နယ္စပ္တစ္ေလွ်ာက္ ေတာမီးေၾကာင့္ မီးခိုးမ်ား ၿမိဳ႕တြင္းသို႔ ၀င္ေရာက္လာ၍ မယ္ဆိုင္ၿမိဳ႕တြင္ စည္ပင္ႏွင့္သက္ဆိုင္ရာတို႔ ပူးေပါင္းကာ ေရလီတာေပါင္း ၃၆,၀၀၀ အသံုးျပဳၿပီး ေရမႈန္ေရမႊား ပက္ျဖန္း

နယ္စပ္တစ္ေလွ်ာက္ ေတာမီးေၾကာင့္ မီးခိုးမ်ား ၿမိဳ႕တြင္းသို႔ ၀င္ေရာက္လာ၍ မယ္ဆိုင္ၿမိဳ႕တြင္ စည္ပင္ႏွင့္သက္ဆိုင္ရာတို႔ ပူးေပါင္းကာ ေရလီတာေပါင္း ၃၆,၀၀၀ အသံုးျပဳၿပီး ေရမႈန္ေရမႊား ပက္ျဖန္း
မတ် 13, 2019
By Tachileik News Agency
ထိုင္း - ျမန္မာ နယ္စပ္တစ္ေလွ်ာက္တြင္ ေတာမီးရႈိ႕မႈမ်ားေၾကာင့္ မီးခိုးမ်ားႏွင့္ ျပာစမ်ားမွာ ၿမိဳ႕တြင္းသို႔ ေလႏွင့္အတူ ပါလာမႈေၾကာင့္ က်န္းမာေရးထိခိုက္မႈမ်ား ဆိုးရြားစြာ မျဖစ္ေပၚေစေရးအတြက္ လူသူ သြားလာမႈမ်ားသည့္ ေနရာမ်ားတြင္ မယ္ဆိုင္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အပါအ၀င္ သက္ဆိုင္ရာမ်ားမွ  ေရမႈန္ေရမႊားျဖန္းပက္ေပးမႈအျဖစ္ မတ္လ(၁၃)ရက္ေန႔က ေရလီတာေပါင္း (၃၆,၀၀၀)အသံုးျပဳကာ ေနရာ(၃)ခုတြင္ ေရပက္ျဖန္းေပးခဲ့ေၾကာင္း မယ္ဆိုင္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၏ သတင္းထုတ္ျပန္ထားခ်က္အရ သိရသည္။

မယ္ဆိုင္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန ႏွင့္ သက္ဆိုင္ရာဌာမ်ားျဖင့္ ပူးေပါင္းကာ ၂၀၁၉ခုႏွစ္ မတ္လ(၁၃)ရက္ေန႔တြင္ အဓိက ေနရာ(၃)ခုျဖစ္သည့္ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးအမွတ္(၁)တံတားထိပ္၊ မယ္ဆိုင္ရဲစခန္းေရွ႕ ႏွင့္ မယ္ဆိုင္ၿမိဳ႕နယ္ရံုးေရွ႕တို႔တြင္ ယာဥ္အမွတ္ ဆခြန္(၄) ဆခြန္(၅)ယာဥ္တို႔ျဖင့္ ေရလီတာေပါင္း (၃၆,၀၀၀)ကို သံုးစြဲကာ ေလထုမွ မီးခိုးေငြ႔မ်ားကို ေရ၏အရွိန္ႏွင့္အတူ အနည္းငယ္ပေပ်ာက္ႏိုင္ရန္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

မတ္လ(၁၃)ရက္ေန႔၏ အေျခအေနမွာ မယ္ဆိုင္ၿမိဳ႕ ႏွင့္ တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးမ်ားမွာ သိသိသာသာဖံုးလႊမ္းလာသည့္ နည္းတူ ျပာစမ်ားလည္း လႊင့္ပါလာသည့္အတြက္ မ်က္ခမ္းစပ္မႈမ်ား၊ လည္ပင္းယားမႈမ်ားႏွင့္ ႏွာမြန္ၿပီး ႏွာေစးေခ်ာင္းဆိုးသူမ်ား၊ ႏွာေခါင္းေသြးယိုသူမ်ား တိုးလာေၾကာင္းလည္း သိရသည္။

