လားရႈိးၿမိဳ႕နယ္တြင္း၌ က်င္းပေနသည့္ ရွန္ခိုက္ဘုရားပြဲတြင္ ဆိုင္ကယ္အပ္ႏွံခံ ပိုမိုေကာက္ခံေန၍ ေဂါပကအဖြဲ႔က ေခၚယူ သတိေပးထား

လားရႈိးၿမိဳ႕နယ္တြင္း၌ က်င္းပေနသည့္ ရွန္ခိုက္ဘုရားပြဲတြင္ ဆိုင္ကယ္အပ္ႏွံခံ ပိုမိုေကာက္ခံေန၍ ေဂါပကအဖြဲ႔က ေခၚယူ သတိေပးထား
မတ် 3, 2019
By Tachileik News Agency

လားရိႈးၿမိဳ႕နယ္ ရွန္ခိုက္ေက်းရြာတြင္ က်င္းပျပဳလုပ္ေနသည့္ ေပၚေတာ္မူသီရိသွ်ီဝ ရွန္ခိုက္ဘုရားပြဲ၌ ဆိုင္ကယ္ရပ္နားရပ္အတြက္ ေလလံပစ္ထားသည့္ေ နရာတြင္ ဆိုင္ကယ္အပ္ႏွံခ ပိုမိုေကာက္ခံေနသည့္ လုပ္ငန္းရွင္အား ရွန္ခိုက္ဘုရားေဂါပကအဖြဲ႔က ေခၚယူသတိေပးထားၿပီး သတ္မွတ္ထားသည့္ ႏႈန္းထားထက္ပိုမိုေကာက္ခံျခင္း မျပဳရန္ ဝန္ခံကတိေရးထိုးထားေစေၾကာင္း သိရသည္။

"ဆိုင္ကယ္အပ္ႏွံခအတြက္ ကန္ထရိုက္ကို က်ြန္ေတာ္တို႔က က်ပ္ ၅၀၀ ပဲ ေကာက္ခံခြင့္ျပဳထားတာ၊ ၿပီးေတာ့ အပ္ႏွံထားတဲ့ ဆိုင္ကယ္ေပ်ာက္ဆံုးရင္ တာဝန္ယူရမယ္လို႔လဲ ကတိယူထားတယ္၊ ဖြင့္ပဲြေန႔က ဆိုင္ကယ္တစ္စီး ကို က်ပ္ ၁,၀၀၀ ႏႈန္းနဲ႔ေကာက္ခံေနတာေတြရွိတဲ့အေၾကာင္း ခိုင္လံုတဲ့ အေထာက္အထားရထားတဲ့ အတြက္ ေလလံဆြဲထားတဲ့ လုပ္ငန္းရွင္ကို ေဂါပကအဖြဲ႔ကေခၚယူေတြ႔ဆံုၿပီး သတ္မွတ္ထားတဲ့ႏႈန္းထားအတိုင္းပဲ ေကာက္ခံ ဖို႔ ဝန္ခံကတိေရးထိုးထားလိုက္ၿပီျဖစ္ပါတယ္ " ဟု ေပၚေတာ္မူသီရိသ်ွီဝရွန္ခိုက္ဘုရား၏ ေဂါပက အဖြဲ႔မွ တာဝန္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

