိက္ပါသြားသူ (၁၅၇)ဦးေသဆံုးခဲ့ရသည့္ အီသီယိုပီးယားေလေၾကာင္းလုိင္းခရီးစဥ္မွ ႏွစ္မိနစ္ခန္႔ေနာက္က်၍ က်န္ခဲ့သည့္ခရီးသည္တစ္ဦးႏွင့္ ေနာက္ဆံုးမိနစ္တြင္ ေစ်းပိုသက္သာသည့္ အျခားေလေၾကာင္းလုိင္းသို႔ ေျပာင္းလဲလုိက္သူ (၂)ဦးမွာ အသက္ေဘးမွ လြတ္ေျမာက္ခဲ့ၾကေၾကာင္း သိရသည္။

အီသီယိုးပီးယားႏုိင္ငံပိုင္ေလေၾကာင္းလုိင္းပိုင္ ဘိုးရင္း 737 – 800 MAX ေလယာဥ္မွာ ၂၀၁၉ ခုႏွစ္ မတ္လ (၁၀)ရက္ေန႔တြင္ ၿမိဳ႕ေတာ္ အာဒစ္အဘာဘာမွ ကင္ညာႏုိင္ငံ၊ ႏုိင္ရိုဘီၿမိဳ႕သို႔ ပ်ံသန္းရန္ ေလဆိပ္မွ တက္သြားၿပီးေနာက္ (၆)မိနစ္အတြင္း ပ်က္က်သြားရာ ေလယာဥ္တြင္လုိက္ပါသြားသည့္ ခရီးသည္ (၁၄၉) ဦးႏွင့္ ေလယာဥ္၀န္ထမ္း (၈) ဦးတုိ႔ ေသဆံုးသြားခဲ့ျခင္းျဖစ္သည္။

အာဒစ္အဘာဘာမွ ႏုိင္ရိုဘီသို႔ပ်ံသန္းမည့္ ခရီးစဥ္အတြက္ အီသီယိုပီးယားေလေၾကာင္းလုိင္းတြင္ လက္မွတ္ျဖတ္ထားသည့္ ျပင္သစ္ႏုိင္ငံသားက ေဒၚလာ (၉၀)သက္သာသည့္ အျခားေလေၾကာင္းလုိင္းသို႔ ေျပာင္းလဲစီးနင္းရန္ ေနာက္ဆံုးမိနစ္တြင္ ဆံုးျဖတ္လုိက္ျခင္းျဖစ္ၿပီး ဂရိႏုိင္ငံသား အန္တိုနစ္မာရိုေပါေလာ့စ္သည္ အဆိုပါခရီးစဥ္တြင္ စီးနင္းလုိက္ပါမည့္ (၁၅၀)ဦးေျမာက္ ခရီးသည္တစ္ဦးျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ့္ကို ဂိတ္အခ်ိန္မီေရာက္ေအာင္ ဘယ္သူမွ မကူညီခဲ့လို႔ ရူးခဲ့ရတာေပါ့ဗ်ာ”ဟု ေလယာဥ္ထြက္ခြာခ်ိန္ မိနစ္အနည္းငယ္ေနာက္က်၍ က်န္ခဲ့သည့္ခရီးသည္ျဖစ္သူ မာရိုေပါေလာ့စ္က အဆုိပါခရီးစဥ္၏ ေလယာဥ္လက္မွတ္ဓါတ္ပံုကို facebook တြင္ တင္လုိက္ၿပီး ကံေကာင္းတဲ့ေန႔ပါဟု ေရးသားခဲ့ျခင္းျဖစ္သည္။

အက်ိဳးအျမတ္မယူသည့္အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ International Solid Waste Association ၏ ဥကၠဌျဖစ္သူ မာရိုေပါေလာ့စ္က ကုလသမဂၢ သဘာဝပတ္ဝန္းက်င္အစီအစဥ္တစ္ခုသို႔ တက္ေရာက္ရန္ ႏုိင္ရိုဘီသို႔ သြားေရာက္ရမည္ျဖစ္ၿပီး ပ်က္က်သြားသည့္ေလယာဥ္တြင္ ကုလသမဂၢအဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းေပါင္း (၁၉)ဦးပါဝင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မာရိုေပါေလာ့စ္က  ေလဆိပ္ထြက္ခြာေကာင္တာသို႔ေရာက္ခ်ိန္တြင္ ေနာက္ဆံုးခရီးသည္ေခၚေနၿပီျဖစ္သျဖင့္ ခရီးစဥ္တြင္ လုိက္ပါႏုိင္ရန္  ႀကိဳးစားခဲ့ေသာ္လည္း လိုက္ပါခြင့္မရခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံေပါင္း (၃၀)ေက်ာ္မွ ခရီးသည္မ်ားႏွင့္ ေလယာဥ္အမႈထမ္းအားလံုး ေသဆံုးသြားခဲ့ရသည့္ အဆိုပါေလယာဥ္ပ်က္က်မႈေၾကာင့္ ေလဆိပ္တြင္က်န္ခဲ့သည့္ခရီးသည္ မာရိုေပါေလာ့စ္အား ေလဆိပ္ရဲတပ္ဖြဲ႕က ေမးျမန္းမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း Daily Mail သတင္းတြင္ ေဖၚျပထားသည္။

