စစ္ကိုင္းၿမိဳ႕ရွိ ဧရာ၀တီျမစ္အတြင္း အသက္(၁၄)ႏွစ္အရြယ္ ကေလးငယ္တစ္ဦး ေရနစ္ေသဆံုး

စစ္ကိုင္းၿမိဳ႕ရွိ ဧရာ၀တီျမစ္အတြင္း အသက္(၁၄)ႏွစ္အရြယ္ ကေလးငယ္တစ္ဦး ေရနစ္ေသဆံုး
မတ် 3, 2019
By Tachileik News Agency

စစ္ကိုင္းၿမိဳ႕ တာ၀ါတိုင္ဆိပ္(MPT) အနီး ဧရာ၀တီျမစ္အတြင္း အသက္ (၁၄) အရြယ္၀န္းက်င္ရွိ လူငယ္တစ္ဦး ေရနစ္ေသဆံုးမႈ ၂၀၁၉ ခုႏွစ္ မတ္လ (၃) ရက္ေန႔ ညေန (၃) နာရီခြဲတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ေရနစ္ၿပီး မိနစ္ (၂၀) ေလာက္မွာ ကြ်န္ေတာ္တို႔ သတင္းရတာခင္ဗ်။ ေရနစ္ၿပီး နာရီ၀က္ေလာက္ေနေတာ့ အဲဒီေနရာကိုေရာက္တယ္ဗ်။ အရင္ေရာက္ေနတဲ့ႏွစ္ေယာက္က စမ္းၿပီးရွာေနတာေပါ့။ ရွာမေတြ႕ေတာ့ ေရငုပ္စက္ျပန္ယူ။ အျခားအဖြဲ႕ေတြလွမ္းအေၾကာင္းၾကား၊ တစ္နာရီ ေက်ာ္ေက်ာ္ေလာက္မွ ေတြ႕တာဆိုေတာ့ အသက္ မမွီေတာ့ဘူးေပါ့။ သုခရယ္ ကွ်န္ေတာ္တို႔ရယ္ အိုးဘိုရယ္ (၃) ဖြဲ႕ေပါ့။ ေအာက္ခ်ိဳင့္ထဲက်ေနတာဆိုေတာ့ ေရငုပ္စက္နဲ႔မွရွာေတြ႕တာ။ ေရစနစ္တဲ့ေနရာနဲ႔ ၀ါးသံုးျပန္ေလာက္ေနရာမွာေတြ႕တာဗ်။ ျမစ္လယ္ေခါင္က ကုန္းကေလးရိွတယ္။ အဲဒီကုန္းနဲ႔ ကမ္းနဲ႔ကိုကူးၾကတာေနမွာ။ လမ္းမွာၾကြက္တတ္သြားလား ဘာလားမသိဘူး"ဟု စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႔(SERT) မွ အတြင္းေရးမွဴး ဦးစိုးမင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စစ္ကိုင္းၿမိဳ႕ ဧရာဝတီျမစ္ေဘးတြင္ ညေန (၃) နာရီ (၃၀)မိနစ္ခန္႔တြင္ (၁၄) ႏွစ္အရြယ္ ကေလးတစ္ဦးေရနစ္ေၾကာင္း သက္ဆိုင္ရာမွ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕စစ္ကိုင္း(SERT) သို႔ အေၾကာင္းၾကားလာ၍ မိတ္ဖက္အသင္းမ်ားျဖစ္ေသာ အိုးဘိုကယ္ဆယ္ေရးအဖြဲ႔ ၊သုခကာရီကယ္ဆယ္ေရးအဖြဲ႔တို႔အား ဆက္သြယ္၍ ပူးေပါင္းရွာေဖြရာ  ညေန (၄) နာရီ (၃၀) မိနစ္ ခန္႔တြင္ ႐ွာေဖြေတြ႔႐ွိခဲ့ၿပီး အသက္ကိုကယ္တင္၍ မရခဲ့ေၾကာင္း၊ ေရနစ္ေသဆုံးသူ ေမာင္စန္းျပည့္ႏိုင္ အသက္ (၁၄) ႏွစ္အား သုခကာရီ နာေရးယာဥ္ျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးၿပီး ေဆး႐ုံမွ ရင္ခြဲ႐ုံသို႔ အိုးဘိုနာေရးယာဥ္ျဖင့္ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္းသိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႔(SERT)



