တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းပေးထားသူ (၁,၁၅၂)ဦးအနက် (၈၂)ဦး လာရောက်မဖြေဆို

တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းပေးထားသူ (၁,၁၅၂)ဦးအနက် (၈၂)ဦး လာရောက်မဖြေဆို
မတ် 6, 2019
By Tachileik News Agency


တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာန(၃)ခုဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)နှင့် အခြေခံပညာအထက်တန်းကျောင်း(တာလေ)တို့တွင် အတွင်းဖြေအဖြစ် စာရင်းပေး ကတ်ပြားထုတ်ထားသူ(၆၈၆)ဦး ရှိသော်လည်း တကယ်တမ်း လာရောက်ဖြေဆိုရာတွင် (၆၅၁)ဦးသာရှိပြီး အပြင်ဖြေအနေဖြင့် စာရင်းပေး ကတ်ပြားထုတ်ထားသူမှာ (၄၆၆)ဦး ရှိသော်လည်း လာရောက်ဖြေဆိုသူမှာ (၄၁၉)ဦးရှိရာ မူလစာရင်းပေး ကတ်ပြားထုတ်ထားသူ (၁,၁၅၂)ဦးတွင် (၈၂)ဦးမှာ အကြောင်းအမျိုးမျိုးကြောင့် လာရောက်ဖြေဆိုနိုင်ခြင်း မရှိကြောင်းသိရသည်။




Tachileik News Agency
ဓါတ်ပုံ - ဇောင်းညီ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် ကတ်ပြားထုတ်ထားသူ ကျောင်းသား၊ ကျောင်းသူ (၁,၁၅၂)ဦး အနက် (၁,ဝ၇၀)ဦး လာရောက်၍ ပထမနေ့ ဖြစ်သည့် ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့တွင် ဖြေဆိုကြကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာန(၃)ခုဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)နှင့် အခြေခံပညာအထက်တန်းကျောင်း(တာလေ)တို့တွင် အတွင်းဖြေအဖြစ် စာရင်းပေး ကတ်ပြားထုတ်ထားသူ(၆၈၆)ဦး ရှိသော်လည်း တကယ်တမ်း လာရောက်ဖြေဆိုရာတွင် (၆၅၁)ဦးသာရှိပြီး အပြင်ဖြေအနဖြေင့် စာရင်းပေး ကတ်ပြားထုတ်ထားသူမှာ (၄၆၆)ဦး ရှိသော်လည်း လာရောက်ဖြေဆိုသူမှာ (၄၁၉)ဦးရှိရာ မူလစာရင်းပေး ကတ်ပြားထုတ်ထားသူ (၁,၁၅၂)ဦးတွင် (၈၂)ဦးမှာ အကြောင်းအမျိုးမျိုးကြောင့် လာရောက်ဖြေဆိုနိုင်ခြင်း မရှိကြောင်းသိရသည်။

စာစစ်ဌာန(၃)ခုတွင် ဖြေဆိုရန် ပျက်ကွက်သူမှာ ကျောင်းသား(၃၆)ဦး နှင့် ကျောင်းသူ(၄၆)ဦးရှိကြောင်းလည်းသိရသည်။

၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့မှ မတ်လ(၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စာစစ်ဌာန(၃)ခုတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၀၅၀)ဦး ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။

Tachileik News Agency

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net