တာခ်ီလိတ္တြင္ မထသ ကို ဖ်က္သိမ္းကာ ၿမိဳ႕နယ္ပုဂၢလိကယာဥ္လိုင္းမ်ားႀကီးၾကပ္ေရးေကာ္မတီ အမည္အျဖစ္ေျပာင္ၿပီး အဖြဲ႔၀င္(၅)ဦးျဖင့္ ဖြဲ႔စည္းသြားမည္

တာခ်ီလိတ္တြင္ မထသ ကို ဖ်က္သိမ္းကာ ၿမိဳ႕နယ္ပုဂၢလိကယာဥ္လိုင္းမ်ားႀကီးၾကပ္ေရးေကာ္မတီ အမည္အျဖစ္ေျပာင္ၿပီး အဖြဲ႔၀င္(၅)ဦးျဖင့္ ဖြဲ႔စည္းသြားမည္
မတ် 7, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္လိုင္းေပါင္းစံုႀကီးၾကပ္ေရးေကာ္မတီ (မထသ)ကို ဖ်က္သိမ္းၿပီး ၿမိဳ႕နယ္ပုဂၢလိကယာဥ္လိုင္းမ်ားႀကီးၾကပ္ေရးေကာ္မတီ(ယကက)အျဖစ္ အဖြဲ႕၀င္ (၅)ဦးျဖင့္ ဖြဲ႕စည္းသြားမည္ျဖစ္ရာ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၄) ရက္ေန႔တြင္ လွ်ဳိ႕၀ွက္မဲစနစ္ျဖင့္ ေရြးခ်ယ္သြားမည္ျဖစ္ၿပီး (၆) ရက္ေန႔တြင္ တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ရွမ္းျပည္နယ္အစိုးရအဖြဲ႕သို႔ တင္ျပၿပီး အတည္ျပဳခ်က္ရယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"(၄) ရက္ေန႔မွာေတာ့ အၿပီးသတ္ေရြးခ်ယ္မွာျဖစ္ပါတယ္။ ေရြးခ်ယ္တဲ့အခါမွာလည္း ဥပေဒထဲမွာပါတဲ့အတိုင္း ေကာ္မတီ၀င္ (၅) ဦး ေဆာင္ရြက္ရမွာေပါ့။ (၅) ဦးထက္ပိုေနမယ္ဆိုရင္ (၁၀) ဦးျဖစ္ေနမယ္၊ (၁၅) ဦးျဖစ္ေနမယ္ဆိုရင္ သူတို႔အခ်င္းခ်င္း လွ်ဳိ႕၀ွက္မဲစနစ္နဲ႔ပဲ ေအာင္ျမတ္ခန္းမမွာ ျပန္ေပးခိုင္းမွာျဖစ္ပါတယ္။ မဲအမ်ားဆံုးရတဲ့ (၅) ဦးေပါ့။ (၅) ရက္ေန႔မွာေတာ့ သူတို႔အခ်င္းခ်င္းျပန္ၿပီးေတာ့ ဥကၠဌရယ္၊ အတြင္းေရးမွဴးရယ္၊ ဘ႑ာေရးမွဴးရယ္၊ အဖြဲ႕၀င္ရယ္ဆိုၿပီးေတာ့ ျပန္ၿပီးမဲေပးရမွာျဖစ္ပါတယ္။ အဲဒါၿပီးလို႔ရိွရင္ ကတိသစၥာခံမယ္။ (၆) ရက္ေန႔မွာေတာ့ ခရိုင္ေထြအုပ္ကေနတဆင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကို တင္မွာျဖစ္ပါတယ္။ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကေန အတည္ျပဳၿပီဆိုတာနဲ႔ သူတို႔ကိုခန္႔အပ္မွာျဖစ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေကာ္မတီအေနျဖင့္ ၿမိဳ႕နယ္အတြင္းမွာရိွ ေမာ္ေတာ္ယာဥ္မ်ား၊ ဆိုင္ကယ္မ်ားယာဥ္လိုင္းေျပးဆြဲသည့္အခါ စနစ္တက် ျဖစ္ေစရန္၊ ယာဥ္စည္းကမ္းႏွင့္အညီ ျဖစ္ေစရန္ ႀကီးၾကပ္ေပးရမည္ျဖစ္ၿပီး မထသမွ ျပည္နယ္အစိုးရအဖြဲ႔သို႔ တင္ျပထားသည့္ စည္းကမ္းခ်က္မ်ား လိုက္နာေဆာင္ရြက္ရမည္ျဖစ္သည္။

