လားရႈိးၿမိဳ႕ ရွန္ခိုက္ဘုရားပြဲသို႔ လာလည္သူ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုးရာမွ (၆)ရက္ေျမာက္ေန႔တြင္ အေလာင္းေတြ႔ရွိ

လားရႈိးၿမိဳ႕ ရွန္ခိုက္ဘုရားပြဲသို႔ လာလည္သူ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုးရာမွ (၆)ရက္ေျမာက္ေန႔တြင္ အေလာင္းေတြ႔ရွိ
မတ် 6, 2019
By Tachileik News Agency

လားရႈိးၿမိဳ႕နယ္တြင္ က်င္းပသည့္ ရွန္ခိုက္ဘုရားပြဲသို႔ လာေရာက္သည့္ အမ်ဳိးသားတစ္ဦး နမ့္ေမွ်ာ္ေခ်ာင္းအတြင္း ေရဆင္းခ်ဳိးရာမွ ေပ်ာက္သြားခဲ့ၿပီး (၆)ရက္ေျမာက္ေန႔ ျဖစ္သည့္ ၂၀၁၉ခုႏွစ္ မတ္လ(၆)ရက္ေန႔ နံနက္ပိုင္းတြင္ ေသဆံုး ေနလ်က္ျဖင့္ အဆိုပါ ေခ်ာင္းအတြင္းမွ ေတြ႔ရွိ ဆယ္ယူရရွိေၾကာင္း သိရသည္။

ေသဆံုးသူသည္ အသက္(၃၅)ႏွစ္အရြယ္ ကိုမိုနားဆိုသူျဖစ္ေၾကာင္းႏွင့္ ၎သည္ ပဲခူးတိုင္းေဒသႀကီးမွ လာေရာက္သူျဖစ္သည့္ အျပင္ ၎သည္ မတ္လ(၁)ရက္ေန႔ ညေနပိုင္းက နမ့္ေမွ်ာ္ေခ်ာင္းအတြင္း ေရဆင္းခ်ဳိးရာမွ ေပ်ာက္သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"အဲ့ဒီအမ်ိဳးသားက ရွန္ခိုက္ဘုရားပြဲကိုလာလည္ရင္း မတ္လ(၁)ရက္ေန႔ ညေနပိုင္းကတည္းက နမ့္ေမွ်ာ္ေခ်ာင္းထဲ ေရဆင္းခ်ိဳးရင္းေပ်ာက္သြားတယ္လို႔သိရတယ္၊ ဒီေန႔ (၆)ရက္ေန႔ နံနက္မွာ နားမေခၚရဲကင္းကေန က်ြန္ေတာ္တို႔ အသင္းကို အေၾကာင္းၾကားလာတဲ့အတြက္ ေခ်ာင္းထဲ ကေနသြားဆယ္ေပးခဲ့တာျဖစ္ပါတယ္"ဟု ေသဆံု၏ အေလာင္းအား သြားေရာက္ဆယ္ယူလာခဲ့သည့္ လားရိႈးလူငယ္မ်ားလူမႈကူညီေရးအသင္း မွ ကိုစိုင္းဝသုန္ က တာခ်ီလိတ္သတင္း ေအဂ်င္စီ သုိ႔ ေျပာသည္။

ေသဆုံးသူ၏ ရုပ္အေလာင္းအား လားရိႈးလူငယ္မ်ားလူမႈကူညီေရးအသင္းက နမ့္ေမွ်ာ္ေခ်ာင္းအတြင္းမွ ဆယ္ယူကာ လားရိႈးျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားၿပီး ဓမၼတာအတိုင္းေသဆံုးျခင္းဟုတ္ မဟုတ္ကို လားရႈိးၿမိဳ႕မရဲတပ္ဖြဲ႔က ေသမႈေသခင္းဖြင့္လွစ္ကာ စစ္ေဆးေနေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္ မတ္လ ၂ ရက္ေန႔မွ ၄ ရက္ေန႔အထိ က်င္းပျပဳလုပ္ခဲ့သည့္ ေပၚေတာ္မူသီရိသွ်ီဝ ရွန္ခိုက္ဘုရားပြဲ ကာလအတြင္း ဘုရားပြဲသို႔လာလည္ရင္း (၄)ရက္ေန႔က ယာဥ္တိုက္မႈတစ္ခုျဖစ္ပြားကာ အမ်ိဳးသားတစ္ဦး ေသဆံုးခဲ့ၿပီး အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုးမႈလည္း ျဖစ္ပြားခဲ့သည္။

သတင္း - ေနၿဖဳိးျမင့္( Tachileik News Agency )
ဓါတ္ပံု -  လားရိႈးလူငယ္မ်ားလူမႈကူညီေရးအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

လားရှိုးမြို့နယ်တွင် ကျင်းပသည့် ရှန်ခိုက်ဘုရားပွဲသို့ လာရောက်သည့် အမျိုးသားတစ်ဦး နမ့်မျှော်ချောင်းအတွင်း ရေဆင်းချိုးရာမှ ပျောက်သွားခဲ့ပြီး (၆)ရက်မြောက်နေ့ ဖြစ်သည့် ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့ နံနက်ပိုင်းတွင် သေဆုံး နေလျက်ဖြင့် အဆိုပါ ချောင်းအတွင်းမှ တွေ့ရှိ ဆယ်ယူရရှိကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၃၅)နှစ်အရွယ် ကိုမိုနားဆိုသူဖြစ်ကြောင်းနှင့်၎င်းသည် ပဲခူးတိုင်းဒေသကြီးမှ လာရောက်သူဖြစ်သည့် အပြင်၎င်းသည် မတ်လ(၁)ရက်နေ့ ညနေပိုင်းက နမ့်မျှော်ချောင်းအတွင်း ရေဆင်းချိုးရာမှ ပျောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"အဲ့ဒီအမျိုးသားက ရှန်ခိုက်ဘုရားပွဲကိုလာလည်ရင်း မတ်လ(၁)ရက်နေ့ ညနေပိုင်းကတည်းက နမ့်မျှော်ချောင်းထဲ ရေဆင်းချိုးရင်းပျောက်သွားတယ်လို့သိရတယ်၊ ဒီနေ့ (၆)ရက်နေ့ နံနက်မှာ နားမခေါ်ရဲကင်းကနေ ကျွန်တော်တို့ အသင်းကို အကြောင်းကြားလာတဲ့အတွက် ချောင်းထဲ ကနေသွားဆယ်ပေးခဲ့တာဖြစ်ပါတယ်"ဟု သေဆုံ၏ အလောင်းအား သွားရောက်ဆယ်ယူလာခဲ့သည့် လားရှိုးလူငယ်များလူမှုကူညီရေးအသင်း မှ ကိုစိုင်းဝသုန် က တာချီလိတ်သတင်း အေဂျင်စီ သို့ ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား လားရှိုးလူငယ်များလူမှုကူညီရေးအသင်းက နမ့်မျှော်ချောင်းအတွင်းမှ ဆယ်ယူကာ လားရှိုးပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ်ကို လားရှိုးမြို့မရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်ကာ စစ်ဆေးနေကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ပေါ်တော်မူသီရိသျှီဝ ရှန်ခိုက်ဘုရားပွဲ ကာလအတွင်း ဘုရားပွဲသို့လာလည်ရင်း (၄)ရက်နေ့က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။

သတင်း - နဖြေိုးမြင့်( Tachileik News Agency )
ဓာတ်ပုံ - လားရှိုးလူငယ်များလူမှုကူညီရေးအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net