မိုင်းဖုန်းဆရာတော်မှ တာလေငလျင် (၈)နှစ်ပြည့်အဖြစ် တာလေဘုန်းကြီးကျောင်းတွင် မေတ္တာပို့ အမျှဝေ

မိုင်းဖုန်းဆရာတော်မှ တာလေငလျင် (၈)နှစ်ပြည့်အဖြစ် တာလေဘုန်းကြီးကျောင်းတွင် မေတ္တာပို့ အမျှဝေ
မတျ 24, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် သေဆုံးသူများခဲ့ပြီး အိမ်အိုးပျက်စီးမှုများပြားခဲ့မှုဖြစ်စဉ်၏ တာလေငလျင် (၈)နှစ်ပြည့်ဖြစ်သည့် ၂၀၁၉ခုနှစ် မတ်လ(၂၄)ရက်နေ့တွင်  ည(၆)နာရီမှ ည(၈)နာရီအထိ မိုင်းဖုန်းဆရာတော်သည် တာလေမြို့ ရပ်ကွက်(၃)အတွင်းရှိ တာလေဘုန်းကြီးကျောင်းတွင် မေတ္တာပို့အမျှဝေကာ တရားတော်ဟောကြားသော်မူကြောင်း သိရသည်။

 သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် တာချီလိတ်မြို့နယ်အတွင်းရှိ ကျိုင်းလပ်မြို့တွင် ပြုလုပ်မည့် ထီးတော်တင်လှူပွဲသို့ ကြွရောက်ရန်အတွက် တာချီလိတ်မှတဆင့် ယနေ့ မတ်လ(၂၄)ရက်နေ့တွင် ထွက်ခွာရာ တာလေမြို့သို့ ညနေပိုင်းတွင် ရောက်ရှိပြီး တာလေဘုန်းကြီးကျောင်း၌ တာလေငလျင်(၈)နှစ်ပြည့်အဖြစ် မေတ္တာပို့သကာ အမျှအတန်းဝေခြင်း တရားတော်ဟောကြားခြင်းကို ပြုလုပ်ပြီး ကျိုင်းလပ်မြို့သို့ ဆက်လက် ကြွတော်မူသွားကြောင်း တာလေမြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်ထံက သိရသည်။

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၏ အုပ်ချုပ်မှူအောက်ရှိ တာလေမြို့တွင် ၂၀၁၁ ခုနှစ် မတ်လ(၂၄)ရက်နေ့ ညနေ(၈)နာရီခွဲအချိန်က အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်သွားခဲ့မှုကြောင့် အဆောင်အဦ (၃၆၆)လုံး ပြိုကျပျက်စီးခဲ့ရပြီး နေအိမ်နံရံ(၇၅)လုံး ပြိုကျခဲ့ရကြောင်းနှင့် နံရံအက်ကွဲ(၁၂၇)လုံး၊ ယိမ်းယိုင်အိမ်ခြေ(၁၈၂)လုံး စုစုပေါင်း အိမ်ခြေ(၇၅၀)လုံး ပျက်စီးခဲ့ရသည်မှာ စာရင်းအရဖြစ်ပြီး စာရင်းမဲ့အနေဖြင့် ပျက်စီးမှုများလည်း ရှိခဲ့ကြောင်းနှင့် လူသေဆုံးမှုမှာ အရပ်သား (၆၅)ဦး နှင့် တပ်ရင်တပ်ဖွဲ့မှ (၁၁)ဦး သေဆုံးမှုရှိခဲ့ကြောင်း အပြင် စာသင်ကျောင်း (၁၆)ကျောင်း လည်း ငလျင်ဒဏ်သင့်ခဲ့ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလမြေို့တွင် သေဆုံးသူများခဲ့ပြီး အိမ်အိုးပျက်စီးမှုများပြားခဲ့မှုဖြစ်စဉ်၏ တာလေငလျင် (၈)နှစ်ပြည့်ဖြစ်သည့် ၂၀၁၉ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် ည(၆)နာရီမှ ည(၈)နာရီအထိ မိုင်းဖုန်းဆရာတော်သည် တာလမြေို့ ရပ်ကွက်(၃)အတွင်းရှိ တာလေဘုန်းကြီးကျောင်းတွင် မေတ္တာပို့အမျှေဝကာ တရားတော်ဟောကြားသော်မူကြောင်း သိရသည်။

 သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် တာချီလိတ်မြို့နယ်အတွင်းရှိ ကျိုင်းလပ်မြို့တွင် ပြုလုပ်မည့် ထီးတော်တင်လှူပွဲသို့ ကြွရောက်ရန်အတွက် တာချီလိတ်မှတဆင့် ယနေ့ မတ်လ(၂၄)ရက်နေ့တွင် ထွက်ခွာရာ တာလမြေို့သို့ ညနေပိုင်းတွင် ရောက်ရှိပြီး တာလေဘုန်းကြီးကျောင်း၌ တာလေငလျင်(၈)နှစ်ပြည့်အဖြစ် မေတ္တာပို့သကာ အမျှအတန်းဝခြေင်း တရားတော်ဟောကြားခြင်းကို ပြုလုပ်ပြီး ကျိုင်းလပ်မြို့သို့ ဆက်လက် ကြွတော်မူသွားကြောင်း တာလမြေို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်ထံက သိရသည်။

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၏ အုပ်ချုပ်မှူအောက်ရှိ တာလမြေို့တွင် ၂၀၁၁ ခုနှစ် မတ်လ(၂၄)ရက်နေ့ ညနေ(၈)နာရီခွဲအချိန်က အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်သွားခဲ့မှုကြောင့် အဆောင်အဦ (၃၆၆)လုံး ပြိုကျပျက်စီးခဲ့ရပြီး နေအိမ်နံရံ(၇၅)လုံး ပြိုကျခဲ့ရကြောင်းနှင့် နံရံအက်ကွဲ(၁၂၇)လုံး၊ ယိမ်းယိုင်အိမ်ခြေ(၁၈၂)လုံး စုစုပေါင်း အိမ်ခြေ(၇၅၀)လုံး ပျက်စီးခဲ့ရသည်မှာ စာရင်းအရဖြစ်ပြီး စာရင်းမဲ့အနဖြေင့် ပျက်စီးမှုများလည်း ရှိခဲ့ကြောင်းနှင့် လူသေဆုံးမှုမှာ အရပ်သား (၆၅)ဦး နှင့် တပ်ရင်တပ်ဖွဲ့မှ (၁၁)ဦး သေဆုံးမှုရှိခဲ့ကြောင်း အပြင် စာသင်ကျောင်း (၁၆)ကျောင်း လည်း ငလျင်ဒဏ်သင့်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုင်းသန့်ဇင်လတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net