နယ္စပ္တစ္ေလွ်ာက္ ေတာမီးခိုးမ်ားေၾကာင့္ တာခ်ီလိတ္ၿမိဳ႕တြင္း ျပည္သူ႔က်န္းမာေရးကာကြယ္မႈေပးရန္အတြက္ ေလထုအရည္အေသြးစမ္းသပ္တိုင္းတာမႈကို ထိုင္းႏိုင္ငံမွရယူေဆာင္ရြက္မည္

နယ္စပ္တစ္ေလွ်ာက္ ေတာမီးခိုးမ်ားေၾကာင့္ တာခ်ီလိတ္ၿမိဳ႕တြင္း ျပည္သူ႔က်န္းမာေရးကာကြယ္မႈေပးရန္အတြက္ ေလထုအရည္အေသြးစမ္းသပ္တိုင္းတာမႈကို ထိုင္းႏိုင္ငံမွရယူေဆာင္ရြက္မည္
မတ် 13, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္ မတ္လအတြင္း မီးခိုးျမဴမႈန္မ်ားႏွင့္ မီးခိုးျပာမ်ားက်ဆင္းမႈျဖစ္ေပၚေနသျဖင့္ ျပည္သူမ်ားက်န္းမာေရးကာကြယ္ ေစာင့္ေရွာက္မႈမ်ားလုပ္ေဆာင္ေပးႏိုင္ရန္အတြက္ ထိုင္းႏိုင္ငံဘက္မွ ေလထုအရည္အေသြးတိုင္းတာထားသည့္ ရလဒ္မ်ားကို ေတာင္းခံရယူကာ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေလထုအရည္အေသြးတိုင္းတာေရးအတြက္ စက္ကိရိယာပစၥည္းမရိွသကဲ့သို႔ မည္သည့္ဌာနမွတ ာ၀န္ယူေဆာင္ရြက္တိုင္းတာမည္ကို မသိရိွရသျဖင့္ ထိုင္းႏိုင္ငံမွ ေလထုအရည္အေသြးတိုင္းတာထားမႈရလဒ္မ်ားႏွင့္ ထိုင္းႏိုင္ငံက်န္းမာေရးဌာနမွ ေဆာင္ရြက္ထားရိွမႈမ်ားကို ေတာင္းခံေလ့လာသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေလထုထဲမွာ ဘာေတြပါတယ္ေပါ့။ ေလထုအရည္အေသြးစမ္းထားတဲ့ဟာေပါ့။ ေလထုထဲမွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြမ်ားတယ္။ ကာဗြန္မိုေနာက္ဆိုဒ္ေတြမ်ားတယ္။ အဲဒါေတြ သိရင္ေတာ့ ကၽြန္ေတာ္တို႔ဘာေတြလုပ္သင့္တယ္ ဆိုတာဆံုးျဖတ္လို႔ရတာေပါ့။  သူတို႔ဆီက ရလဒ္ ဘာရလဲ ေမးၾကည့္ရမွာေပါ့။ စမ္းသပ္တဲ့ဟာကိုေတာ့ သူတို႔ဆီက အလြယ္တကူ ယူရံုပဲရိွေတာ့မယ္"ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊ၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ(၁၃)ရက္ေန႔တြင္ ေျပာသည္။

မီးခိုးျမဴမ်ားေၾကာင့္ မ်က္ခမ္းစပ္ေရာဂါ၊ အာသီးေရာင္ေရာဂါ၊ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားျဖစ္ပြားတတ္ၿပီး ယခုရက္ပိုင္းအတြင္း ႏွာေခါင္းေသြးလွ်ံသည့္ လူနာမ်ား၊ အသက္ရႈၾကပ္ၿပီး အာသီးေရာင္သည့္ လူနာမ်ား ေဆးခန္းမ်ားသို႔ လာေရာက္မႈမ်ားရိွေနေၾကာင္းသိရသည္။   

