လားရိႈးၿမိဳ႕နယ္ ရွန္ခိုက္တြင္ က်င္းပေနသည့္ ဘုရားပြဲကာလအတြင္း မႏၱေလး - လားရိႈးခရီးစဥ္ ရထားတြဲမ်ား ထပ္တိုးေျပးဆြဲေပးေန

လားရိႈးၿမိဳ႕နယ္ ရွန္ခိုက္တြင္ က်င္းပေနသည့္ ဘုရားပြဲကာလအတြင္း မႏၱေလး - လားရိႈးခရီးစဥ္ ရထားတြဲမ်ား ထပ္တိုးေျပးဆြဲေပးေန
မတ် 2, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕နယ္တြင္ က်င္းပေနသည့္ ေပၚေတာ္မူ သီရိသ်ွီဝရွန္ခိုက္ဘုရားပြဲ ကာလအတြင္း ျမန္မာ့မီးရထားက မႏၱေလး - လားရိႈးခရီးစဥ္၏ ရိုးရိုးတန္းရထားတြဲ(၈)တြဲ တိုးခ်ဲ႕ေျပးဆြဲေပးေနၿပီး လက္မွတ္ခ ပံုမွန္ႏႈန္းထားျဖင့္ ေရာင္းခ်ေပးေနေၾကာင္း သိရသည္။

"ရွန္ခိုက္ဘုရားပြဲကာလမွာ ရထားစီး ခရီးသည္မ်ားျပားလာႏိုင္တဲ့အတြက္ မႏၱေလးကေန လားရိႈးအထိ ခရီးစဥ္ တစ္ေလွ်ာက္လံုး ရိုးရိုးတန္းပါတဲ့ ရထားတြဲ (၈)တြဲကို ေဖေဖၚဝါရီလ (၂၈) ရက္ေန႔ကေန တိုးခ်ဲ႕ထည့္သြင္း ထားပါတယ္။ လက္မွတ္ခက မႏၱေလးကေန လားရိႈးအထိ က်ပ္ (၂,၀၀၀) ဝန္းက်င္ေလာက္ပဲရွိတယ္ " ဟု ျမန္မာ့ မီးရထားလုပ္ငန္း ေက်ာက္မဲဘူတာရံုမွ လမ္းခြဲကိုင္အရာရွိ ဦးေက်ာ္လွက တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ ေျပာသည္။

ရွန္ခုိက္ဘုရားပြဲမွာ မႏၱေလး - လားရိႈး ရထားလမ္းပိုင္း မန္းပြဲဘူတာႏွင့္ နမ့္ေမွ်ာ္ဘူတာၾကားရွိ ရွန္ခိုက္ဘူတာႏွင့္နီးသျဖင့္ ပြဲေတာ္ကာလအတြင္း မႏၱေလးမွ ရွန္ခိုက္အထိ မီးရထားျဖင့္ လာေရာက္သူ မ်ားျပားေလ့ရိွေၾကာင္း သိရသည္။

မႏၱေလးမွ ရွန္ခုိက္အထိ မီးရထားလက္မွတ္မွာ က်ပ္ (၂,၀၀၀)၊ ေက်ာက္မဲဘူတာမွ ရွန္ခိုက္ဘူတာအထိ က်ပ္ (၈၀၀) ခန္႔၊ လားရိႈးဘူတာမွ ရွန္ခိုက္ဘူတာအထိ က်ပ္ (၇၀၀) ခန္႔ရိွေၾကာင္း သိရသည္။

ရွန္ခိုက္ဘုရားပြဲကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၂) ရက္ေန႔မွ (၄) ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္သည္။

သတင္း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ကျင်းပနေသည့် ပေါ်တော်မူ သီရိသျှီဝရှန်ခိုက်ဘုရားပွဲ ကာလအတွင်း မြန်မာ့မီးရထားက မန္တလေး - လားရှိုးခရီးစဉ်၏ ရိုးရိုးတန်းရထားတွဲ(၈)တွဲ တိုးချဲ့ပြေးဆွဲပေးနပြေီး လက်မှတ်ခ ပုံမှန်နှုန်းထားဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

"ရှန်ခိုက်ဘုရားပွဲကာလမှာ ရထားစီး ခရီးသည်များပြားလာနိုင်တဲ့အတွက် မန္တလေးကနေ လားရှိုးအထိ ခရီးစဉ် တစ်လျှောက်လုံး ရိုးရိုးတန်းပါတဲ့ ရထားတွဲ (၈)တွဲကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့ကနေ တိုးချဲ့ထည့်သွင်း ထားပါတယ်။ လက်မှတ်ခက မန္တလေးကနေ လားရှိုးအထိ ကျပ် (၂,ဝဝဝ) ဝန်းကျင်လောက်ပဲရှိတယ် " ဟု မြန်မာ့ မီးရထားလုပ်ငန်း ကျောက်မဲဘူတာရုံမှ လမ်းခွဲကိုင်အရာရှိ ဦးကျော်လှက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ရှန်ခိုက်ဘုရားပွဲမှာ မန္တလေး - လားရှိုး ရထားလမ်းပိုင်း မန်းပွဲဘူတာနှင့် နမ့်မျှော်ဘူတာကြားရှိ ရှန်ခိုက်ဘူတာနှင့်နီးသဖြင့် ပွဲတော်ကာလအတွင်း မန္တလေးမှ ရှန်ခိုက်အထိ မီးရထားဖြင့် လာရောက်သူ များပြားလေ့ရှိကြောင်း သိရသည်။

မန္တလေးမှ ရှန်ခိုက်အထိ မီးရထားလက်မှတ်မှာ ကျပ် (၂,ဝဝဝ)၊ ကျောက်မဲဘူတာမှ ရှန်ခိုက်ဘူတာအထိ ကျပ် (၈၀၀) ခန့်၊ လားရှိုးဘူတာမှ ရှန်ခိုက်ဘူတာအထိ ကျပ် (၇၀၀) ခန့်ရှိကြောင်း သိရသည်။

ရှန်ခိုက်ဘုရားပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ ကျင်းပနခြေင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net