ေကာ္မတီရန္ပံုေငြ အေနျဖင့္ ေကာက္ခံမည့္ ႏႈန္းထားမ်ားကို ၿမိဳ႕နယ္ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဌာနမွ ျပည္နယ္ အစိုးရအဖြဲ႕ကို တင္ျပထားသည့္ ႏႈန္းထားမ်ားျဖင့္ ေကာက္ခံရမည္ျဖစ္ၿပီး ရရိွလာမည့္ ရန္ပံုေငြမ်ားကိုလည္း ရာခိုင္ႏႈန္းအလိုက္ ေခါင္းစဥ္မ်ားျဖင့္ခြဲျခားသတ္မွတ္ၿပီး သံုးစြဲရမည္ျဖစ္ေၾကာင္း သိရသည္။

ပုဂၢလိကယာဥ္လိုင္းမ်ားႀကီးၾကပ္ေရးေကာ္မတီကို အသစ္ေရြးခ်ယ္ႏိုင္ရန္အတြက္ ၿမိဳ႕နယ္ေရြးခ်ယ္ေရး ေကာ္မရွင္ႏွင့္ ေမာ္ေတာ္ယာဥ္လုပ္ငန္းရွင္မ်ား မတ္လ(၇)ရက္ေန႔ နံနက္က တာခ်ီလိတ္ၿမိဳ႕၊ ေအာင္ျမတ္ခန္းမတြင္ေတြ႕ဆံုခဲ့ၿပီး ေကာ္မတီဝင္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္လိုသည့္ ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ မတ္လ (၁၁)ရက္မွ (၁၇)ရက္အထိ ေလွ်ာက္လႊာတင္သြင္းရမည္ျဖစ္ၿပီး ကိုယ္စားလွယ္မ်ားမွာ ျမန္မာႏိုင္ငံသားျဖစ္ျခင္း၊ ယာဥ္ပိုင္ရွင္ျဖစ္ျခင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း သန္းေခါင္စာရင္းႏွင့္ ေနထုိင္ျခင္း၊ ေန႔ညခ်ိန္ခါမေရြး တာဝန္ထမ္းေဆာင္ႏုိင္ျခင္း အျပင္ အမ်ားၾကည္ညိဳေလးစားခံရျခင္းစသည့္ အခ်က္(၅)ခ်က္နဲ႔ ျပည့္စံုရမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ မတ္လ (၁၈)ရက္မွ (၂၀)ရက္အထိ ေလွ်ာက္လႊာ စိစစ္ျခင္း၊ မတ္လ (၂၁)ရက္မွ (၂၇)ရက္အထိ ကိုယ္စားလွယ္ေလာင္းမ်ားကို ကန္႔ကြက္ရန္ရွိ၊ မရွိေၾကညာျခင္း၊ မတ္လ(၂၈)ရက္မွ ဧၿပီလ (၃)ရက္အထိ ကန္႔ကြက္မႈမ်ားကို ေျဖရွင္းျခင္းမ်ား လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ဧၿပီလ (၄)ရက္တြင္ ေကာ္မတီဝင္ေရြးခ်ယ္ျခင္းကို ေဆာင္ရြက္သြားမည္ျဖစ္သည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးကော်မတီ (မထသ)ကို ဖျက်သိမ်းပြီး မြို့နယ်ပုဂ္ဂလိကယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ(ယကက)အဖြစ် အဖွဲ့ဝင် (၅)ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ရာ ၂၀၁၉ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး (၆) ရက်နေ့တွင် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပြီး အတည်ပြုချက်ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"(၄) ရက်နေ့မှာတော့ အပြီးသတ်ရွေးချယ်မှာဖြစ်ပါတယ်။ ရွေးချယ်တဲ့အခါမှာလည်း ဥပဒေထဲမှာပါတဲ့အတိုင်း ကော်မတီဝင် (၅) ဦး ဆောင်ရွက်ရမှာပေါ့။ (၅) ဦးထက်ပိုနေမယ်ဆိုရင် (၁၀) ဦးဖြစ်နေမယ်၊ (၁၅) ဦးဖြစ်နေမယ်ဆိုရင် သူတို့အချင်းချင်း လျှို့ဝှက်မဲစနစ်နဲ့ပဲ အောင်မြတ်ခန်းမမှာ ပြန်ပေးခိုင်းမှာဖြစ်ပါတယ်။ မဲအများဆုံးရတဲ့ (၅) ဦးပေါ့။ (၅) ရက်နေ့မှာတော့ သူတို့အချင်းချင်းပြန်ပြီးတော့ ဥက္ကဌရယ်၊ အတွင်းရေးမှူးရယ်၊ ဘဏ္ဍာရေးမှူးရယ်၊ အဖွဲ့ဝင်ရယ်ဆိုပြီးတော့ ပြန်ပြီးမဲပေးရမှာဖြစ်ပါတယ်။ အဲဒါပြီးလို့ရှိရင် ကတိသစ္စာခံမယ်။ (၆) ရက်နေ့မှာတော့ ခရိုင်ထွေအုပ်ကနေတဆင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်မှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ အတည်ပြုပြီဆိုတာနဲ့ သူတို့ကိုခန့်အပ်မှာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကော်မတီအနဖြေင့် မြို့နယ်အတွင်းမှာရှိ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များယာဉ်လိုင်းပြေးဆွဲသည့်အခါ စနစ်တကျ ဖြစ်စေရန်၊ ယာဉ်စည်းကမ်းနှင့်အညီ ဖြစ်စေရန် ကြီးကြပ်ပေးရမည်ဖြစ်ပြီး မထသမှ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားသည့် စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

