Update News

တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္းသြားလမ္းေပၚရွိ စက္မႈဇုန္အနီး ဦးထြန္းေအာင္ဂိတ္တြင္ ျဖတ္သန္းခေပးေဆာင္ရန္မလိုအပ္ေၾကာင္း ဗီႏိုင္းမ်ားကပ္ၿပီးေနာက္ ေမာင္းတံပါျဖဳတ္သိမ္းသြား

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္းသြားလမ္းေပၚရွိ စက္မႈဇုန္ - ၀မ္ပံုျဖတ္လမ္းေပၚ ဦးထြန္းေအာင္ဂိတ္တြင္ ေငြေၾကးေကာက္ခံမႈကို ၂၀၁၉ခုႏွစ္ မတ္လ (၁) ရက္ေန႔က စတင္ၿပီး ရပ္ဆိုင္းခဲ့ကာ ျဖတ္သန္းခ ေပးေဆာင္ရန္မလိုအပ္ေၾကာင္း ဗီႏိုင္မ်ားကို ခရီးသြားျပည္သူမ်ားျမင္သာေအာင္ စိုက္ထူထားၿပီးေနာက္ မတ္လ(၉)ရက္ေန႔တြင္ ဂိတ္ေမာင္းတံပါ ျဖဳတ္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ရက္ကေတာ့ ေမာင္းတံေတြ႔ရေသးတယ္၊ မေန႔ကစၿပီး မေတြ႔ေတာ့တာ"ဟု မိုင္းဖုန္းသို႔ အဆိုပါ ဂိတ္မွ ေန႔စဥ္ ျဖတ္သန္းသူ အမ်ဳိးသားတစ္ဦးက မတ္လ(၁၀)ရက္ေန႔ ညေနပိုင္းက ေျပာသည္။

အဆိုပါ ဂိတ္ႏွင့္ ပတ္သက္၍ ဆက္လက္ေကာက္ခံခြင့္ျပဳရန္ အစိုးရထံ အသနားခံစာတင္ထား၍  တရား၀င္လႊဲေျပာင္းေပးျခင္းမျပဳလုပ္ရေသးေၾကာင္း သိရသည္။

"တရား၀င္ မလႊဲရေသးဘူးခင္ဗ်။ သူတို႔က အသနားခံစာ တင္ထားတယ္။ ျပည္နယ္အစိုးရက လံုး၀ကိုခြင့္မျပဳဘူး။ ေကာက္လို႔ မရေအာင္ ဗီႏိုင္းေတြလည္း ကၽြန္ေတာ္တို႔ ေထာင္ထားၿပီးၿပီ။ မတ္လ (၂) ရက္ေန႔မွာစေထာင္လိုက္တယ္။ ျပည္နယ္အစိုးရကေန လံုး၀ခြင့္မျပဳဆိုတဲ့ဟာ ရိွထားၿပီးၿပီေလ။ စာလည္းႏွစ္ႀကိမ္ထြက္ထားတဲ့အတြက္ သူတို႔တင္လည္း မျဖစ္ႏိုင္ပါဘူး"ဟု  ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ တာခ်ီလိတ္ၿမိဳ႕နယ္ ဦးစီးအရာရိွ ဦးျမင့္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၁၀) ရက္ေန႔တြင္ ေျပာသည္။

အဆိုပါ ဂိတ္ႏွင့္ ပတ္သက္၍ ဂိတ္ျပန္လည္ လက္ခံေရးအဖြဲ႔ျဖင့္ စနစ္တက် ေဆာင္ရြက္ေနေၾကာင္း ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။

"သူတို႔ဘက္က ရင္းႏွီးျမႇဳပ္ႏွံမႈလည္းမ်ားတယ္ မကာမိေသးဘူးဆိုၿပီးေတာ့ အသနားခံစာေတြ တင္ထားတယ္။ သို႔ေသာ္လည္းပဲ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကေနၿပီးေတာ့မွ ႏွစ္ႀကိမ္တိုင္တိုင္ေပါ့ ဒီကိစၥနဲ႔ပတ္သက္ၿပီးသက္တမ္းတိုး တင္ျပလာတာကို လံုး၀ ခြင့္မျပဳ ခြင့္မျပဳဆိုတာ ညႊန္ၾကားထားတာရိွပါတယ္။ ဒါေၾကာင့္မို႔
သတ္မွတ္ကာလျပည့္တဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔အေနနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကေနေခၚယူၿပီးေတာ့ ဒီေမာင္းတံ ဂိတ္ျပန္လည္လက္ခံေရးအဖြဲ႕ကို စနစ္တက်ဖြဲ႕စည္းၿပီးေတာ့ ေဆာင္ရြက္ေနတဲ့ အေနအထားပါ"ဟုတာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၁၀) ရက္ေန႔တြင္ေျပာသည္။
 
