တာခ်ီလိတ္ၿမိဳ႕ ဇြဲသာယာကမ္းေျခတြင္ သႀကၤန္ကာလအတြင္း ေစ်းဆုိင္ခန္းမ်ားဖြင့္ခြင့္ မရိွေသာ္လည္း လည္ပတ္သူမ်ားကို တားျမစ္ထားျခင္းမရိွ၍ လည္ပတ္ႏိုင္ဟုဆို

တာခ်ီလိတ္ၿမိဳ႕ ဇြဲသာယာကမ္းေျခတြင္ သႀကၤန္ကာလအတြင္း ေစ်းဆုိင္ခန္းမ်ားဖြင့္ခြင့္ မရိွေသာ္လည္း လည္ပတ္သူမ်ားကို တားျမစ္ထားျခင္းမရိွ၍ လည္ပတ္ႏိုင္ဟုဆို
မတ် 8, 2019
By Tachileik News Agency
 ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုတြင္းရိွ ႏွစ္ႏုိင္ငံနယ္စပ္ မယ္ေခါင္ျမစ္ကမ္းေဘး ဇြဲသာယာကမ္းေျခတြင္ သႀကၤန္ကာလအတြင္း ဆုိင္ခန္းမ်ား ဖြင့္လွစ္ခြင့္ျပဳမည္ မဟုတ္ေၾကာင္း ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီက အသိေပးထားေသာ္လည္း လည္ပတ္သူမ်ားအား တားျမစ္ထားျခင္း မရိွေၾကာင္း သိရသည္။

အဆိုပါ ကမ္းေျခေနရာမွာ ျမစ္ေရၾကည္လင္ၿပီး သာယာသျဖင့္ ေဒသတြင္းမွ လာေရာက္လည္ပတ္သူမ်ားျပားရာ ၂၀၁၈ ခုႏွစ္ သႀကၤန္ကာလက အဆုိပါကမ္းေျခတြင္ ဆုိင္ခန္းမ်ားလာေရာက္ဖြင့္လွစ္ၾကရာ ခရိုင္စီမံခန္႔ခြဲမႈကာ္မတီက ျပန္လည္ဖ်က္သိမ္းခို္င္းခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္တြင္လည္း ဖြင့္လွစ္ခြင့္မျပဳေၾကာင္းကို အသိေပးထားေၾကာင္း သိရသည္။

“ဒီရက္ပိုင္းမွာလဲ ခရိုင္က အသိေပးသြားပါတယ္။ ဆိုင္ခန္းေတြ ဖြင့္ခြင့္ မေပးဘူးဆိုတာ။ အခုလည္း ဖြင့္ထားတာေတြ မရိွပါဘူး။ ဒီေနရာက သႀကၤန္ကာလမွာလည္း လည္တဲ့သူမ်ားတယ္။ အခုလိုအခ်ိန္မွာလည္း လာလည္တဲ့သူမ်ားေတာ့ ဆုိင္ခန္းဖြင့္ခ်င္ၾကေတာ့ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြဆီ တင္ျပၿပီး ႀကိဳးစားၾကပါတယ္။ ဒါေပမဲ့ ခြင့္မျပဳဘူးဆိုေတာ့ မဖြင့္ၾကဘူးေပါ့။ လာလည္ပတ္တာကိုေတာ့ တားျမစ္မထားပါဘူး။ အခုလည္း လာၾက လည္ၾကပတ္ၾက ပါတယ္”ဟု ဇြဲသာယာကမ္းေျခ လုပ္ေဆာင္သည့္ ဦးဇြဲက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ အဆိုပ ါေနရာမွာ လယ္ယာေျမ အမ်ိဳးအစားျဖစ္ေနသည့္အျပင္ လာအိုႏိုင္ငံႏွင့္ ႏွစ္ႏုိင္ငံ နယ္နိမိတ္ျဖစ္သည့္ မဲေခါင္ျမစ္ေဘးတြင္ ျဖစ္ေနသျဖင့္ ဥပေဒႏွင့္အညီ ခြင့္ျပဳခ်က္တင္ျပရန္ လိုအပ္သည္ဟု သက္ဆိုင္ရာတာဝန္ရိွသူမ်ားက ဆိုထားသျဖင့္ အျခားေျမအမ်ိဳးအစားအျဖစ္ ေျပာင္းလဲခြင့္ျပဳရန္ ဇြဲသာယာကမ္းေျခေဖၚေဆာင္သည့္ ဦးဇြဲက သက္ဆုိင္ရာဌာနအသီးသီးကို တင္ျပထားေၾကာင္း သိရသည္။

