တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးျမဴမ်ားေၾကာင့္ ေလထုအရည္အေသြးက်လာ၍ ႏွာေခါင္းစည္းမ်ား ေပးေ၀ျခင္းႏွင့္ မီးခိုးျမဴေလွ်ာ့ခ်ေရးအတြက္ ေရျဖန္းေပးမႈမ်ား ေဆာင္ရြက္ေန

တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးျမဴမ်ားေၾကာင့္ ေလထုအရည္အေသြးက်လာ၍ ႏွာေခါင္းစည္းမ်ား ေပးေ၀ျခင္းႏွင့္ မီးခိုးျမဴေလွ်ာ့ခ်ေရးအတြက္ ေရျဖန္းေပးမႈမ်ား ေဆာင္ရြက္ေန
မတ် 14, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသမ်ားတစ္ေလွ်ာက္ ေတာမီးႏွင့္ ေတာင္ယာမီးရိႈ႕မႈမ်ားေၾကာင့္ မီးခိုးႏွင့္ ျပာမႈန္မ်ားထူထပ္စြာပိတ္ေနၿပီး ေလထုအရည္အေသြးက်ဆင္းေနသျဖင့္ က်န္းမာေရးသတိေပးခ်က္မ်ား လွည့္လည္ေၾကျငာအသိေပးျခင္း၊ ႏွာေခါင္းစည္းမ်ားေဝငွျခင္းႏွင့္ မီးသတ္ေရယာဥ္မ်ားျဖင့္ ေရဖ်န္းျခင္းမ်ားကို ေဒသတာဝန္ရိွသူမ်ားက၂၀၁၉ ခုႏွစ္၊ မတ္လ (၁၄) ရက္ေန႔ နံနက္ပိုင္းမွစ၍ လုပ္ေဆာင္ေနသည္ကို ေတြ႔ရသည္။
"တာခ်ီလိတ္ၿမိဳ႕ထဲမွာ တစ္ေန႔ကို (၃) ႀကိမ္ေပါ့။ မီးခိုးရဲ႕ထူထပ္မႈ အေျခအေနကိုၾကည့္ၿပီးမွ လိုအပ္သေလာက္ ထပ္ၿပီးမွ ေဆာင္ရြက္ၾကပါမယ္။ လိုအပ္တဲ့စက္သံုးဆီေတြ၊ ကုန္က်စရိတ္ေတြကို ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီက တာ၀န္ယူၿပီးေတာ့ ေဆာင္ရြက္ေပးပါမယ္။ ျပည္သူေတြကိုလည္း ေၾကျငာခ်က္ေလး ထုတ္ျပန္ေပးပါမယ္။ က်န္းမာေရး၀န္ႀကီးဌာနကလည္း လူနာတင္ယာဥ္ေတြ အဆင္သင့္ထားေပးဖို႔ စီစဥ္ထားပါတယ္။ လူမႈကူညီေရး အသင္းေတြကလည္း ကားေတြ အဆင္သင့္ စီမံထားပါတယ္။ တကယ္လို႔ အသက္ရႈၾကပ္တယ္ဆိုရင္ ခက္ခဲလာတယ္ဆိုရင္ လမ္းမေပၚမွာပဲ ကူညီေဆာင္ရြက္ႏိုင္ေအာင္ က်န္းမာေရး၀န္ႀကီးဌာနနဲ႔လည္း ဆက္သြယ္ ေဆာင္ရြက္ထားပါတယ္။ ေအာက္ဆီဂ်င္ဘူးေတြက ကားေတြေပၚမွာ အဆင္သင့္ရိွပါတယ္"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေလထုအရည္အေသြးတိုင္းတာေရးကိရိယာမွာ တာခ်ီလိတ္ၿမိဳ႕တြင္ မရိွသျဖင့္ ထိုင္းႏိုင္ငံမွ ငွားရမ္းၿပီး တာခ်ီလိတ္ၿမိဳ႕တြင္း ေနရာ (၁၀) ခုတြင္ ထားရိွစစ္ေဆးရန္အတြက္ ျမန္မာ-ထိုင္း ၿမိဳ႕နယ္အဆင့္နယ္ျခား ေကာ္မတီ (TBC) မွတစ္ဆင့္ အကူအညီေတာင္းခံထားေၾကာင္း တာခ်ီလိတ္ခရိုင္ေဆးရံုႀကီးမွ လက္ေထာက္ဆရာ၀န္ ေဒါက္တာ ခန္႔လင္းစိုးထံမွ သိရိွရၿပီး ေတာင္ႀကီးၿမိဳ႕ရိွ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရး ဦးစီးဌာနမွ ၀န္ထမ္းမ်ားကလည္း ေလထုတိုင္းတာေရးစက္ကိရိယာမ်ားျဖင့္ တာခ်ီလိတ္ၿမိဳ႕သို႔ မၾကာမီ လာေရာက္တိုင္းတာ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။