တာခ်ီလိတ္ၿမိဳ႕၊ ေလယာဥ္ကြင္းလမ္းဆံုမွ ဝမ္ပံုဆိပ္ကမ္းသြား လမ္းဆံုအထိ (၂)မုိင္ေက်ာ္အရွည္ရိွေသာ လမ္းပိုင္းကို ႏုိင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီလက္ထက္ ၁၉၉၈ ခုႏွစ္တြင္ အႏွစ္(၂၀) လုပ္ကိုင္ခြင့္ျဖင့္ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ၿပီး ဆိုင္ကယ္ (၂ဝ)ဘတ္၊ ကားငယ္ (၅ဝ)ဘတ္၊ ေထြလာဂ်ီ (လြတ္) )(၃ဝ) ဘတ္၊ ေထြလာဂ်ီ(ကုန္ ပါ) (၅ဝ)ဘတ္၊ ကုန္တင္ကား (လြတ္) (၅ဝ)ဘတ္၊ ကုန္တင္ကား (ကုန္ပါ) (၁ဝဝ)ဘတ္ႏႈန္းျဖင့္ ေကာက္ခံခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းဖုန်းသွားလမ်းပေါ်ရှိ စက်မှုဇုန် - ဝမ်ပုံဖြတ်လမ်းပေါ် ဦးထွန်းအောင်ဂိတ်တွင် ငွေကြေးကောက်ခံမှုကို ၂၀၁၉ခုနှစ် မတ်လ (၁) ရက်နေ့က စတင်ပြီး ရပ်ဆိုင်းခဲ့ကာ ဖြတ်သန်းခ ပေးဆောင်ရန်မလိုအပ်ကြောင်း ဗီနိုင်များကို ခရီးသွားပြည်သူများမြင်သာအောင် စိုက်ထူထားပြီးနောက် မတ်လ(၉)ရက်နေ့တွင် ဂိတ်မောင်းတံပါ ဖြုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ရက်ကတော့ မောင်းတံတွေ့ရသေးတယ်၊ မနေ့ကစပြီး မတွေ့တော့တာ"ဟု မိုင်းဖုန်းသို့ အဆိုပါ ဂိတ်မှ နေ့စဉ် ဖြတ်သန်းသူ အမျိုးသားတစ်ဦးက မတ်လ(၁၀)ရက်နေ့ ညနေပိုင်းက ပြောသည်။

အဆိုပါ ဂိတ်နှင့် ပတ်သက်၍ ဆက်လက်ကောက်ခံခွင့်ပြုရန် အစိုးရထံ အသနားခံစာတင်ထား၍ တရားဝင်လွှဲပြောင်းပေးခြင်းမပြုလုပ်ရသေးကြောင်း သိရသည်။

"တရားဝင် မလွှဲရသေးဘူးခင်ဗျ။ သူတို့က အသနားခံစာ တင်ထားတယ်။ ပြည်နယ်အစိုးရက လုံးဝကိုခွင့်မပြုဘူး။ ကောက်လို့ မရအောင် ဗီနိုင်းတွေလည်း ကျွန်တော်တို့ ထောင်ထားပြီးပြီ။ မတ်လ (၂) ရက်နေ့မှာစထောင်လိုက်တယ်။ ပြည်နယ်အစိုးရကနေ လုံးဝခွင့်မပြုဆိုတဲ့ဟာ ရှိထားပြီးပြီလေ။ စာလည်းနှစ်ကြိမ်ထွက်ထားတဲ့အတွက် သူတို့တင်လည်း မဖြစ်နိုင်ပါဘူး"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာချီလိတ်မြို့နယ် ဦးစီးအရာရှိ ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၀) ရက်နေ့တွင် ပြောသည်။

အဆိုပါ ဂိတ်နှင့် ပတ်သက်၍ ဂိတ်ပြန်လည် လက်ခံရေးအဖွဲ့ဖြင့် စနစ်တကျ ဆောင်ရွက်နေကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

"သူတို့ဘက်က ရင်းနှီးမြှုပ်နှံမှုလည်းများတယ် မကာမိသေးဘူးဆိုပြီးတော့ အသနားခံစာတွေ တင်ထားတယ်။ သို့သော်လည်းပဲ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနပြေီးတော့မှ နှစ်ကြိမ်တိုင်တိုင်ပေါ့ ဒီကိစ္စနဲ့ပတ်သက်ပြီးသက်တမ်းတိုး တင်ပြလာတာကို လုံးဝ ခွင့်မပြု ခွင့်မပြုဆိုတာ ညွှန်ကြားထားတာရှိပါတယ်။ ဒါကြောင့်မို့

သတ်မှတ်ကာလပြည့်တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကနေခေါ်ယူပြီးတော့ ဒီမောင်းတံ ဂိတ်ပြန်လည်လက်ခံရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားပါ"ဟုတာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၀) ရက်နေ့တွင်ပြောသည်။

တာချီလိတ်မြို့၊ လေယာဉ်ကွင်းလမ်းဆုံမှ ဝမ်ပုံဆိပ်ကမ်းသွား လမ်းဆုံအထိ (၂)မိုင်ကျော်အရှည်ရှိသော လမ်းပိုင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၈ ခုနှစ်တွင် အနှစ်(၂၀) လုပ်ကိုင်ခွင့်ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ် (၂ဝ)ဘတ်၊ ကားငယ် (၅ဝ)ဘတ်၊ ထွေလာဂျီ (လွတ်) )(၃ဝ) ဘတ်၊ ထွေလာဂျီ(ကုန် ပါ) (၅ဝ)ဘတ်၊ ကုန်တင်ကား (လွတ်) (၅ဝ)ဘတ်၊ ကုန်တင်ကား (ကုန်ပါ) (၁ဝဝ)ဘတ်နှုန်းဖြင့် ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::