မြန်မာ - ထိုင်းနယ်စပ် ချောင်းရေတိုက်စားခံနေရသည့် တာချီလိတ်မြို့ရှိ ရွှေနန်းတော်ကုန်တိုက်အတွင်း မြေထိန်းနံရံတည်ဆောက်မှု ဇွန်လကုန် အပြီးသတ်မည်
မြန်မာ - ထိုင်းနယ်စပ် ချောင်းရေတိုက်စားခံနေရသည့် တာချီလိတ်မြို့ရှိ ရွှေနန်းတော်ကုန်တိုက်အတွင်း မြေထိန်းနံရံတည်ဆောက်မှု ဇွန်လကုန် အပြီးသတ်မည်
မတျ 26, 2019
By Tachileik News Agency
မြန်မာ - ထိုင်း နယ်စပ်မြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်နမိတ်အတွင်း မယ်ဆိုင်မယ်ဟောက် နယ်စပ်ချောင်း ရေတိုက်စားမှုကို ယာယီသဲအိတ်များဖြင့်ကာရံထားသည့် ရွှေနန်းတော်ကုန်တိုက်အတွင်း မြေထိန်းနံရံတည်ဆောက်ခြင်းကို တင်ဒါအောင်ကုမ္ပဏီက ဆောင်ရွက်နေပြီး ဇွန်လ (၃၀)ရက်နေ့အပြီး တည်ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း နယ်စပ်မယ်ဆိုင်မယ်ဟောက်ချောင်း၏ ရေတိုက်စားခံနေရသည့် ကမ်းပါးများကို မြေထိန်းနံရံတည်ဆောက်ရေးအတွက် ဘတ်ဂျက်စုစုပေါင်း ကျပ်သန်း( ၁၃၀၀.၃၂)ချထားပေးပြီးဖြစ်ရာ ရန်အောင်မြေရပ်ကွက်အတွင်းရှိ BRP (၃၉၇၊ ၃၉၅) ငှက်ပျောဆိပ် ပေ (၆၀၀) အတွက် ကျပ်သန်း (၂၂၁.၃၉၀)၊ စွပ်ဆိုင်လမ်းဆုံ BRP(339) အနီး ပေ (၁၂၀၀) အတွက် ကျပ်သန်း (၄၄၂.၄၂၀)၊ BPR (၃၁၂) ဝေလေလန်ရွာအနီး ပေ (၇၀၀) အတွက် ကျပ်သန်း (၂၅၈.၁၁၀)၊ ရွှေနန်းတော်ကုန်တိုက်အနီး ပေ (၂၂၅) အတွက် ကျပ်သန်း (၁၀၆.၄၂)၊ ရွှေတြိဂံရှိ BPR (၁၄၊ ၁၅) အကြား ပေ (၆၅၀) အတွက် ကျပ်သန်း (၂၇၁.၉၈) အသီးသီး သုံးစွဲဆောင်ရွက်မည်ဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်း နယ်စပ်မြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်နမိတ်အတွင်း မယ်ဆိုင်မယ်ဟောက် နယ်စပ်ချောင်း ရေတိုက်စားမှုကို ယာယီသဲအိတ်များဖြင့်ကာရံထားသည့် ရွှေနန်းတော်ကုန်တိုက်အနီးတွင် မြေထိန်းနံရံတည်ဆောက်ခြင်းကို တင်ဒါအောင်ကုမ္ပဏီက ဆောင်ရွက်နပြေီး ဇွန်လ (၃၀)ရက်နေ့အပြီး တည်ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။
"တင်ဒါက (၁၃) ရက်နေ့ကပြီးသွားတာ။ လုပ်ငန်းတွေစနပြေီဗျ။ မြကြေီးအိတ်တွေဖယ်ပြီးတော့ ဖျက်သင့်တာတွေ ဖျက်နပြေီ။ ဇွန်လ (၃၀) ရက်နေ့ အပြီးလုပ်မှာ"ဟု မြေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းတာဝန်ခံ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း နယ်စပ်မယ်ဆိုင်မယ်ဟောက်ချောင်း၏ ရေတိုက်စားခံနေရသည့် ကမ်းပါးများကို မြေထိန်းနံရံတည်ဆောက်ရေးအတွက် ဘတ်ဂျက်စုစုပေါင်း ကျပ်သန်း( ၁၃၀၀.၃၂)ချထားပေးပြီးဖြစ်ရာ ရန်အောင်မြေရပ်ကွက်အတွင်းရှိ BRP (၃၉၇၊ ၃၉၅) ငှက်ပျောဆိပ် ပေ (၆၀၀) အတွက် ကျပ်သန်း (၂၂၁.၃၉၀)၊ စွပ်ဆိုင်လမ်းဆုံ BRP(339) အနီး ပေ (၁၂၀၀) အတွက် ကျပ်သန်း (၄၄၂.၄၂၀)၊ BPR (၃၁၂)ေဝလေလန်ရွာအနီး ပေ (၇၀၀) အတွက် ကျပ်သန်း (၂၅၈.၁၁၀)၊ ရွှေနန်းတော်ကုန်တိုက်အနီး ပေ (၂၂၅) အတွက် ကျပ်သန်း (၁၀၆.၄၂)၊ ရွှတြေိဂံရှိ BPR (၁၄၊ ၁၅) အကြား ပေ (၆၅၀) အတွက် ကျပ်သန်း (၂၇၁.၉၈) အသီးသီး သုံးစွဲဆောင်ရွက်မည်ဖြစ်သည်။
နိုင်ငံနယ်နိမိတ်များတိုင်းတာသတ်မှတ်ရာတွင် နှစ်နိုင်ငံကြားရှိ မြစ်၊ ချောင်းများမှ ရေစီးကြောင်း အလယ်ကိုယူကာ နယ်နိမိတ်သတ်မှတ်ခြင်းဖြစ်ရာ ကမ်းပါးပြိုမှုများကြောင့် နိုင်ငံနယ်နမိတ်မဆုံးရှုံးရေးအတွက် မြေထိန်းနံရံတည်ဆောက်ခြင်းကို နှစ်နိုင်ငံဆက်ဆံရေးမထိခိုက်စေရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ (၂၄) ရက်နေ့ တာချီလိတ်မြို့ ခရီးစဉ်တွင် ပြောကြားသွားသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net