 "ေလထုညစ္ညမ္းမႈအဆင့္က ဒီမနက္ရတဲ့ သတင္းအရ (၁၆၀) ေလာက္ျဖစ္ေနတယ္ေပါ့။ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ျပႆနာကို အဆိုးရြားဆံုး ထိခိုက္ေစတာေတာ့ မဟုတ္ေသးဘူး။ အျပင္ထြက္တာေတြ ေရွာင္ရွားဖို႔၊ ေရာဂါရိွတဲ့သူေတြအိမ္ထဲေနဖို႔ေကာင္းတဲ့အဆင့္ေပါ့။ တစ္ဖက္ႏိုင္ငံမွာေတာ့ မီးခိုးေငြ႕အဆင့္က သူတို႔ဘက္မွာ ပိုၿပီးျမင့္မားတယ္။ သူတို႔ဘက္မွာေတာ့ (၂၈၀)ေလာက္ ခရမ္းေရာင္အဆင့္ေလာက္ ျဖစ္ေနၿပီ။ ကိုယ္တို႔ဘက္မွာေတာ့ ျမင္ကြင္း ကန္႔သတ္ခ်က္က ဒီေလာက္မမ်ားေသးဘူး။ အသက္ရႈလမ္းေၾကာင္းကလည္း ဒီေလာက္မမ်ားေသးဘူး။ ဒါေပမဲ့့ျပည္သူေတြအတြက္ လုပ္ေပးဖို႔အခု စီမံေနပါၿပီ"ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ေျပာသည္။
လက္ရိွတြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ျပည္သူမ်ားအတြက္ အခမဲ့ေဝငွေပးရန္ ႏွာေခါင္းစည္း အေရအတြက္ (၅,၀၀၀) ဝယ္ယူရာ ထိုင္းႏိုင္ငံဖက္တြင္ တစ္ခုလွ်င္ (၄) ဘတ္ႏႈန္းျဖင့္ ဝယ္ယူရသည့္ ႏွာေခါင္းစည္း အား တာခ်ီလိတ္ၿမိဳ႕ရိွဆုိင္မ်ားမွ တစ္ခုလွ်င္ (၁၀)ဘတ္မွ ဘတ္ (၂၀)အထိေပး၍ ဝယ္ယူခဲ့ရေၾကာင္း သိရသည္။
ထုိင္းႏုိင္ငံတြင္း စိုက္ပ်ိဳးေျမမ်ားစြာရိွသည့္ ခ်င္းမိုင္ေဒသတြင္ စိုက္ပ်ိဳးရာသီအတြင္း မီးရိႈ႕ၾကသည့္ဓေလ့ေၾကာင့္ တာခ်ီလိတ္ႏွင့္နယ္စပ္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕တြင္ မီးခိုးျမဴထူထပ္စြာပိတ္ကာ ေလထုအရည္အေသြးက်ဆင္းမႈတြင္ ကမၻာ့နံပါတ္တစ္အဆင့္ထိ ေရာက္ေနၿပီး နယ္စပ္ေဒသမ်ားျဖစ္သည့္ ျမန္မာႏွင့္ လာအိုဘက္သို႔ပါ သက္ေရာက္မႈမ်ားရိွေနသည့္အျပင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္လည္း ေတာင္ယာအတြက္ မီးရိႈ႕မႈမ်ားရိွေနျခင္းျဖစ္သည္။
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် နှစ်နိုင်ငံနယ်စပ်ဒေသများတစ်လျှောက် တောမီးနှင့် တောင်ယာမီးရှို့မှုများကြောင့် မီးခိုးနှင့် ပြာမှုန်များထူထပ်စွာပိတ်နပြေီး လေထုအရည်အသွေးကျဆင်းနေသဖြင့် ကျန်းမာရေးသတိပေးချက်များ လှည့်လည်ကြငြောအသိပေးခြင်း၊ နှာခေါင်းစည်းများဝေငှခြင်းနှင့် မီးသတ်ရေယာဉ်များဖြင့် ရေဖျန်းခြင်းများကို ဒေသတာဝန်ရှိသူများက၂၀၁၉ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းမှစ၍ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

"တာချီလိတ်မြို့ထဲမှာ တစ်နေ့ကို (၃) ကြိမ်ပေါ့။ မီးခိုးရဲ့ထူထပ်မှု အခြေအနေကိုကြည့်ပြီးမှ လိုအပ်သလောက် ထပ်ပြီးမှ ဆောင်ရွက်ကြပါမယ်။ လိုအပ်တဲ့စက်သုံးဆီတွေ၊ ကုန်ကျစရိတ်တွေကို ခရိုင်စီမံခန့်ခွဲမှုကော်မတီက တာဝန်ယူပြီးတော့ ဆောင်ရွက်ပေးပါမယ်။ ပြည်သူတွေကိုလည်း ကြငြောချက်လေး ထုတ်ပြန်ပေးပါမယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း လူနာတင်ယာဉ်တွေ အဆင်သင့်ထားပေးဖို့ စီစဉ်ထားပါတယ်။ လူမှုကူညီရေး အသင်းတွေကလည်း ကားတွေ အဆင်သင့် စီမံထားပါတယ်။ တကယ်လို့ အသက်ရှုကြပ်တယ်ဆိုရင် ခက်ခဲလာတယ်ဆိုရင် လမ်းမပေါ်မှာပဲ ကူညီဆောင်ရွက်နိုင်အောင် ကျန်းမာရေးဝန်ကြီးဌာနနဲ့လည်း ဆက်သွယ် ဆောင်ရွက်ထားပါတယ်။ အောက်ဆီဂျင်ဘူးတွေက ကားတွေပေါ်မှာ အဆင်သင့်ရှိပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လေထုအရည်အသွေးတိုင်းတာရေးကိရိယာမှာ တာချီလိတ်မြို့တွင် မရှိသဖြင့် ထိုင်းနိုင်ငံမှ ငှါးရမ်းပြီး တာချီလိတ်မြို့တွင်း နေရာ (၁၀) ခုတွင် ထားရှိစစ်ဆေးရန်အတွက် မြန်မာ-ထိုင်း မြို့နယ်အဆင့်နယ်ခြား ကော်မတီ (TBC) မှတစ်ဆင့် အကူအညီတောင်းခံထားကြောင်း တာချီလိတ်ခရိုင်ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ ခန့်လင်းစိုးထံမှ သိရှိရပြီး တောင်ကြီးမြို့ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများကလည်း လေထုတိုင်းတာရေးစက်ကိရိယာများဖြင့် တာချီလိတ်မြို့သို့ မကြာမီ လာရောက်တိုင်းတာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 "လေထုညစ်ညမ်းမှုအဆင့်က ဒီမနက်ရတဲ့ သတင်းအရ (၁၆၀) လောက်ဖြစ်နေတယ်ပေါ့။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာကို အဆိုးရွားဆုံး ထိခိုက်စေတာတော့ မဟုတ်သေးဘူး။ အပြင်ထွက်တာတွေ ရှောင်ရှားဖို့၊ ရောဂါရှိတဲ့သူတွေအိမ်ထဲနေဖို့ကောင်းတဲ့အဆင့်ပေါ့။ တစ်ဖက်နိုင်ငံမှာတော့ မီးခိုးငွေ့အဆင့်က သူတို့ဘက်မှာ ပိုပြီးမြင့်မားတယ်။ သူတို့ဘက်မှာတော့ (၂၈၀)လောက် ခရမ်းရောင်အဆင့်လောက် ဖြစ်နပြေီ။ ကိုယ်တို့ဘက်မှာတော့ မြင်ကွင်း ကန့်သတ်ချက်က ဒီလောက်မများသေးဘူး။ အသက်ရှုလမ်းကြောင်းကလည်း ဒီလောက်မများသေးဘူး။ ဒါပေမဲ့ပြည်သူတွေအတွက် လုပ်ပေးဖို့အခု စီမံနေပါပြီ"ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

လက်ရှိတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူများအတွက် အခမဲ့ဝေငှပေးရန် နှာခေါင်းစည်း အရေအတွက် (၅,ဝဝဝ) ဝယ်ယူရာ ထိုင်းနိုင်ငံဖက်တွင် တစ်ခုလျှင် (၄) ဘတ်နှုန်းဖြင့် ဝယ်ယူရသည့် နှာခေါင်းစည်း အား တာချီလိတ်မြို့ရှိဆိုင်များမှ တစ်ခုလျှင် (၁၀)ဘတ်မှ ဘတ် (၂၀)အထိပေး၍ ဝယ်ယူခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း စိုက်ပျိုးမြေများစွာရှိသည့် ချင်းမိုင်ဒေသတွင် စိုက်ပျိုးရာသီအတွင်း မီးရှို့ကြသည့်ဓလေ့ကြောင့် တာချီလိတ်နှင့်နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မီးခိုးမြူထူထပ်စွာပိတ်ကာ လေထုအရည်အသွေးကျဆင်းမှုတွင် ကမ္ဘာ့နံပါတ်တစ်အဆင့်ထိ ရောက်နပြေီး နယ်စပ်ဒေသများဖြစ်သည့် မြန်မာနှင့် လာအိုဘက်သို့ပါ သက်ရောက်မှုများရှိနေသည့်အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်လည်း တောင်ယာအတွက် မီးရှို့မှုများရှိနခြေင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net