Hickel နှင့် Solomon Island Soloco Traditional Candy အမည်ထုတ်ကုန်များမှာ ဘေးအန္တရာယ်ဖြစ်စေကြောင်း FDA သတင်းထုတ်ပြန်

Hickel နှင့် Solomon Island Soloco Traditional Candy အမည်ထုတ်ကုန်များမှာ ဘေးအန္တရာယ်ဖြစ်စေကြောင်း FDA သတင်းထုတ်ပြန်
မတျ 7, 2019
By Tachileik News Agency


စင်္ကာပူကျန်းမာရေးသိပ္ပံ (Health Sciences Authority HAS)ထံသို့ ဂျာနယ်လစ်တစ်ယောက်နှင့် နယ်စပ်စစ်ဆေးရေးဂိတ်၏ လူဝင်မှုကြီးကြပ်ရေးဌာနတို့မှ အဆိုပါကုန်ပစ္စည်း(၂)မျိုးကို ပေးပို့ခဲ့သဖြင့် ဓါတ်ခွဲစစ်ဆေးရာ Tadalafil ပမာဏမှာ ပုံမှန်နေ့စဉ်သောက်သုံးသင့်သည်ထက် အဆ (၃၀)ပိုများနေသဖြင့် သောက်သုံးသူများအနေဖြင့် နှလုံးနှင့်ပတ်သက်သောရောဂါများ၊ လေဖြတ်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ အကြားအာရုံချို့တဲ့ခြင်းတို့ ဖြစ်ပွားနိုင်ပြီး ထုတ်လုပ်သူအမည်ကိုလည်း ဖေါ်ပြထားခြင်းမရှိကြောင်း သိရသည်။

အဆိုပါကုန်ပစ္စည်းအမှတ်တံဆိပ်(၂)ခုကို Facebook နှင့် အွန်လိုင်းလူမှုကွန်ယက်တို့တွင် ဘေးထွက်ဆိုးကျိုးမရှိ ရာနှုန်းပြည့်သဘာဝပစ္စည်းများဖြင့်ထုတ်လုပ်ထားပြီး နှလုံးသွေးကြောနှင့် ကျောက်ကပ်အားကောင်းခြင်း၊ ပင်ပန်းနွမ်းနယ်မှုသက်သာပျောက်ကင်းခြင်း၊ ကိုယ်ခံစားအားကောင်းစေခြင်းစသဖြင့် အလွန်အကျွံဖေါ်ပြမှုများဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ကုန်များအား အများပြည်သူအနေဖြင့် ဝယ်ယူသုံးစွဲခြင်းကို အထူးရှောင်ကြဉ်ကြရန်နှင့် ရောင်းချသူများအနေဖြင့် ရောင်းချခြင်းအားရပ်ဆိုင်းကြရန် သတိပေးလိုက်ပြီး ရောင်းချသည်ကို တွေ့ရပါက ထောင်ဒဏ်(၃)နှစ်အထိဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

Tachileik News Agency
ဓါတ်ပုံ - FDA



~~~~~~~~⊰❂ Unicode Version ~~~~~~~~

အွန်လိုင်းဈေးကွက်တွင် ဘေးထွက်ဆိုးကျိုးမရှိ ရာနှုန်းပြည့်သဘာဝပစ္စည်းများဖြင့်ထုတ်လုပ်သည်ဟုေ

ကြာ်ငြာထားသည့် Hickel အမည်နှင့် Solomon Island Soloco Traditional Candy အမည်ဖြင့် ရောင်းချနေသည့် ကုန်ပစ္စည်းများကို စင်္ကာပူကျန်းမာရေးသိပ္ပံ၏ ဓာတ်ခွဲစစ်ဆေးချက်အရ စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတိပေးထားကြောင်း မြန်မာ FDA က သတင်းထုတ်ပြန်သည်။

စင်္ကာပူကျန်းမာရေးသိပ္ပံ (Health Sciences Authority HAS)ထံသို့ ဂျာနယ်လစ်တစ်ယောက်နှင့် နယ်စပ်စစ်ဆေးရေးဂိတ်၏ လူဝင်မှုကြီးကြပ်ရေးဌာနတို့မှ အဆိုပါကုန်ပစ္စည်း(၂)မျိုးကို ပေးပို့ခဲ့သဖြင့် ဓာတ်ခွဲစစ်ဆေးရာ Tadalafil ပမာဏမှာ ပုံမှန်နေ့စဉ်သောက်သုံးသင့်သည်ထက် အဆ (၃၀)ပိုများနေသဖြင့် သောက်သုံးသူများအနဖြေင့် နှလုံးနှင့်ပတ်သက်သောရောဂါများ၊ လဖြေတ်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ အကြားအာရုံချို့တဲ့ခြင်းတို့ ဖြစ်ပွားနိုင်ပြီး ထုတ်လုပ်သူအမည်ကိုလည်း ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

အဆိုပါကုန်ပစ္စည်းအမှတ်တံဆိပ်(၂)ခုကို Facebook နှင့် အွန်လိုင်းလူမှုကွန်ယက်တို့တွင် ဘေးထွက်ဆိုးကျိုးမရှိ ရာနှုန်းပြည့်သဘာဝပစ္စည်းများဖြင့်ထုတ်လုပ်ထားပြီး နှလုံးသွေးကြောနှင့် ကျောက်ကပ်အားကောင်းခြင်း၊ ပင်ပန်းနွမ်းနယ်မှုသက်သာပျောက်ကင်းခြင်း၊ ကိုယ်ခံစားအားကောင်းစခြေင်းစသဖြင့် အလွန်အကျွံဖော်ပြမှုများဖြင့် ရောင်းချနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ကုန်များအား အများပြည်သူအနဖြေင့် ဝယ်ယူသုံးစွဲခြင်းကို အထူးရှောင်ကြဉ်ကြရန်နှင့် ရောင်းချသူများအနဖြေင့် ရောင်းချခြင်းအားရပ်ဆိုင်းကြရန် သတိပေးလိုက်ပြီး ရောင်းချသည်ကို တွေ့ရပါက ထောင်ဒဏ်(၃)နှစ်အထိဖြစ်စေ၊ ဒဏ်ငွဖြေစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

Tachileik News Agency
ဓာတ်ပုံ - FDA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net