တာခ်ီလိတ္ စက္မႈဇုန္မွ ေ၀ွေဟလန္သြားလမ္းရွိ ဦးထြန္းေအာင္ဂိတ္တြင္ လတ္တေလာ၌ ျဖတ္သန္းခ မေကာက္ခံေတာ့ ေသာ္လည္း ဆက္လက္ေကာက္ခံခြင့္ရရွိရန္ အသနားခံစာ တင္ထား

တာခ်ီလိတ္ စက္မႈဇုန္မွ ေ၀ွေဟလန္သြားလမ္းရွိ ဦးထြန္းေအာင္ဂိတ္တြင္ လတ္တေလာ၌ ျဖတ္သန္းခ မေကာက္ခံေတာ့ ေသာ္လည္း ဆက္လက္ေကာက္ခံခြင့္ရရွိရန္ အသနားခံစာ တင္ထား
မတ် 1, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ စက္မႈဇုန္ မွ ေ၀ွေဟလန္ သြားလမ္းေပၚရွိ ဦးထြန္းေအာင္ဂိတ္မွာ သက္တမ္း ကုန္ဆံုးၿပီျဖစ္၍ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၈)ရက္ေန႔ ည (၁၂)နာရီမွစ၍ ပိတ္သိမ္းရန္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ေခၚယူအသိေပးၿပီးေနာက္ မတ္လ (၁)ရက္ေန႔တြင္ ျဖတ္သန္းခ
ေကာက္ခံမႈ မရိွေတာ့ေသာ္လည္း ဂိတ္တာဝန္ရိွသူက အသနားခံစာတင္ထားျခင္းျဖစ္၍ ေမာင္းတံမ်ား ဖယ္ရွားျခင္း မျပဳေသးဘဲ ျပည္နယ္အဆင့္သို႔ တင္ျပထားသည္ကို ေစာင့္ဆုိင္းမည္ဟု သိရသည္။

ဦးထြန္းေအာင္ဂိတ္မွ တာ၀န္ရွိသူမ်ားက ႏွစ္(၂၀)အတြင္း အရင္းေငြမရေသးဟုဆိုကာ အသနားခံစာတင္ထား၍ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ၂၀၁၉ ခုႏွစ္၊ မတ္လ (၂)ရက္ေန႔အထိ (၃)ရက္အတြင္း ျဖတ္သန္းသြားလာသည့္ ယာဥ္အစီးေရကို စံႏႈန္းတြက္ရန္ စာရင္းေကာက္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔က (၂၈) ရက္ေန႔ကစၿပီး (၃) ရက္စံႏႈန္းေကာက္ပါတယ္။ ဦးထြန္းေအာင္ဂိတ္က သူတို႔တာ၀န္ယူ ေဆာင္ရြက္ေနတဲ့ ႏွစ္ (၂၀) ကာလမွာ သူတို႔ စိုက္ထုတ္ထားတဲ့ အရင္းအႏွီးက မျပည့္ပါဘူး။ ကုန္က်စရိတ္ကို မကာမိေသးဘူးလို႔ ဒီလိုမ်ိဳးအသနားခံစာျပန္တင္ထားတယ္။ ကၽြန္ေတာ္တို႔က ဒီ (၃) ရက္ကိုစံႏႈန္းယူမယ္။ ယူၿပီးေတာ့ ေကာက္ခံတဲ့ ႏႈန္းထားေတြနဲ႔ ျပန္ၿပီးေတာ့ တြက္ၾကည့္လိုက္မယ္။ တြက္ၾကည့္လိုက္ရင္ ဒီႏွစ္ (၂၀) ကာလမွာ ေငြေၾကးအေျပာင္းအလဲေတာ့ ရိွတယ္ေပါ့။ သူတို႔ေကာက္ခံတဲ့ႏႈန္းထားနဲ႔ သူတို႔တင္ျပထားတဲ့ ကုန္က်စရိတ္ ကိုက္မကိုက္ဆိုတာ စံႏႈန္းယူတဲ့ သေဘာပါပဲ”ဟု ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ တာခ်ီလိတ္ၿမိဳ႕နယ္ ဦးစီးအရာရိွ ဦးျမင့္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၁) ရက္ေန႔တြင္ေျပာသည္။