မႏၱေလး - လားရိႈး မီးရထားလမ္းပိုင္းရွိ မန္းပြဲဘူတာႏွင့္ နမ့္ေမ်ွာ္ဘူတာအၾကားမွ ရွန္ခိုက္ေက်းရြာ ( ရွန္ခိုက္ ဘူတာ အနီး) တြင္ ၂၀၁၉ ခုႏွစ္ မတ္လ ၂ ရက္ေန႔မွ ၄ ရက္ေန႔အထိ က်င္းပျပဳလုပ္ေနသည့္ ေပၚေတာ္မူ သီရိသ်ွီဝ ရွန္ခိုက္ဘုရားပြဲ ကာလလအတြင္း ဆိုင္ကယ္အပ္ႏွံခကို တစ္စီးလွ်င္ က်ပ္ ၁၀၀၀ ႏႈန္းျဖင့္ ေကာက္ခံေနေၾကာင္း သတင္းရရွိသည့္အတြက္ ေဂါပကအဖြဲ႔က ယခုကဲ့သို႔လုပ္ေဆာင္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရွန္ခုိက္ဘုရားပြဲသို႔ ဝင္ေရာက္လာသည့္ ယာဥ္မ်ားအတြက္ ေဂါပကအဖြဲ႔ ရန္ပံုေငြ အျဖစ္ ဆိုင္ကယ္ တစ္စီးလွ်င္ က်ပ္ ၅၀၀၊ ကားေသးတစ္စီးလ်ွင္ က်ပ္ ၁၀၀၀၊ ကားႀကီးတစ္စီးလွ်င္ က်ပ္ ၂၀၀၀ ကို ေကာက္ခံ ေနၿပီး အဆိုပါ  ရန္ပံုေငြမ်ားအား ဘုရားေက်ာင္းဝန္းအနီး ကားရပ္နားစခန္းျပဳလုပ္ျခင္း၊ ဘုရားပြဲသို႔လာသည့္ မယ္ဟန္ - ရွန္ခိုက္ ကတၱရာလမ္းနံေဘးတစ္ေလွ်ာက္ ေျမသားခ်ဲ့ထြင္ျခင္းတို႔ကို လုပ္ေဆာင္ရာတြင္ အသံုးျပဳ ေၾကာင္း သိရသည္။

ဘုရားပြဲေတာ္ကာလအတြင္း ျမန္မာ့မီးရထားလုပ္ငန္းမွ မႏၱေလး-လားရိႈး မီးရထားခရီးစဥ္တိုင္းတြင္ လူစီး (ရိုးရိုး)  ရထားတြဲ ၈ တြဲကို တိုးခ်ဲ႕ေျပးဆြဲေပးထားၿပီး ဘုရားပြဲအနီးတစ္ဝိုက္ရွိ ေစ်းဆိုင္မ်ားတြင္လည္း အရက္ေသစာမ်ား ေရာင္းခ်ျခင္းမျပဳရန္ ေၾကညာခ်က္ထုတ္ထားေၾကာင္း ေဂါပကအဖြဲ႔တာဝန္ရွိသူထံမွ သိရသည္။

ပြဲေတာ္ကာလလံုၿခံဳေရးအတြက္ ပြဲေတာ္ႏွင့္အနီးတစ္ဝိုက္တြင္ လံုၿခံဳေရးကင္မရာ အလံုး ၁၀၀ ေက်ာ္ တပ္ဆင္ ထားၿပီး ေန႔ရက္တိုင္းတြင္ ၂၄ နာရီေစာင့္ၾကည့္ခန္းျဖင့္ ေစာင့္ၾကည့္ေပးသြားမည္ျဖစ္ၿပီး ဘုရားပြဲကာလအတြင္း သတ္မွတ္ထားသည့္ စည္းကမ္းမ်ားကို မလိုက္နာသည့္ ေငြေၾကးေကာက္ခံျခင္း ေစ်းေရာင္းခ်ျခင္းမ်ား ရွိပါက ဘုရားပြဲအတြင္းရွိ ေဂါပကရံုးခန္းသို႔ တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

 လားရှိုးမြို့နယ် ရှန်ခိုက်ကျေးရွာတွင် ကျင်းပပြုလုပ်နေသည့် ပေါ်တော်မူသီရိသျှီဝ ရှန်ခိုက်ဘုရားပွဲ၌ ဆိုင်ကယ်ရပ်နားရပ်အတွက် လေလံပစ်ထားသညေ့် နရာတွင် ဆိုင်ကယ်အပ်နှံခ ပိုမိုကောက်ခံနေသည့် လုပ်ငန်းရှင်အား ရှန်ခိုက်ဘုရားဂေါပကအဖွဲ့က ခေါ်ယူသတိပေးထားပြီး သတ်မှတ်ထားသည့် နှုန်းထားထက်ပိုမိုကောက်ခံခြင်း မပြုရန် ဝန်ခံကတိရေးထိုးထားစေကြောင်း သိရသည်။