~~~~~~~~⊰❂ Unicode Version ~~~~~~~~

စစ်ကိုင်းမြို့ တာဝါတိုင်ဆိပ်(MPT) အနီး ဧရာဝတီမြစ်အတွင်း အသက် (၁၄) အရွယ်ဝန်းကျင်ရှိ လူငယ်တစ်ဦး ရေနစ်သေဆုံးမှု ၂၀၁၉ ခုနှစ် မတ်လ (၃) ရက်နေ့ ညနေ (၃) နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ရေနစ်ပြီး မိနစ် (၂၀) လောက်မှာ ကျွန်တော်တို့ သတင်းရတာခင်ဗျ။ ရေနစ်ပြီး နာရီဝက်လောက်နေတော့ အဲဒီနေရာကိုရောက်တယ်ဗျ။ အရင်ရောက်နေတဲ့နှစ်ယောက်က စမ်းပြီးရှာနေတာပေါ့။ ရှာမတွေ့တော့ ရေငုပ်စက်ပြန်ယူ။ အခြားအဖွဲ့တွေလှမ်းအကြောင်းကြား၊ တစ်နာရီ ကျော်ကျော်လောက်မှ တွေ့တာဆိုတော့ အသက် မမှီတော့ဘူးပေါ့။ သုခရယ် ကျှန်တော်တို့ရယ် အိုးဘိုရယ် (၃) ဖွဲ့ပေါ့။ အောက်ချိုင့်ထဲကျနေတာဆိုတော့ ရေငုပ်စက်နဲ့မှရှာတွေ့တာ။ ရေစနစ်တဲ့နေရာနဲ့ ဝါးသုံးပြန်လောက်နေရာမှာတွေ့တာဗျ။ မြစ်လယ်ခေါင်က ကုန်းကလေးရှိတယ်။ အဲဒီကုန်းနဲ့ ကမ်းနဲ့ကိုကူးကြတာနေမှာ။ လမ်းမှာကြွက်တတ်သွားလား ဘာလားမသိဘူး"ဟု စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(SERT) မှ အတွင်းရေးမှူး ဦးစိုးမင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စစ်ကိုင်းမြို့ ဧရာဝတီမြစ်ဘေးတွင် ညနေ (၃) နာရီ (၃၀)မိနစ်ခန့်တွင် (၁၄) နှစ်အရွယ် ကလေးတစ်ဦးရေနစ်ကြောင်း သက်ဆိုင်ရာမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စစ်ကိုင်း(SERT) သို့ အကြောင်းကြားလာ၍ မိတ်ဖက်အသင်းများဖြစ်သော အိုးဘိုကယ်ဆယ်ရေးအဖွဲ့၊သုခကာရီကယ်ဆယ်ရေးအဖွဲ့တို့အား ဆက်သွယ်၍ ပူးပေါင်းရှာဖွေရာ ညနေ (၄) နာရီ (၃၀) မိနစ် ခန့်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး အသက်ကိုကယ်တင်၍ မရခဲ့ကြောင်း၊ ရေနစ်သေဆုံးသူ မောင်စန်းပြည့်နိုင် အသက် (၁၄) နှစ်အား သုခကာရီ နာရေးယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးရုံမှ ရင်ခွဲရုံသို့ အိုးဘိုနာရေးယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။

သတင်း - ဟန်စိုးထိုက်

ဓာတ်ပုံ - စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(SERT) 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net