“ဒီေနရာကို ကမ္းေျခေလးကို လုပ္ျဖစ္တာကလည္း သာသာယာယာနဲ႔ လာေရာက္လည္ပတ္စရာေနရာလည္းျဖစ္ေအာင္ ကိုယ့္ႏုိင္ငံဘက္က ေျမလည္းထိန္းၿပီးသားျဖစ္ေအာင္ ကၽြန္ေတာ္က လုပ္တာပါ။ ေျမေတြဖို႔တာ ျပဳျပင္တာအားလံုး ကၽြန္ေတာ့္ဘာသာလုပ္တယ္။ အျခားေျမအသံုးျပဳခြင့္တင္ပါဆိုေတာ့ တင္တယ္။ ခရို္င္အဆင့္ကေန ဆက္မတက္ေတာ့ဘူး။ ကၽြန္ေတာ္လည္း ထပ္မတင္ေတာ့ပါဘူး။ မလုပ္နဲ႔ဆို မလုပ္ဘဲထားလုိက္ပါတယ္။ ကမ္းေျခမလုပ္နဲ႔ဆိုေတာ့လည္း ဒီေျမဖို႔ရွင္းလင္းထားတဲ့ေနရာမွာ လာအပန္းေျဖသူေတြ နားလုိ႔ရေအာင္ သစ္ပင္ေလးေတြ စိုက္ေပးတယ္။ လွလွပပေလးျဖစ္ေအာင္ လုပ္ေပးထားတယ္။ ဒါပါပဲ”ဟု ဦးဇြဲက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕အပါအဝင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ သႀကၤန္ကာလအတြင္း ေရေခ်ာင္းမ်ားတြင္ ေရကစားရန္သြားေရာက္လည္ပတ္သူမ်ားျပားတတ္သျဖင့္ ေစ်းဆုိင္ခန္းမ်ားဖြင့္လွစ္ေရာင္းခ်ေလ့ရိွျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင်းရှိ နှစ်နိုင်ငံနယ်စပ် မယ်ခေါင်မြစ်ကမ်းဘေး ဇွဲသာယာကမ်းခြေတွင် သင်္ကြန်ကာလအတွင်း ဆိုင်ခန်းများ ဖွင့်လှစ်ခွင့်ပြုမည် မဟုတ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီက အသိပေးထားသော်လည်း လည်ပတ်သူများအား တားမြစ်ထားခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ကမ်းခြေနေရာမှာ မြစ်ရကြေည်လင်ပြီး သာယာသဖြင့် ဒေသတွင်းမှ လာရောက်လည်ပတ်သူများပြားရာ ၂၀၁၈ ခုနှစ် သင်္ကြန်ကာလက အဆိုပါကမ်းခြေတွင် ဆိုင်ခန်းများလာရောက်ဖွင့်လှစ်ကြရာ ခရိုင်စီမံခန့်ခွဲမှုကာ်မတီက ပြန်လည်ဖျက်သိမ်းခို်င်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း ဖွင့်လှစ်ခွင့်မပြုကြောင်းကို အသိပေးထားကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာလဲ ခရိုင်က အသိပေးသွားပါတယ်။ ဆိုင်ခန်းတွေ ဖွင့်ခွင့် မပေးဘူးဆိုတာ။ အခုလည်း ဖွင့်ထားတာတွေ မရှိပါဘူး။ ဒီနေရာက သင်္ကြန်ကာလမှာလည်း လည်တဲ့သူများတယ်။ အခုလိုအချိန်မှာလည်း လာလည်တဲ့သူများတော့ ဆိုင်ခန်းဖွင့်ချင်ကြတော့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေဆီ တင်ပြပြီး ကြိုးစားကြပါတယ်။ ဒါပေမဲ့ ခွင့်မပြုဘူးဆိုတော့ မဖွင့်ကြဘူးပေါ့။ လာလည်ပတ်တာကိုတော့ တားမြစ်မထားပါဘူး။ အခုလည်း လာကြ လည်ကြပတ်ကြ ပါတယ်”ဟု ဇွဲသာယာကမ်းခြေ လုပ်ဆောင်သည့် ဦးဇွဲက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် အဆိုပါနေရာမှာ လယ်ယာမြေ အမျိုးအစားဖြစ်နေသည့်အပြင် လာအိုနိုင်ငံနှင့် နှစ်နိုင်ငံ နယ်နိမိတ်ဖြစ်သည့် မဲခေါင်မြစ်ဘေးတွင် ဖြစ်နေသဖြင့် ဥပဒေနှင့်အညီ ခွင့်ပြုချက်တင်ပြရန် လိုအပ်သည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ဆိုထားသဖြင့် အခြားမြေအမျိုးအစားအဖြစ် ပြောင်းလဲခွင့်ပြုရန် ဇွဲသာယာကမ်းခြေဖော်ဆောင်သည့် ဦးဇွဲက သက်ဆိုင်ရာဌာနအသီးသီးကို တင်ပြထားကြောင်း သိရသည်။

“ဒီနေရာကို ကမ်းခြေလေးကို လုပ်ဖြစ်တာကလည်း သာသာယာယာနဲ့ လာရောက်လည်ပတ်စရာနေရာလည်းဖြစ်အောင် ကိုယ့်နိုင်ငံဘက်က မြေလည်းထိန်းပြီးသားဖြစ်အောင် ကျွန်တော်က လုပ်တာပါ။ မြေတွေဖို့တာ ပြုပြင်တာအားလုံး ကျွန်တော့်ဘာသာလုပ်တယ်။ အခြားမြေအသုံးပြုခွင့်တင်ပါဆိုတော့ တင်တယ်။ ခရို်င်အဆင့်ကနေ ဆက်မတက်တော့ဘူး။ ကျွန်တော်လည်း ထပ်မတင်တော့ပါဘူး။ မလုပ်နဲ့ဆို မလုပ်ဘဲထားလိုက်ပါတယ်။ ကမ်းခြေမလုပ်နဲ့ဆိုတော့လည်း ဒီမြေဖို့ရှင်းလင်းထားတဲ့နေရာမှာ လာအပန်းဖြေသူတွေ နားလို့ရအောင် သစ်ပင်လေးတွေ စိုက်ပေးတယ်။ လှလှပပလေးဖြစ်အောင် လုပ်ပေးထားတယ်။ ဒါပါပဲ”ဟု ဦးဇွဲက ပြောသည်။

တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် သင်္ကြန်ကာလအတွင်း ရေချောင်းများတွင် ရေကစားရန်သွားရောက်လည်ပတ်သူများပြားတတ်သဖြင့် ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net