ေန႔စဥ္ျဖတ္သန္းသည့္ ယာဥ္အေရအတြက္ကို ေကာက္ခံသည့္ ႏႈန္းထားမ်ားျဖင့္ တြက္ခ်က္သြားမည္ျဖစ္ၿပီး ႏွစ္ (၂၀) အတြင္း တင္ျပထားသည့္ စိုက္ထုတ္ေငြေၾကး ျပန္လည္ရရိွမႈ ရိွ၊ မရိွကို ျပည္နယ္ေဆာက္လုပ္ေရး၀န္ႀကီးဌာနထံ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ေလယာဥ္ကြင္းလမ္းဆံုမွ ဝမ္ပံုဆိပ္ကမ္းသြား လမ္းဆံုအထိ (၂)မုိင္ေက်ာ္အရွည္ရိွေသာ လမ္းပိုင္းကို ႏုိင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီလက္ထက္ ၁၉၉၈ ခုႏွစ္တြင္ အႏွစ္(၂၀) လုပ္ကိုင္ခြင့္ျဖင့္ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ၿပီး ျဖတ္သန္းခေကာက္ခံသည့္ႏႈန္းထားျမင့္သျဖင့္ ၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ (၄)ရက္ေန႔ နံနက္ပိုင္းက ေဒသခံျပည္သူ (၅၀၀)ဝန္းက်င္ ဆႏၵထုတ္ေဖၚျခင္းလည္း ျပဳလုပ္ခဲ့ၾကသည္။

“ဦးသိန္းစိန္အစိုးရ လက္ထက္က ဒီေဒသေတြက သြားေရးလာေရး အဆင္မေျပဘူး။ မဖြံ႕ၿဖိဳးေသးဘူး။ ဓနလင္း ကုမၸဏီကေနၿပီးေတာ့ ဒီလမ္းကို ေဖာက္လုပ္ခဲ့တာေပါ့။ ဒီလမ္းမွာ သြားလာတဲ့ ေမာ္ေတာ္ကား၊ ဆိုင္ကယ္အကုန္လံုး ဒီမွာဂိတ္ဖြင့္ၿပီးေကာက္တာေပါ့။ ႏွစ္ (၂၀) ေပါ့”ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရမွဴး ဦးမင္းေအာင္က ေျပာသည္။

အဆိုပါ ဂိတ္မွ ဂိတ္ျဖတ္သန္းမႈကို ေမာ္ေတာ္ဆိုင္ကယ္အား (၁၀)ဘတ္၊ ကားငယ္ (၅၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္လြတ္) (၃၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္ပါ) (၅၀)ဘတ္၊ ကုန္တင္ကား (အလြတ္) (၅၀)ဘတ္ႏွင့္ ကုန္တင္ကား (ကုန္ပါ) (၁၀၀)ဘတ္ႏႈန္းျဖင့္ ေကာက္ခံေနျခင္းျဖစ္ၿပီး ေကာက္ခံမႈသည့္ တစ္ႀကိမ္သြားတုိင္း တစ္ခါေကာက္ခံျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ စက်မှုဇုန် မှ ဝှေဟေလန် သွားလမ်းပေါ်ရှိ ဦးထွန်းအောင်ဂိတ်မှာ သက်တမ်း ကုန်ဆုံးပြီဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ည (၁၂)နာရီမှစ၍ ပိတ်သိမ်းရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခေါ်ယူအသိပေးပြီးနောက် မတ်လ (၁)ရက်နေ့တွင် ဖြတ်သန်းခ

ကောက်ခံမှု မရှိတော့သော်လည်း ဂိတ်တာဝန်ရှိသူက အသနားခံစာတင်ထားခြင်းဖြစ်၍ မောင်းတံများ ဖယ်ရှားခြင်း မပြုသေးဘဲ ပြည်နယ်အဆင့်သို့ တင်ပြထားသည်ကို စောင့်ဆိုင်းမည်ဟု သိရသည်။

ဦးထွန်းအောင်ဂိတ်မှ တာဝန်ရှိသူများက နှစ်(၂၀)အတွင်း အရင်းငွေမရသေးဟုဆိုကာ အသနားခံစာတင်ထား၍ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ မတ်လ (၂)ရက်နေ့အထိ (၃)ရက်အတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်အစီးရေကို စံနှုန်းတွက်ရန် စာရင်းကောက်နေကြောင်း သိရသည်။