"မယ္ဆိုင္မွာလည္း အတူတူပါပဲ အိမ္ထဲမွာလည္း မီးခိုးနံ႔ရလို႔ တံခါးေတြ အလံုပိတ္ထားရတယ္၊ ကြ်န္ေတာ္ေတာင္ ေန႔လည္က ႏွာေခါင္းေသြးေတာင္ယိုတယ္၊"ဟု မယ္ဆိုင္ၿမိဳ႕ေန ဦးထြန္း(မယ္ဆိုင္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕တြင္ ႏွစ္စဥ္ႏွစ္တိုင္း ေတာမီးခိုးမ်ားေၾကာင့္ အမ်ားျပည္သူမ်ား အေႏွာက္အယွက္ျဖစ္ေစရၿပီး က်န္းမာေရးထိခို္က္မႈအထိပါ ျဖစ္ေပၚသည့္အတြက္ မီးခိုးမ်ား ပေပ်ာက္ေရးအတြက္ ေရမႈန္ေရမႊားျဖန္းပက္ေပးမႈကို ျပဳလုပ္ေလ့ရွိရာတြင္ ၂၀၁၉ခုႏွစ္ မတ္လ(၁၁)ရက္ေန႔က စတင္ကာ ၿမိဳ႕တြင္း လူသူအသြားအလာအမ်ားဆံုး ေနရာမ်ားျဖစ္သည့္  ထိုင္း - ျမန္မာ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားထိပ္၊ မယ္ဆိုင္ရဲစခန္းေရွ႕၊ ေတာင္သူလယ္သမားဘဏ္ေရွ႕၊ တရုတ္ဘံုေက်ာင္းေရွ႕၊ ၿမိဳ႕နယ္ရံုးေရွ႕တို႔တြင္၂၀၁၉ခုႏွစ္ မတ္လ(၁၅)ရက္ေန႔အထိ ျဖန္းပက္ေပးသြားရန္ သတ္မွတ္ထားၿပီး သတ္မွတ္ရက္အတြင္း မေပ်ာက္ပါက ဆက္လက္လုပ္သြားရန္ အစီအစဥ္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
Photo: Tessaban Maesai


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်း - မြန်မာ နယ်စပ်တစ်လျှောက်တွင် တောမီးရှို့မှုများကြောင့် မီးခိုးများနှင့် ပြာစများမှာ မြို့တွင်းသို့ လေနှင့်အတူ ပါလာမှုကြောင့် ကျန်းမာရေးထိခိုက်မှုများ ဆိုးရွားစွာ မဖြစ်ပေါ်စေရေးအတွက် လူသူ သွားလာမှုများသည့် နေရာများတွင် မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးဌာန အပါအဝင် သက်ဆိုင်ရာများမှ ရေမှုန်ရေမွှားဖြန်းပက်ပေးမှုအဖြစ် မတ်လ(၁၃)ရက်နေ့က ရေလီတာပေါင်း (၃၆,ဝဝဝ)အသုံးပြုကာ နေရာ(၃)ခုတွင် ရေပက်ဖြန်းပေးခဲ့ကြောင်း မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးဌာန၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးဌာန နှင့် သက်ဆိုင်ရာဌာများဖြင့် ပူးပေါင်းကာ ၂၀၁၉ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် အဓိက နေရာ(၃)ခုဖြစ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်၊ မယ်ဆိုင်ရဲစခန်းရှေ့ နှင့် မယ်ဆိုင်မြို့နယ်ရုံးရှေ့တို့တွင် ယာဉ်အမှတ် ဆခွန်(၄) ဆခွန်(၅)ယာဉ်တို့ဖြင့် ရေလီတာပေါင်း (၃၆,ဝဝဝ)ကို သုံးစွဲကာ လေထုမှ မီးခိုးငွေ့များကို ရေ၏အရှိန်နှင့်အတူ အနည်းငယ်ပပျောက်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ(၁၃)ရက်နေ့၏ အခြေအနေမှာ မယ်ဆိုင်မြို့ နှင့် တာချီလိတ်မြို့တွင် မီးခိုးများမှာ သိသိသာသာဖုံးလွှမ်းလာသည့် နည်းတူ ပြာစများလည်း လွှင့်ပါလာသည့်အတွက် မျက်ခမ်းစပ်မှုများ၊ လည်ပင်းယားမှုများနှင့် နှာမွန်ပြီး နှာစေးချောင်းဆိုးသူများ၊ နှာခေါင်းသွေးယိုသူများ တိုးလာကြောင်းလည်း သိရသည်။

"မယ်ဆိုင်မှာလည်း အတူတူပါပဲ အိမ်ထဲမှာလည်း မီးခိုးနံ့ရလို့ တံခါးတွေ အလုံပိတ်ထားရတယ်၊ ကျွန်တော်တောင် နေ့လည်က နှာခေါင်းသွေးတောင်ယိုတယ်၊"ဟု မယ်ဆိုင်မြို့နေ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် နှစ်စဉ်နှစ်တိုင်း တောမီးခိုးများကြောင့် အများပြည်သူများ အနှောက်အယှက်ဖြစ်စေရပြီး ကျန်းမာရေးထိခို်က်မှုအထိပါ ဖြစ်ပေါ်သည့်အတွက် မီးခိုးများ ပပျောက်ရေးအတွက် ရေမှုန်ရေမွှားဖြန်းပက်ပေးမှုကို ပြုလုပ်လေ့ရှိရာတွင် ၂၀၁၉ခုနှစ် မတ်လ(၁၁)ရက်နေ့က စတင်ကာ မြို့တွင်း လူသူအသွားအလာအများဆုံး နေရာများဖြစ်သည့် ထိုင်း - မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်၊ မယ်ဆိုင်ရဲစခန်းရှေ့၊ တောင်သူလယ်သမားဘဏ်ရှေ့၊ တရုတ်ဘုံကျောင်းရှေ့၊ မြို့နယ်ရုံးရှေ့တို့တွင်၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့အထိ ဖြန်းပက်ပေးသွားရန် သတ်မှတ်ထားပြီး သတ်မှတ်ရက်အတွင်း မပျောက်ပါက ဆက်လက်လုပ်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
Photo: Tessaban Maesai

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net