ခရီးသည္တင္ ယာဥ္ေမာင္းမ်ားအား အရက္ေသစာ ေသာက္စားထားျခင္း ရွိမရွိ လားရႈိးတြင္ စစ္ေဆး

ခရီးသည္တင္ ယာဥ္ေမာင္းမ်ားအား အရက္ေသစာ ေသာက္စားထားျခင္း ရွိမရွိ လားရႈိးတြင္ စစ္ေဆး
မတ် 26, 2019
By Tachileik News Agency

ခရီးသည္တင္ ယာဥ္ေမာင္းမ်ားႏွင့္ ယာဥ္ေနာက္လိုက္မ်ားအေနျဖင့္ ယာဥ္ေမာင္းစဥ္  အရက္ေသစာ ေသာက္စားထားျခင္း ရွိမရွိကို သိရွိကာ အေရးယူႏိုင္ရန္အတြက္ လားရိႈးၿမိဳ႕ နားမေခၚကားႀကီးကြင္းတြင္ ၂၀၁၉ခုႏွစ္ မတ္လ(၂၆)ရက္ေန႔ ညေနပိုင္းက ပူးေပါင္းအဖြဲ႔ျဖင့္  Alcohol Test စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ယာဥ္ေမာင္းတစ္ဦးမွာ စစ္ေဆးမႈတြင္ စစ္ေဆးမႈမေအာင္ျမင္၍ ယာဥ္ေမာင္းအစားထိုး ေမာင္းႏွင္ေစခဲ့ေၾကာင္း သိရသည္။

"အယ္လ္ကိုေဟာတက္စ္ ျပဳလုပ္တာကေတာ့ ယာဥ္ထိန္းရဲတပ္ဖြဲ႔ ကျပဳလုပ္တာျဖစ္ပါတယ္၊ အဲ့ဒီမွာ ရာဇာထြန္း ယာဥ္လိုင္းက ယာဥ္ေမာင္းတစ္ဦးကေတာ့ လတ္တေလာတင္ ကြမ္းယာဝါးလာတဲ့အတြက္ စက္နဲ႔စစ္ေဆးတဲ့အခါ စစ္ေဆးမႈက်ရႈံးၿပီး လူစားထိုးလဲလွယ္ေမာင္းႏွင္ ထြက္ခြာေစခဲ့ပါတယ္" ဟု မတ္လ ၂၆ ရက္ေန႔ အဖြဲ႔စံုစစ္ေဆးမႈတြင္ ပါဝင္သည့္ စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး (လားရိႈး)မွ တာဝန္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သႀကၤန္ကာလအတြင္း နားမေခၚကားႀကီးကြင္း(လားရိႈး)မွ အနယ္နယ္အရပ္ရပ္သို႔ ထြက္ခြာေျပးဆြဲေနသည့္ ယာဥ္လုိင္းမ်ား၊ အေဝးေျပး ယာဥ္လိုင္းမ်ားတြင္ ထိုင္ခံုလက္မွတ္ခတိုးျမွင့္ေကာက္ခံျခင္းရွိမရွိကို မတ္လ ပထမပတ္က စတင္၍ စစ္ေဆးခဲ့ျခင္းၿဖစ္ၿပီး မတ္လ ၂၆ ရက္ေန႔တြင္ ယာဥ္ေမာင္းမ်ားအား အရက္ေသစာ ေသာက္စားထားျခင္းရွိ မရွိ ( Alcohol Test )ကို တိုင္းတာသည့္စက္မ်ားျဖင့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ နားမေခၚကားကြင္းရွိ ယာဥ္လိုင္းေပါင္းစံုႀကီးၾကပ္ေရးဌာန ႏွင့္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဌာန၊ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႔၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ စားသံုးသူေရးရာဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔(နားမေခၚရဲကင္း)၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန တို႔မွ တာဝန္ရွိသူမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၉ ခုႏွစ္ မတ္လ ပထမပတ္က စတင္၍ ပံုမွန္စစ္ေဆးေနျခင္းျဖစ္ၿပီး ယာဥ္စီးခ ပိုမို ေကာက္ခံျခင္း အပါအဝင္ ယာဥ္မ်ားတြင္ပ ါဝင္ရမည့္ မီးသတ္ေဆးဗူး၊ အေရးေပၚမွန္ခြဲကိရိယာ ႏွင့္ ထိုင္ခံုခါးပတ္မ်ားပါဝင္မႈရွိ မရွိကိုပါ စစ္ေဆးခဲ့ေနျခင္္းျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕နားမေခၚကားႀကီးကြင္းအတြင္းမွ ေန႔စဥ္ထြက္ခြာေျပးဆြဲေနသည့္ ခရီးသည္တင္ ယာဥ္ႀကီး/ ယာဥ္ငယ္ ေပါင္း အစီး ၃၀ ေက်ာ္ဝန္းက်င္ရွိၿပီး ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္က သႀကၤန္ကာလတြင္ ယာဥ္စီးခပိုမိုေကာက္ခံ ခဲ့သည့္ ယာဥ္လိုင္းငယ္တစ္ခုအား ခရီးသြားမ်ားက တိုင္ၾကားခဲ့သည့္အတြက္ သႀကၤန္ကာလကုန္ဆံုးသည္အထိ ေျပးဆြဲမႈရပ္နားေစခဲ့သည့္ ျဖစ္စဥ္ ရွိခဲ့ကာ ခရီးသြားမ်ားအား ယာဥ္စီးခပိုမိုေကာက္ခံသည္ကိုေတြ႔ရွိရပါက တိုင္းႏွင့္ ျပည္နယ္ၿမိဳ႕မ်ားရွိ စားသံုးသူ ေရးရာဦးစီးဌာနရံုးမ်ားႏွင့္ ( ဖုန္း 067-3418468 ၊ 067-3438495 )သို႔ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - DOCA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ခရီးသည်တင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအနဖြေင့် ယာဉ်မောင်းစဉ် အရက်သေစာ သောက်စားထားခြင်း ရှိမရှိကို သိရှိကာ အရေးယူနိုင်ရန်အတွက် လားရှိုးမြို့ နားမခေါ်ကားကြီးကွင်းတွင် ၂၀၁၉ခုနှစ် မတ်လ(၂၆)ရက်နေ့ ညနေပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် Alcohol Test စစ်ဆေးမှုများ ပြုလုပ်ရာတွင် ယာဉ်မောင်းတစ်ဦးမှာ စစ်ဆေးမှုတွင် စစ်ဆေးမှုမအောင်မြင်၍ ယာဉ်မောင်းအစားထိုး မောင်းနှင်စေခဲ့ကြောင်း သိရသည်။

