တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုတြင္ အမ်ဳိးသားတစ္ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုတြင္ အမ်ဳိးသားတစ္ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ
မတ် 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က) ေက်းရြာအုပ္စု၊ ၀မ္ပံုရွိ ေနအိမ္တစ္လံုးတြင္ မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ရွာေဖြရာက  မူးယစ္ေဆး၀ါးႏွင့္အတူ  အမ်ိဳးသား(၁)ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

၀မ္ပံုနယ္ေျမရဲစခန္းမွ စခန္းမွဴးရဲအုပ္ ေမာင္ေမာင္စိုး ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ ၀မ္ပံုေရေၾကာင္းရဲတပ္ဖြဲ႕မွ တာ၀န္ရိွသူမ်ားက သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က) ေက်းရြာအုပ္စု၊ ၀မ္ပံုေက်းရြာရိွ ဦးအိုက္ေတာင္း၏ေနအိမ္ကို ၂၀၁၉ခုႏွစ္ မတ္လ (၈) ရက္ေန႔ ေန႔လည္ (၁၂) နာရီ၀န္းက်င္က ၀င္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား (၈၇) ျပားနဲ့ဘိန္းျဖဴ (၁) ဒသမ (၇) ဂရမ္ကို ရွာေဖြေတြ႕ရိွခဲ့ေၾကာင္း သိရသည္။

"ကၽြန္ေတာ္ အပါအ၀င္ မူးယစ္က ရဲအုပ္ေစာခိုင္၊ ေရေၾကာင္းကရဲအုပ္ေအာင္ဆန္းထြန္း၊ အဖြဲ႕ (၃) ဖြဲ႕က သက္ေသေတြနဲ႔ (၁၂) နာရီနီးပါးေလာက္က မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ရွာေဖြတာ အိမ္ရွင္ ဦးအိုက္ေတာင္းဆီက သူ႔အိမ္ထဲကရွာေတြ႕တာေပါ့။"ဟု ၀မ္ပံုနယ္ေျမရဲစခန္းမွ စခန္းမွဴးရဲအုပ္ေမာင္ေမာင္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

မူးယစ္ေဆး၀ါးမ်ားျဖင့္ ဖမ္းဆီးရရိွသည့္ ဦးအိုက္ေတာင္းကို ၀မ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ)၁/၂၀၁၉၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ  ၁၉(က)၊ ၂၀(က) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ဝမ်ပုံရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာက မူးယစ်ဆေးဝါးနှင့်အတူ အမျိုးသား(၁)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဝမ်ပုံနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် မောင်မောင်စိုး နှင့် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ ဦးအိုက်တောင်း၏နေအိမ်ကို ၂၀၁၉ခုနှစ် မတ်လ (၈) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၈၇) ပြားနဲ့ဘိန်းဖြူ (၁) ဒသမ (၇) ဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော် အပါအဝင် မူးယစ်က ရဲအုပ်စောခိုင်၊ ရေကြောင်းကရဲအုပ်အောင်ဆန်းထွန်း၊ အဖွဲ့ (၃) ဖွဲ့က သက်သေတွေနဲ့ (၁၂) နာရီနီးပါးလောက်က မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေတာ အိမ်ရှင် ဦးအိုက်တောင်းဆီက သူ့အိမ်ထဲကရှာတွေ့တာပေါ့။"ဟု ဝမ်ပုံနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မောင်မောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသြေို့ ပါသည်။

မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရရှိသည့် ဦးအိုက်တောင်းကို ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)၊ ၂၀(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net