ေစ်းကြက္အတြင္း ေရာင္းခ်ေနသည့္ သစၥာရွင္ အမွတ္တံဆိပ္ တိုင္းရင္းေဆးအား အမ်ားျပည္သူ သံုးစြဲရန္ မသင့္ေၾကာင္း အသိေပးေၾကညာ

ေစ်းကြက္အတြင္း ေရာင္းခ်ေနသည့္ သစၥာရွင္ အမွတ္တံဆိပ္ တိုင္းရင္းေဆးအား အမ်ားျပည္သူ သံုးစြဲရန္ မသင့္ေၾကာင္း အသိေပးေၾကညာ
မတ် 8, 2019
By Tachileik News Agency

ေစ်းကြက္အတြင္း ေရာင္းခ်ေနလ်က္ရွိသည့္ သစၥာရွင္ အမည္ရွိ တိုင္းရင္းေဆး၀ါးသည္ အေနာက္တိုင္း ေဆးေရာေႏွာကာ ထုတ္လုပ္ထားသည့္အျပင္ တိုင္းရင္းေဆး၀ါး မွတ္ပံုတင္ထားျခင္း မရွိသည့္အတြက္ အမ်ားျပည္သူမ်ား သံုးစြဲရန္ မသင့္ေလ်ာ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနက ၂၀၁၉ခုႏွစ္ မတ္လ(၈)ရက္ေန႔တြင္ အသိေပးေၾကညာထားရွိသည္။

သစၥာရွင္ အမွတ္တံဆိပ္ အဆစ္အမ်က္ႏွာ ႏွင့္ အကိုက္အခဲေပ်ာက္ေဆးသည္ အေနာက္တိုင္းေဆးေရာေႏွာထားသည့္ အတြက္ စစ္မွန္အစြမ္းထက္မႈကို အာမခံခ်က္ မေပးႏိုင္ေသာေၾကာင့္ အမ်ားျပည္သူမ်ား သံုးစြဲရန္ မသင့္ေလ်ာ္ေၾကာင္း အသိေပးေၾကညာထားျခင္း ျဖစ္သည္။

တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပံုတင္ထားျခင္း မရွိေသာ တိုင္းရင္းေဆး၀ါးမ်ားကို ၀ယ္ယူသံုးစြဲျခင္း မျပဳၾကရန္ႏွင့္ တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပံုတင္ထားေသာ ေဆး၀ါးမ်ားကိုသာ စိစစ္၀ယ္ယူသံုးစြဲၾကရန္လည္း အသိေပး ႏႈိးေဆာ္ထားရွိသည္။

တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပံုတင္ထားျခင္းမရွိေသာ တုိင္းရင္းေဆး၀ါးမ်ား၊ ေဆး၀ါးအတုမ်ား၊ စံမညီတိုင္းရင္းေဆး၀ါးမ်ားအား ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်ျခင္း လံုး၀ မျပဳလုပ္ရန္ ႏွင့္ လိုက္နာေဆာင္ရြက္ျခင္းမရွိပါက တိုင္းရင္းေဆး၀ါးဥပေဒ (၃၁)၊ (၃၂)အရ တရားစြဲဆို အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဈေးကွက်အတွင်း ရောင်းချနေလျက်ရှိသည့် သစ္စာရှင် အမည်ရှိ တိုင်းရင်းဆေးဝါးသည် အနောက်တိုင်း ဆေးရောနှောကာ ထုတ်လုပ်ထားသည့်အပြင် တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားခြင်း မရှိသည့်အတွက် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၁၉ခုနှစ် မတ်လ(၈)ရက်နေ့တွင် အသိပေးကြေညာထားရှိသည်။

သစ္စာရှင် အမှတ်တံဆိပ် အဆစ်အမျက်နှာ နှင့် အကိုက်အခဲပျောက်ဆေးသည် အနောက်တိုင်းဆေးရောနှောထားသည့် အတွက် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးကြေညာထားခြင်း ဖြစ်သည်။

တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲကြရန်လည်း အသိပေး နှိုးဆော်ထားရှိသည်။

တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝ မပြုလုပ်ရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေ (၃၁)၊ (၃၂)အရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net