"ဆိုင်ကယ်အပ်နှံခအတွက် ကန်ထရိုက်ကို ကျွန်တော်တို့က ကျပ် ၅၀၀ ပဲ ကောက်ခံခွင့်ပြုထားတာ၊ ပြီးတော့ အပ်နှံထားတဲ့ ဆိုင်ကယ်ပျောက်ဆုံးရင် တာဝန်ယူရမယ်လို့လဲ ကတိယူထားတယ်၊ ဖွင့်ပွဲနေ့က ဆိုင်ကယ်တစ်စီး ကို ကျပ် ၁,ဝဝဝ နှုန်းနဲ့ကောက်ခံနေတာတွေရှိတဲ့အကြောင်း ခိုင်လုံတဲ့ အထောက်အထားရထားတဲ့ အတွက် လေလံဆွဲထားတဲ့ လုပ်ငန်းရှင်ကို ဂေါပကအဖွဲ့ကခေါ်ယူတွေ့ဆုံပြီး သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းပဲ ကောက်ခံ ဖို့ ဝန်ခံကတိရေးထိုးထားလိုက်ပြီဖြစ်ပါတယ် " ဟု ပေါ်တော်မူသီရိသျှီဝရှန်ခိုက်ဘုရား၏ ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

မန္တလေး - လားရှိုး မီးရထားလမ်းပိုင်းရှိ မန်းပွဲဘူတာနှင့် နမ့်မျှော်ဘူတာအကြားမှ ရှန်ခိုက်ကျေးရွာ ( ရှန်ခိုက် ဘူတာ အနီး) တွင် ၂၀၁၉ ခုနှစ် မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေသည့် ပေါ်တော်မူ သီရိသျှီဝ ရှန်ခိုက်ဘုရားပွဲ ကာလလအတွင်း ဆိုင်ကယ်အပ်နှံခကို တစ်စီးလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ကောက်ခံနေကြောင်း သတင်းရရှိသည့်အတွက် ဂေါပကအဖွဲ့က ယခုကဲ့သို့လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှန်ခိုက်ဘုရားပွဲသို့ ဝင်ရောက်လာသည့် ယာဉ်များအတွက် ဂေါပကအဖွဲ့ ရန်ပုံငွေ အဖြစ် ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၅၀၀၊ ကားသေးတစ်စီးလျှင် ကျပ် ၁၀၀၀၊ ကားကြီးတစ်စီးလျှင် ကျပ် ၂၀၀၀ ကို ကောက်ခံ နပြေီး အဆိုပါ ရန်ပုံငွေများအား ဘုရားကျောင်းဝန်းအနီး ကားရပ်နားစခန်းပြုလုပ်ခြင်း၊ ဘုရားပွဲသို့လာသည့် မယ်ဟန် - ရှန်ခိုက် ကတ္တရာလမ်းနံဘေးတစ်လျှောက် မြေသားချဲ့ထွင်ခြင်းတို့ကို လုပ်ဆောင်ရာတွင် အသုံးပြု ကြောင်း သိရသည်။

ဘုရားပွဲတော်ကာလအတွင်း မြန်မာ့မီးရထားလုပ်ငန်းမှ မန္တလေး-လားရှိုး မီးရထားခရီးစဉ်တိုင်းတွင် လူစီး (ရိုးရိုး) ရထားတွဲ ၈ တွဲကို တိုးချဲ့ပြေးဆွဲပေးထားပြီး ဘုရားပွဲအနီးတစ်ဝိုက်ရှိ ဈေးဆိုင်များတွင်လည်း အရက်သေစာများ ရောင်းချခြင်းမပြုရန် ကြေညာချက်ထုတ်ထားကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

ပွဲတော်ကာလလုံခြုံရေးအတွက် ပွဲတော်နှင့်အနီးတစ်ဝိုက်တွင် လုံခြုံရေးကင်မရာ အလုံး ၁၀၀ ကျော် တပ်ဆင် ထားပြီး နေ့ရက်တိုင်းတွင် ၂၄ နာရီစောင့်ကြည့်ခန်းဖြင့် စောင့်ကြည့်ပေးသွားမည်ဖြစ်ပြီး ဘုရားပွဲကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို မလိုက်နာသည့် ငွေကြေးကောက်ခံခြင်း ဈေးရောင်းချခြင်းများ ရှိပါက ဘုရားပွဲအတွင်းရှိ ဂေါပကရုံးခန်းသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net