“ကျွန်တော်တို့က (၂၈) ရက်နေ့ကစပြီး (၃) ရက်စံနှုန်းကောက်ပါတယ်။ ဦးထွန်းအောင်ဂိတ်က သူတို့တာဝန်ယူ ဆောင်ရွက်နေတဲ့ နှစ် (၂၀) ကာလမှာ သူတို့ စိုက်ထုတ်ထားတဲ့ အရင်းအနှီးက မပြည့်ပါဘူး။ ကုန်ကျစရိတ်ကို မကာမိသေးဘူးလို့ ဒီလိုမျိုးအသနားခံစာပြန်တင်ထားတယ်။ ကျွန်တော်တို့က ဒီ (၃) ရက်ကိုစံနှုန်းယူမယ်။ ယူပြီးတော့ ကောက်ခံတဲ့ နှုန်းထားတွေနဲ့ ပြန်ပြီးတော့ တွက်ကြည့်လိုက်မယ်။ တွက်ကြည့်လိုက်ရင် ဒီနှစ် (၂၀) ကာလမှာ ငွေကြေးအပြောင်းအလဲတော့ ရှိတယ်ပေါ့။ သူတို့ကောက်ခံတဲ့နှုန်းထားနဲ့ သူတို့တင်ပြထားတဲ့ ကုန်ကျစရိတ် ကိုက်မကိုက်ဆိုတာ စံနှုန်းယူတဲ့ သဘောပါပဲ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာချီလိတ်မြို့နယ် ဦးစီးအရာရှိ ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁) ရက်နေ့တွင်ပြောသည်။

နေ့စဉ်ဖြတ်သန်းသည့် ယာဉ်အရေအတွက်ကို ကောက်ခံသည့် နှုန်းထားများဖြင့် တွက်ချက်သွားမည်ဖြစ်ပြီး နှစ် (၂၀) အတွင်း တင်ပြထားသည့် စိုက်ထုတ်ငွေကြေး ပြန်လည်ရရှိမှု ရှိ၊ မရှိကို ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာနထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ လေယာဉ်ကွင်းလမ်းဆုံမှ ဝမ်ပုံဆိပ်ကမ်းသွား လမ်းဆုံအထိ (၂)မိုင်ကျော်အရှည်ရှိသော လမ်းပိုင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၈ ခုနှစ်တွင် အနှစ်(၂၀) လုပ်ကိုင်ခွင့်ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဖြတ်သန်းခကောက်ခံသည့်နှုန်းထားမြင့်သဖြင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူ (၅၀၀)ဝန်းကျင် ဆန္ဒထုတ်ဖော်ခြင်းလည်း ပြုလုပ်ခဲ့ကြသည်။

“ဦးသိန်းစိန်အစိုးရ လက်ထက်က ဒီဒေသတွေက သွားရေးလာရေး အဆင်မပြေဘူး။ မဖွံ့ဖြိုးသေးဘူး။ ဓနလင်း ကုမ္ပဏီကနပြေီးတော့ ဒီလမ်းကို ဖောက်လုပ်ခဲ့တာပေါ့။ ဒီလမ်းမှာ သွားလာတဲ့ မော်တော်ကား၊ ဆိုင်ကယ်အကုန်လုံး ဒီမှာဂိတ်ဖွင့်ပြီးကောက်တာပေါ့။ နှစ် (၂၀) ပေါ့”ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေမှူး ဦးမင်းအောင်က ပြောသည်။

အဆိုပါ ဂိတ်မှ ဂိတ်ဖြတ်သန်းမှုကို မော်တော်ဆိုင်ကယ်အား (၁၀)ဘတ်၊ ကားငယ် (၅၀)ဘတ်၊ ထော်လာဂျီ(ကုန်လွတ်) (၃၀)ဘတ်၊ ထော်လာဂျီ(ကုန်ပါ) (၅၀)ဘတ်၊ ကုန်တင်ကား (အလွတ်) (၅၀)ဘတ်နှင့် ကုန်တင်ကား (ကုန်ပါ) (၁၀၀)ဘတ်နှုန်းဖြင့် ကောက်ခံနခြေင်းဖြစ်ပြီး ကောက်ခံမှုသည့် တစ်ကြိမ်သွားတိုင်း တစ်ခါကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~