လက္ရိွတြင္ ေလယာဥ္၏ Black Box ကိုရွာေဖြေတြ႔ရိွထားၿပီး ပ်က္က်ရသည့္အေၾကာင္းရင္းကို မသိရေသးေသာ္လည္း မ်က္ျမင္ေတြ႔ခဲ့သူ ဒါဇင္ဝက္ခန္႔က ေလယာဥ္သည္ အသံက်ယ္ေလာင္စြာျဖင့္ ထိုးဆင္းလာၿပီး မီးခိုးမ်ားထြက္ေနသည္ကိုလည္း ေတြ႔ရေၾကာင္း ေျပာၾကားၾကသည္ဟု သိရသည္။

“ဒီေလာက္က်ယ္ေလာင္တဲ့အသံ မၾကားဖူးပါဘူး။ ေလယာဥ္ပ်က္က်သြားၿပီး မီးခိုးျဖဴေတြတက္လာရာကေန ခ်က္ခ်င္းပဲ မီးခိုးမည္းေတြလိပ္တက္လာတယ္”ဟု ေလယာဥ္ပ်က္က်ရာဝန္းက်င္ရိွ လယ္သမားတစ္ဦးက ေျပာၾကားေၾကာင္း NDTV သတင္းဌာနတြင္ ေဖၚျပထားသည္။

