က်ဳိင္းလပ္ၿမိဳ႕ ၀မ္တံုေက်းရြာအတြင္း ေနအိမ္ႏွစ္အိမ္မွ မူးယစ္ေဆး၀ါး ဖမ္းမိ

က်ဳိင္းလပ္ၿမိဳ႕ ၀မ္တံုေက်းရြာအတြင္း ေနအိမ္ႏွစ္အိမ္မွ မူးယစ္ေဆး၀ါး ဖမ္းမိ
မတ် 7, 2019
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕ရွိ ၀မ္တံုေက်းရြာတြင္ မူးယစ္ေဆး၀ါးသတင္းအရ ေနအိမ္ႏွစ္အိမ္မွ အမ်ဳိးသားႏွင့္အမ်ဳိးသမီးတို႔ကို မူးယစ္ေဆး၀ါးမ်ားျဖင့္ ဖမ္းဆီးရမိ၍ မိုင္းပါလ်ဳိးနယ္ေျမရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ ျပည္နယ္/ခရိုင္ ႏွင့္ မိုင္းပါလ်ဳိးနယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔က ၂၀၁၉ခုႏွစ္ မတ္လ(၇)ရက္ေန႔ နံနက္(၇)နာရီ၀န္းက်င္က မူးယစ္ေဆး၀ါး သတင္းရထားသည့္ ၀မ္တံုေက်းရြာအတြင္းရွိ ေနအိမ္ႏွစ္အိမ္အား ၀င္ေရာက္စစ္ေဆးရာမွ စိတ္ၾကြေဆးျပား စုစုေပါင္း(၉၅)ျပားအား ရွာေဖြေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

က်ဳိင္းလပ္ၿမိဳ႕၊ နမ့္ခမ္းေက်းရြာအုပ္စု၊ ၀မ္တံုေက်းရြာတြင္ မူးယစ္ေဆး၀ါးေရာင္းခ်ေနမႈမ်ားရွိေၾကာင္း သတင္းအရ အိုက္ေနာ္၏ ေနအိမ္အား ၀င္ေရာက္စစ္ေဆးရွာေဖြရာ ေနအိမ္ အိပ္ခန္းအတြင္း အိပ္ယာေဘးမွ Wy စာတန္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၃)ျပား ႏွင့္အတူ အိုက္ေနာ္အားေတြ႔ရွိရ၍ ဖမ္းဆီးအေရးလိုက္ကာ မိုင္းပါလွ်ဳိးနယ္ေျမ ရဲစခန္းတြင္ မယ (ပ)၃/၂၀၁၉၊  မူး/စိတ္ပုဒ္မ ၁၆ (ဂ)အရ အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

ဆက္လက္၍ အဆိုပါ ေက်းရြာအတြင္းမွ ေဒၚအီေယာ္၏ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ ေနအိမ္ဘီဒိုေအာက္တြင္ ၀ွက္ထားသည့္ Wy စာတန္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၉၂)ျပားအား ေတြ႔ရွိရ၍ မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းတြင္ မယ (ပ)၂/၂၀၁၉၊  မူး/စိတ္ပုဒ္မ ၁၆ (ဂ)အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~


တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ဝမ်တုံကျေးရွာတွင် မူးယစ်ဆေးဝါးသတင်းအရ နေအိမ်နှစ်အိမ်မှ အမျိုးသားနှင့်အမျိုးသမီးတို့ကို မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိ၍ မိုင်းပါလျိုးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပြည်နယ်/ခရိုင် နှင့် မိုင်းပါလျိုးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် မတ်လ(၇)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်က မူးယစ်ဆေးဝါး သတင်းရထားသည့် ဝမ်တုံကျေးရွာအတွင်းရှိ နေအိမ်နှစ်အိမ်အား ဝင်ရောက်စစ်ဆေးရာမှ စိတ်ကြွဆေးပြား စုစုပေါင်း(၉၅)ပြားအား ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၊ နမ့်ခမ်းကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချနေမှုများရှိကြောင်း သတင်းအရ အိုက်နော်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်း အိပ်ယာဘေးမှ Wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၃)ပြား နှင့်အတူ အိုက်နော်အားတွေ့ရှိရ၍ ဖမ်းဆီးအရေးလိုက်ကာ မိုင်းပါလျှိုးနယ်မြေ ရဲစခန်းတွင် မယ (ပ)၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆ (ဂ)အရ အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ကျေးရွာအတွင်းမှ ဒေါ်အီယော်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ဘီဒိုအောက်တွင် ဝှက်ထားသည့် Wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၉၂)ပြားအား တွေ့ရှိရ၍ မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ (ပ)၂/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆ (ဂ)အရ အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net