"အျပင္ဘာညာထြက္မယ္ဆိုလို႔ရိွရင္ ႏွာေခါင္းစည္းေပါ့။ ႏွာေခါင္းစည္းမွာမွ ေရေလးနည္းနည္းစြတ္ၿပီးေတာ့ ထားရင္ေတာ့ ပိုေကာင္းတာေပါ့။ ႏွာေခါင္းစည္းလက္၀ယ္ မရိွဘူးဆိုရင္လည္းရတယ္၊ ကိုယ့္လက္ကိုင္ပ၀ါျဖစ္ျဖစ္ သန္႔တဲ့ဟာကိုေရစြတ္အုပ္ၿပီး အဲဒီလိုသံုးလို႔ရတယ္။ ကေလးငယ္ေတြ သက္ႀကီးရြယ္အိုေတြက အိမ္ထဲမွာေနရင္ အသင့္ေတာ္ဆံုးျဖစ္လိမ့္မယ္။ ေနာက္ၿပီး ပန္းနာရင္ၾကပ္ရိွတဲ့သူ၊ ႏွလံုးေရာဂါရိွတဲ့သူေတြ အိမ္ထဲမွာေနရင္ အသင့္ေတာ္ဆံုးျဖစ္လိမ့္မယ္"ဟု အေထြေထြေရာဂါကုဆရာ၀န္ ေဒါက္တာျပည့္ျမင့္ျမတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာင္ယာမီးရိႈမႈမ်ားေၾကာင့္ တာခ်ီလိတ္ၿမိဳ႕တြင္ႏွစ္စဥ္ မတ္လအတြင္း မီးခိုးျမဴမ်ားႏွင့္ ျပာမႈန္မ်ားၿမိဳ႕တြင္း လမ္းမမ်ားထက္တြင္ ေန႔စဥ္က်ေရာက္တတ္သလို ေလယာဥ္မ်ားဆင္းသက္ရန္လည္း အခက္အခဲမ်ားျဖစ္ေပၚတတ္ေလ့ရိွေၾကာင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕တြင္ စက္ရံုမ်ားနည္းပါးကာ ေမာ္ေတာ္ယာဥ္မ်ားလည္းနည္းပါးသျဖင့္ မီးခိုးထြက္ရိွမႈနည္းပါးေနၿပီး လက္ရိွျပႆနာမ်ားေျပလည္ေစရန္မွာ ေတာင္ယာမီးရိႈမႈမ်ား ထိန္းခ်ဳပ္ရန္လိုအပ္ေၾကာင္း ၎ကဆိုသည္။

ျမန္မာ - ထိုင္းနယ္စပ္တစ္ေလွ်ာက္ ေတာမီးမ်ားေၾကာင့္ မီးခိုးျပာမႈန္႔မ်ားဖံုးလႊမ္းမႈျဖစ္စဥ္သည္ ယခုႏွစ္မွစတင္ျခင္း မဟုတ္ပဲ ၿပီးခဲ့သည့္ ၂၀၁၄ ခုႏွစ္ မတ္လ(၂၀)ရက္ေန႔က ေတာမီးခိုးေတြေၾကာင့္ တာခ်ီလိတ္ေလဆိပ္မွတဆင့္ ေျပးဆြဲေနသည့္ ေလယာဥ္ခရီးစဥ္မ်ား အခ်ိန္ေျပာင္းလဲေျပးဆြဲျခင္း၊ ခရီးစဥ္ဖ်က္သိမ္းခဲ့ျခင္းမ်ားျဖစ္ခဲ့သည့္အထိ  ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ် မတ်လအတွင်း မီးခိုးမြူမှုန်များနှင့် မီးခိုးပြာများကျဆင်းမှုဖြစ်ပေါ်နေသဖြင့် ပြည်သူများကျန်းမာရေးကာကွယ် စောင့်ရှောက်မှုများလုပ်ဆောင်ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံဘက်မှ လေထုအရည်အသွေးတိုင်းတာထားသည့် ရလဒ်များကို တောင်းခံရယူကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"လေထုထဲမှာ ဘာတွေပါတယ်ပေါ့။ လေထုအရည်အသွေးစမ်းထားတဲ့ဟာပေါ့။ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများတယ်။ ကာဗွန်မိုနောက်ဆိုဒ်တွေများတယ်။ အဲဒါတွေ သိရင်တော့ ကျွန်တော်တို့ဘာတွေလုပ်သင့်တယ် ဆိုတာဆုံးဖြတ်လို့ရတာပေါ့။ သူတို့ဆီက ရလဒ် ဘာရလဲ မေးကြည့်ရမှာပေါ့။ စမ်းသပ်တဲ့ဟာကိုတော့ သူတို့ဆီက အလွယ်တကူ ယူရုံပဲရှိတော့မယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၃)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် လေထုအရည်အသွေးတိုင်းတာရေးအတွက် စက်ကိရိယာပစ္စည်းမရှိသကဲ့သို့ မည်သည့်ဌာနမှတာဝန်ယူဆောင်ရွက်တိုင်းတာမည်ကို မသိရှိရသဖြင့် ထိုင်းနိုင်ငံမှ လေထုအရည်အသွေးတိုင်းတာထားမှုရလဒ်များနှင့် ထိုင်းနိုင်ငံကျန်းမာရေးဌာနမှ ဆောင်ရွက်ထားရှိမှုများကို တောင်းခံလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