အဆိုပါေလယာဥ္မွ ေလယာဥ္မွဴးမွာ ပ်ံသန္းခ်ိန္နာရီေပါင္း (၈၀၀၀)ရိွေသာ္လည္း တြဲဖက္ေလယာဥ္မွဴးမွာ နာရီေပါင္း (၂၀၀)သာရိွေၾကာင္းသိရၿပီး ေလယာဥ္တက္သြားၿပီးမိနစ္ပိုင္းတြင္ ျပႆနာရိွေနသျဖင့္ ေလဆိပ္သို႔ျပန္လည္ဆင္းသက္ခြင့္ျပဳရန္ ေနာက္ဆံုးဆက္သြယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Daily Mail, NDTV

~~~~~~~~⊰❂ Unicode Version ~~~~~~~~
၁၅၇ ဦးသေဆုံးရသည့် အီသီယိုးပီးယားလေကြောင်းလိုင်းမှ ခရီးသည်နှစ်ဦး အသက်ဘေးမှ လွတ်မြောက်
**************
လိုက်ပါသွားသူ (၁၅၇)ဦးသေဆုံးခဲ့ရသည့် အီသီယိုပီးယားလေကြောင်းလိုင်းခရီးစဉ်မှ နှစ်မိနစ်ခန့်နောက်ကျ၍ ကျန်ခဲ့သည့်ခရီးသည်တစ်ဦးနှင့် နောက်ဆုံးမိနစ်တွင် ဈေးပိုသက်သာသည့် အခြားလေကြောင်းလိုင်းသို့ ပြောင်းလဲလိုက်သူ (၂)ဦးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။

အီသီယိုးပီးယားနိုင်ငံပိုင်လေကြောင်းလိုင်းပိုင် ဘိုးရင်း 737 – 800 MAX လေယာဉ်မှာ ၂၀၁၉ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် မြို့တော် အာဒစ်အဘာဘာမှ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့သို့ ပျံသန်းရန် လေဆိပ်မှ တက်သွားပြီးနောက် (၆)မိနစ်အတွင်း ပျက်ကျသွားရာ လေယာဉ်တွင်လိုက်ပါသွားသည့် ခရီးသည် (၁၄၉) ဦးနှင့် လေယာဉ်ဝန်ထမ်း (၈) ဦးတို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အာဒစ်အဘာဘာမှ နိုင်ရိုဘီသို့ပျံသန်းမည့် ခရီးစဉ်အတွက် အီသီယိုပီးယားလေကြောင်းလိုင်းတွင် လက်မှတ်ဖြတ်ထားသည့် ပြင်သစ်နိုင်ငံသားက ဒေါ်လာ (၉၀)သက်သာသည့် အခြားလေကြောင်းလိုင်းသို့ ပြောင်းလဲစီးနင်းရန် နောက်ဆုံးမိနစ်တွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဂရိနိုင်ငံသား အန်တိုနစ်မာရိုပေါလော့စ်သည် အဆိုပါခရီးစဉ်တွင် စီးနင်းလိုက်ပါမည့် (၁၅၀)ဦးမြောက် ခရီးသည်တစ်ဦးဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ကို ဂိတ်အချိန်မီရောက်အောင် ဘယ်သူမှ မကူညီခဲ့လို့ ရူးခဲ့ရတာပေါ့ဗျာ”ဟု လေယာဉ်ထွက်ခွာချိန် မိနစ်အနည်းငယ်နောက်ကျ၍ ကျန်ခဲ့သည့်ခရီးသည်ဖြစ်သူ မာရိုပေါလော့စ်က အဆိုပါခရီးစဉ်၏ လေယာဉ်လက်မှတ်ဓါတ်ပုံကို facebook တွင် တင်လိုက်ပြီး ကံကောင်းတဲ့နေ့ပါဟု ရေးသားခဲ့ခြင်းဖြစ်သည်။

အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့် International Solid Waste Association ၏ ဥက္ကဌဖြစ်သူ မာရိုပေါလော့စ်က ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်တစ်ခုသို့ တက်ရောက်ရန် နိုင်ရိုဘီသို့ သွားရောက်ရမည်ဖြစ်ပြီး ပျက်ကျသွားသည့်လေယာဉ်တွင် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဝန်ထမ်းပေါင်း (၁၉)ဦးပါဝင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မာရိုပေါလော့စ်က  လေဆိပ်ထွက်ခွာကောင်တာသို့ရောက်ချိန်တွင် နောက်ဆုံးခရီးသည်ခေါ်နေပြီဖြစ်သဖြင့် ခရီးစဉ်တွင် လိုက်ပါနိုင်ရန်  ကြိုးစားခဲ့သော်လည်း လိုက်ပါခွင့်မရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံပေါင်း (၃၀)ကျော်မှ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းအားလုံး သေဆုံးသွားခဲ့ရသည့် အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် လေဆိပ်တွင်ကျန်ခဲ့သည့်ခရီးသည် မာရိုပေါလော့စ်အား လေဆိပ်ရဲတပ်ဖွဲ့က မေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း Daily Mail သတင်းတွင် ဖေါ်ပြထားသည်။

လက်ရှိတွင် လေယာဉ်၏ Black Box ကိုရှာဖွေတွေ့ရှိထားပြီး ပျက်ကျရသည့်အကြောင်းရင်းကို မသိရသေးသော်လည်း မျက်မြင်တွေ့ခဲ့သူ ဒါဇင်ဝက်ခန့်က လေယာဉ်သည် အသံကျယ်လောင်စွာဖြင့် ထိုးဆင်းလာပြီး မီးခိုးများထွက်နေသည်ကိုလည်း တွေ့ရကြောင်း ပြောကြားကြသည်ဟု သိရသည်။

“ဒီလောက်ကျယ်လောင်တဲ့အသံ မကြားဖူးပါဘူး။ လေယာဉ်ပျက်ကျသွားပြီး မီးခိုးဖြူတွေတက်လာရာကနေ ချက်ချင်းပဲ မီးခိုးမည်းတွေလိပ်တက်လာတယ်”ဟု လေယာဉ်ပျက်ကျရာဝန်းကျင်ရှိ လယ်သမားတစ်ဦးက ပြောကြားကြောင်း NDTV သတင်းဌာနတွင် ဖေါ်ပြထားသည်။

အဆိုပါလေယာဉ်မှ လေယာဉ်မှူးမှာ ပျံသန်းချိန်နာရီပေါင်း (၈၀၀၀)ရှိသော်လည်း တွဲဖက်လေယာဉ်မှူးမှာ နာရီပေါင်း (၂၀၀)သာရှိကြောင်းသိရပြီး လေယာဉ်တက်သွားပြီးမိနစ်ပိုင်းတွင် ပြဿနာရှိနေသဖြင့် လေဆိပ်သို့ပြန်လည်ဆင်းသက်ခွင့်ပြုရန် နောက်ဆုံးဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Daily Mail, NDTV

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net