ကော်မတီရန်ပုံငွေ အနဖြေင့် ကောက်ခံမည့် နှုန်းထားများကို မြို့နယ်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဌာနမှ ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြထားသည့် နှုန်းထားများဖြင့် ကောက်ခံရမည်ဖြစ်ပြီး ရရှိလာမည့် ရန်ပုံငွေများကိုလည်း ရာခိုင်နှုန်းအလိုက် ခေါင်းစဉ်များဖြင့်ခွဲခြားသတ်မှတ်ပြီး သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီကို အသစ်ရွေးချယ်နိုင်ရန်အတွက် မြို့နယ်ရွေးချယ်ရေး ကော်မရှင်နှင့် မော်တော်ယာဉ်လုပ်ငန်းရှင်များ မတ်လ(၇)ရက်နေ့ နံနက်က တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင်တွေ့ဆုံခဲ့ပြီး ကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကိုယ်စားလှယ်လောင်းများအနဖြေင့် မတ်လ (၁၁)ရက်မှ (၁၇)ရက်အထိ လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး ကိုယ်စားလှယ်များမှာ မြန်မာနိုင်ငံသားဖြစ်ခြင်း၊ ယာဉ်ပိုင်ရှင်ဖြစ်ခြင်း၊ တာချီလိတ်မြို့နယ်အတွင်း သန်းခေါင်စာရင်းနှင့် နေထိုင်ခြင်း၊ နေ့ညချိန်ခါမရွေး တာဝန်ထမ်းဆောင်နိုင်ခြင်း အပြင် အများကြည်ညိုလေးစားခံရခြင်းစသည့် အချက်(၅)ချက်နဲ့ ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် မတ်လ (၁၈)ရက်မှ (၂၀)ရက်အထိ လျှောက်လွှာ စိစစ်ခြင်း၊ မတ်လ (၂၁)ရက်မှ (၂၇)ရက်အထိ ကိုယ်စားလှယ်လောင်းများကို ကန့်ကွက်ရန်ရှိ၊ မရှိကြေညာခြင်း၊ မတ်လ(၂၈)ရက်မှ ဧပြီလ (၃)ရက်အထိ ကန့်ကွက်မှုများကို ဖြေရှင်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဧပြီလ (၄)ရက်တွင် ကော်မတီဝင်ရွေးချယ်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။

သတင်း - #ဟန်စိုးထိုက်
ဓာတ်ပုံ - #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net