မီးခိုးမြူများကြောင့် မျက်ခမ်းစပ်ရောဂါ၊ အာသီးရောင်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားတတ်ပြီး ယခုရက်ပိုင်းအတွင်း နှာခေါင်းသွေးလျှံသည့် လူနာများ၊ အသက်ရှုကြပ်ပြီး အာသီးရောင်သည့် လူနာများ ဆေးခန်းများသို့ လာရောက်မှုများရှိနေကြောင်းသိရသည်။

"အပြင်ဘာညာထွက်မယ်ဆိုလို့ရှိရင် နှာခေါင်းစည်းပေါ့။ နှာခေါင်းစည်းမှာမှ ရေလေးနည်းနည်းစွတ်ပြီးတော့ ထားရင်တော့ ပိုကောင်းတာပေါ့။ နှာခေါင်းစည်းလက်ဝယ် မရှိဘူးဆိုရင်လည်းရတယ်၊ ကိုယ့်လက်ကိုင်ပဝါဖြစ်ဖြစ် သန့်တဲ့ဟာကိုရေစွတ်အုပ်ပြီး အဲဒီလိုသုံးလို့ရတယ်။ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေက အိမ်ထဲမှာနေရင် အသင့်တော်ဆုံးဖြစ်လိမ့်မယ်။ နောက်ပြီး ပန်းနာရင်ကြပ်ရှိတဲ့သူ၊ နှလုံးရောဂါရှိတဲ့သူတွေ အိမ်ထဲမှာနေရင် အသင့်တော်ဆုံးဖြစ်လိမ့်မယ်"ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာပြည့်မြင့်မြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာင်ယာမီးရှိုမှုများကြောင့် တာချီလိတ်မြို့တွင်နှစ်စဉ် မတ်လအတွင်း မီးခိုးမြူများနှင့် ပြာမှုန်များမြို့တွင်း လမ်းမများထက်တွင် နေ့စဉ်ကျရောက်တတ်သလို လေယာဉ်များဆင်းသက်ရန်လည်း အခက်အခဲများဖြစ်ပေါ်တတ်လေ့ရှိကြောင်းနှင့် တာချီလိတ်မြို့တွင် စက်ရုံများနည်းပါးကာ မော်တော်ယာဉ်များလည်းနည်းပါးသဖြင့် မီးခိုးထွက်ရှိမှုနည်းပါးနပြေီး လက်ရှိပြဿနာများပြေလည်စေရန်မှာ တောင်ယာမီးရှိုမှုများ ထိန်းချုပ်ရန်လိုအပ်ကြောင်း၎င်းကဆိုသည်။

မြန်မာ - ထိုင်းနယ်စပ်တစ်လျှောက် တောမီးများကြောင့် မီးခိုးပြာမှုန့်များဖုံးလွှမ်းမှုဖြစ်စဉ်သည် ယခုနှစ်မှစတင်ခြင်း မဟုတ်ပဲ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လ(၂၀)ရက်နေ့က တောမီးခိုးတွေကြောင့် တာချီလိတ်လေဆိပ်မှတဆင့် ပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်များ အချိန်ပြောင်းလဲပြေးဆွဲခြင်း၊ ခရီးစဉ်ဖျက်သိမ်းခဲ့ခြင်းများဖြစ်ခဲ့သည့်အထိ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net