တာခ်ီလိတ္ၿမိဳ႕တြင္း မီးခိုးမ်ားဖံုးလႊမ္းေနမႈႏွင့္ ပတ္သက္၍ ေလထုတိုင္းတာေရးအဖြဲ႔ တာခ်ီလိတ္သို႔ မတ္လ(၁၅)ရက္ေန႔တြင္ ေရာက္ရွိမည္

တာခ်ီလိတ္ၿမိဳ႕တြင္း မီးခိုးမ်ားဖံုးလႊမ္းေနမႈႏွင့္ ပတ္သက္၍ ေလထုတိုင္းတာေရးအဖြဲ႔ တာခ်ီလိတ္သို႔ မတ္လ(၁၅)ရက္ေန႔တြင္ ေရာက္ရွိမည္
မတ် 14, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္း ေတာမီးႏွင့္ ေတာင္ယာမီးမ်ားေၾကာင့္ ျဖစ္ပြားေနသည့္ မီးခိုးျမဴမ်ား က်ဆင္းေနမႈေၾကာင့္ ေလထုအရည္အေသြး ထိခိုက္ေနမႈအတြက္ တိုင္းတာစစ္ေဆးေရးလုပ္ငန္းမ်ား ျပဳလုပ္သြားရန္အတြက္ ရွမ္းျပည္နယ္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရးဦးစီးဌာနမွ တာ၀န္ရွိသူမ်ား  မတ္လ (၁၅) ရက္ေန႔တြင္ တာခ်ီလိတ္သို႔ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။

"မနက္ျဖန္လာမယ္ခင္ဗ်။ အရာရိွ (၃) ေယာက္ပါတယ္ေျပာတယ္။ ေလထုတိုင္းတာေရးစက္လည္းပါလာမယ္ေျပာတယ္။  သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးကပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၁၄) ရက္ေန႔ ညေန (၇) နာရီတြင္ေျပာၾကားသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း မီးခိုးျမဴမ်ားဆိုးရြားစြာ က်ဆင္းလာေနမႈေၾကာင့္ ဌာနဆိုင္ရာမ်ားပူးေပါင္းကာ ႏွာေခါင္းစီးမ်ား အခမဲ့လိုက္လံေ၀ငွျခင္း၊ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လိုက္လံအသိေပးျခင္း၊ ၿမိဳ႕တြင္းလူစည္ကားရာေနရာမ်ားတြင္ မီးသတ္ကားမ်ားျဖင့္ လိုက္လံေရျဖန္းျခင္းမ်ား လုပ္ေဆာင္ေနၿပီး လူနာမ်ားအတြက္လည္း အေရးေပၚလူနာတင္ယာဥ္မ်ားႏွင့္ ေအာက္စီဂ်င္ဘူးမ်ားျပင္ဆင္ထားေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်း တောမီးနှင့် တောင်ယာမီးများကြောင့် ဖြစ်ပွားနေသည့် မီးခိုးမြူများ ကျဆင်းနေမှုကြောင့် လေထုအရည်အသွေး ထိခိုက်နေမှုအတွက် တိုင်းတာစစ်ဆေးရေးလုပ်ငန်းများ ပြုလုပ်သွားရန်အတွက် ရှမ်းပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ  မတ်လ (၁၅) ရက်နေ့တွင် တာချီလိတ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

"မနက်ဖြန်လာမယ်ခင်ဗျ။ အရာရှိ (၃) ယောက်ပါတယ်ပြောတယ်။ လေထုတိုင်းတာရေးစက်လည်းပါလာမယ်ပြောတယ်။  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကပါ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၄) ရက်နေ့ ညနေ (၇) နာရီတွင်ပြောကြားသည်။

တာချီလိတ်မြို့တွင်း မီးခိုးမြူများဆိုးရွားစွာ ကျဆင်းလာနေမှုကြောင့် ဌာနဆိုင်ရာများပူးပေါင်းကာ နှာခေါင်းစီးများ အခမဲ့လိုက်လံဝေငှခြင်း၊ မော်တော်ယာဉ်များဖြင့် လိုက်လံအသိပေးခြင်း၊ မြို့တွင်းလူစည်ကားရာနေရာများတွင် မီးသတ်ကားများဖြင့် လိုက်လံရေဖြန်းခြင်းများ လုပ်ဆောင်နေပြီး လူနာများအတွက်လည်း အရေးပေါ်လူနာတင်ယာဉ်များနှင့် အောက်စီဂျင်ဘူးများပြင်ဆင်ထားကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net