"အယ်လ်ကိုဟောတက်စ် ပြုလုပ်တာကတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ ကပြုလုပ်တာဖြစ်ပါတယ်၊ အဲ့ဒီမှာ ရာဇာထွန်း ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးကတော့ လတ်တလောတင် ကွမ်းယာဝါးလာတဲ့အတွက် စက်နဲ့စစ်ဆေးတဲ့အခါ စစ်ဆေးမှုကျရှုံးပြီး လူစားထိုးလဲလှယ်မောင်းနှင် ထွက်ခွာစေခဲ့ပါတယ်" ဟု မတ်လ ၂၆ ရက်နေ့ အဖွဲ့စုံစစ်ဆေးမှုတွင် ပါဝင်သည့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး)မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်္ကြန်ကာလအတွင်း နားမခေါ်ကားကြီးကွင်း(လားရှိုး)မှ အနယ်နယ်အရပ်ရပ်သို့ ထွက်ခွာပြေးဆွဲနေသည့် ယာဉ်လိုင်းများ၊ အဝေးပြေး ယာဉ်လိုင်းများတွင် ထိုင်ခုံလက်မှတ်ခတိုးမြှင့်ကောက်ခံခြင်းရှိမရှိကို မတ်လ ပထမပတ်က စတင်၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၆ ရက်နေ့တွင် ယာဉ်မောင်းများအား အရက်သေစာ သောက်စားထားခြင်းရှိ မရှိ ( Alcohol Test )ကို တိုင်းတာသည့်စက်များဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ နားမခေါ်ကားကွင်းရှိ ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးဌာန နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဌာန၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(နားမခေါ်ရဲကင်း)၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ် မတ်လ ပထမပတ်က စတင်၍ ပုံမှန်စစ်ဆေးနခြေင်းဖြစ်ပြီး ယာဉ်စီးခ ပိုမို ကောက်ခံခြင်း အပါအဝင် ယာဉ်များတွင်ပါဝင်ရမည့် မီးသတ်ဆေးဗူး၊ အရေးပေါ်မှန်ခွဲကိရိယာ နှင့် ထိုင်ခုံခါးပတ်များပါဝင်မှုရှိ မရှိကိုပါ စစ်ဆေးခဲ့နခြေင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နားမခေါ်ကားကြီးကွင်းအတွင်းမှ နေ့စဉ်ထွက်ခွာပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်ကြီး/ ယာဉ်ငယ် ပေါင်း အစီး ၃၀ ကျော်ဝန်းကျင်ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က သင်္ကြန်ကာလတွင် ယာဉ်စီးခပိုမိုကောက်ခံ ခဲ့သည့် ယာဉ်လိုင်းငယ်တစ်ခုအား ခရီးသွားများက တိုင်ကြားခဲ့သည့်အတွက် သင်္ကြန်ကာလကုန်ဆုံးသည်အထိ ပြေးဆွဲမှုရပ်နားစေခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကာ ခရီးသွားများအား ယာဉ်စီးခပိုမိုကောက်ခံသည်ကိုတွေ့ရှိရပါက တိုင်းနှင့် ပြည်နယ်မြို့များရှိ စားသုံးသူ ရေးရာဦးစီးဌာနရုံးများနှင့် ( ဖုန်း 067-3418468၊ 067-3438495 )သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - DOCA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net