Update News

နတ္ေရကန္ ပူးေပါင္းစစ္ေဆးေရးဂိတ္(ပ်ဥ္းဝ)တြင္ ရန္ကုန္မွ စစ္ေတြသို႔ ေမာင္းလာသည့္ ကားအတြင္းမွ စိတ္ၾကြေဆးျပား ၁၃သိန္း ဖမ္းဆီးရမိ

နတ္ေရကန္ ပူးေပါင္းစစ္ေဆးေရးဂိတ္(ပ်ဥ္းဝ)တြင္ ရန္ကုန္မွ စစ္ေတြသို႔ ေမာင္းႏွင္လာသည့္ ဒိုင္နာယာဥ္အား ပူးေပါင္းအဖြဲ႔က ရပ္တန္႔ရွာေဖြ စစ္ေဆးရာမွ ကားၾကမ္းခင္းေအာက္၌ ဝွက္၍ သယ္ေဆာင္လာေသာ စိတ္ၾကြရူးသြပ္ေဆးျပား (၁၃)သိန္းကို ေတြ႔ရွိသိမ္းဆည္းရမိေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္ရွိ နတ္ေရကန္ပူးေပါင္းစစ္ေဆးေရးဂိတ္ (ပ်ဥ္းဝ)၌ ၂၀၁၉ခုႏွစ္ မတ္လ(၂) ရက္ေန႔ ည(၁၁)နာရီ (၅) မိနစ္အခ်ိန္ခန္႔က သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔သည္ စစ္ေဆးမႈမ်ားျပဳ လုပ္ေနစဥ္ ရန္ကုန္မွ စစ္ေတြသို႔ ရခိုင္ျပည္နယ္၊ ေမာင္းေတာၿမိဳ႕ ေနသူ သိန္းေက်ာ္ ေမာင္းႏွင္လာေသာ ဒိုင္နာအျဖဴေရာင္ ယာဥ္အား ရပ္တန္႔ ရွာေဖြစစ္ေဆးရာ ကားၾကမ္း ခင္းေအာက္၌ ဝွက္၍သယ္ေဆာင္လာသည့္ WY စာတန္းပါ ပန္းေရာင္စိတ္ႀကြရူးသြပ္ေဆးျပား (၁၃) သိန္းကို ေတြ႔ရွိသိမ္းဆည္း ရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။


အဆိုပါ ေဆးျပားမ်ားကို သယ္ေဆာင္လာသူတို႔အား ပဒါန္းနယ္ေျမရဲစခန္းမွ မူးယစ္ (ပ) ၁/ ၂၀၁၉၊ မူး/ စိတ္ ပုဒ္မ ၁၉ (က)/ ၂၀ (က)/ ၂၁ ျဖင့္ အမႈဖြင့္ စစ္ေဆးအေရးယူ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နတ်ရေကန် ပူးပေါင်းစစ်ဆေးရေးဂိတ်(ပျဉ်းဝ)တွင် ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသည့် ဒိုင်နာယာဉ်အား ပူးပေါင်းအဖွဲ့က ရပ်တန့်ရှာဖွေ စစ်ဆေးရာမှ ကားကြမ်းခင်းအောက်၌ ဝှက်၍ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား (၁၃)သိန်းကို တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ပူးပေါင်းစစ်ဆေးရေးဂိတ် (ပျဉ်းဝ)၌ ၂၀၁၉ခုနှစ် မတ်လ(၂) ရက်နေ့ ည(၁၁)နာရီ (၅) မိနစ်အချိန်ခန့်က သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် စစ်ဆေးမှုများပြု လုပ်နေစဉ် ရန်ကုန်မှ စစ်တွေသို့ ရခိုင်ပြည်နယ်၊ မောင်းတောမြို့ နေသူ သိန်းကျော် မောင်းနှင်လာသော ဒိုင်နာအဖြူရောင် ယာဉ်အား ရပ်တန့် ရှာဖွေစစ်ဆေးရာ ကားကြမ်း ခင်းအောက်၌ ဝှက်၍သယ်ဆောင်လာသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၃) သိန်းကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆေးပြားများကို သယ်ဆောင်လာသူတို့အား ပဒါန်းနယ်မြေရဲစခန်းမှ မူးယစ် (ပ) ၁/ ၂၀၁၉၊ မူး/ စိတ် ပုဒ်မ ၁၉ (က)/ ၂၀ (က)/ ၂၁ ဖြင့် အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::