တာခ်ီလိတ္ၿမိဳ႕ရွိ အပိုင္း(စ်)ေျမကြက္သစ္ ႏွင့္ ပတ္သက္၍ စာခြ်န္ေတာ္ထြက္လာေတာ့မည္ျဖစ္တာေၾကာင့္ မၾကာမီ ကြဲကြဲျပားျပား အေျဖသိရမည္

တာခ်ီလိတ္ၿမိဳ႕ရွိ အပိုင္း(စ်)ေျမကြက္သစ္ ႏွင့္ ပတ္သက္၍ စာခြ်န္ေတာ္ထြက္လာေတာ့မည္ျဖစ္တာေၾကာင့္ မၾကာမီ ကြဲကြဲျပားျပား အေျဖသိရမည္
မတ် 2, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ (၉)ႏွစ္ၾကာသည္အထိ ေျဖရွင္းႏုိင္ျခင္းမရိွေသးသည့္ (စ်)ေျမကြက္သစ္ အျငင္းပြားမႈႏွင့္ ပတ္သက္သည့္ စာခၽြန္ေတာ္ကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၄)ရက္ေန႔၌ စီရင္ခ်က္ခ်မည္ျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ရံုးမွ ၂၀၁၉ခုႏွစ္ မတ္လ(၄)ရက္ေန႔ နံနက္(၉)နာရီခြဲတြင္ တရားသူႀကီး(၃)ဦးေရွ႕၌ စာခြ်န္ေတာ္အမႈမ်ားထဲမွ အပိုင္း(စ်)ေျမကြက္သစ္ႏွင့္ ပတ္သက္သည့္ အမႈအမွတ္ ၂၅/၂၀၁၈(ရွမ္း)အား စီရင္ခ်က္ခ်မွတ္မည္ျဖစ္သည္။

“ကၽြန္ေတာ္တို႔ကေတာ့ စာခြ်န္ေတာ္အမိန္႔ ထြက္လာတဲ့အတုိင္း ေဆာင္ရြက္သြားမွာပါ၊ ဘယ္လိုထြက္လာမလဲ မသိေသးေတာ့ စာခြ်န္ေတာ္ထြက္တဲ့အတိုင္းပဲ ကြ်န္ေတာ္တို႔ ဆက္လက္ေဆာင္ရြက္ရမွာပါ၊ ” ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၂)ရက္ေန႔တြင္ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အပိုင္းထဲတြင္ ပါ၀င္သည့္ အဆိုပါေျမယာကြက္သစ္စီမံကိန္းမွာ ရွမ္းျပည္နယ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕က ၂၀၁၀ ခုႏွစ္ ၾသဂုတ္လ (၂၈)ရက္ေန႔ ေန႔စြဲပါစာျဖင့္ ၁၉၅၃ ခုႏွစ္၊ လယ္ယာေျမႏုိင္ငံပိုင္ျပဳလုပ္ေရး အက္ဥပေဒ ပုဒ္မ (၃၉)အရ ဧရိယာ ဧက (၄၀)အား တိုးခ်ဲ႕ၿမိဳ႕ကြက္သစ္ ေျမအျဖစ္ အေကာင္အထည္ေဖာ္ရန္ ခြင့္ျပဳခဲ့ျခင္း ျဖစ္ေသာ္လည္း တာဝန္ယူေ ဖာ္ေဆာင္သည့္ ကုမၸဏီမ်ားက ၂၀၁၇ ခုႏွစ္အထိ ၿပီးျပတ္ေအာင္ အေကာင္အထည္ ေဖာ္ႏိုင္ခဲ့ျခင္း မရိွေသးဘဲ ေျမကြက္ေရာင္းခ်ထားသူမ်ား အျပင္ အဆိုပါ ေျမေနရာအား စီမံကိန္း မစတင္မီ ႏွစ္ရွည္သီးႏွံစိုက္ပ်ိဳးခြင့္ ရထားခဲ့သူထံမွ ဝယ္ယူေနထုိင္သူမ်ားလည္းရိွသျဖင့္ ေျမယာ အျငင္းပြားမႈမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

ဝန္ထမ္းမ်ားအတြက္ အိမ္ယာကြက္သစ္ ေဖၚေဆာင္ေနသည့္ အဆိုပါ စ်ေျမကြက္သစ္၏ ေျမဧရိယာ ဧက (၄၀)ေက်ာ္ အပါအဝင္ စုစုေပါင္း ေျမယာ (၉၃.၁၉)ဧကမွာ ယခင္က ေဒၚနန္းခမ္းတစ္က ေျမလြတ္ေျမရိုင္း ေဖာ္ထုတ္ လုပ္ကိုင္ခြင့္ ႏွစ္(၃၀)ခြင့္ျပဳခ်က္ရရိွထားခဲ့သည့္ ေျမယာျဖစ္ၿပီး ေျမလြတ္ေျမရိုင္း လုပ္ကိုင္ခြင့္ ျပန္လည္ရုပ္သိမ္းေသာ တရားဝင္ အမိန္႔စာထြက္လာျခင္းမရိွဘဲ ၿမိဳ႕ကြက္သစ္ေဖၚေဆာင္ခြင့္ကို ရွမ္းျပည္နယ္ ေအးခ်မ္း သာယာေရးႏွင့္ ဖြံ႔ၿဖဳိးေရးေကာင္စီ အေရွ႕ပိုင္း(က်ဳိင္းတံု)မွ ၂၀၁၀ ခုႏွစ္ ၾသဂုတ္လ(၂၈)ရက္ေန႔တြင္ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် (၉)နှစ်ကြာသည်အထိ ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် (ဈ)မြေကွက်သစ် အငြင်းပွားမှုနှင့် ပတ်သက်သည့် စာချွန်တော်ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၄)ရက်နေ့၌ စီရင်ချက်ချမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ၂၀၁၉ခုနှစ် မတ်လ(၄)ရက်နေ့ နံနက်(၉)နာရီခွဲတွင် တရားသူကြီး(၃)ဦးရှေ့၌ စာချွန်တော်အမှုများထဲမှ အပိုင်း(ဈ)မြေကွက်သစ်နှင့် ပတ်သက်သည့် အမှုအမှတ် ၂၅/၂၀၁၈(ရှမ်း)အား စီရင်ချက်ချမှတ်မည်ဖြစ်သည်။

“ကျွန်တော်တို့ကတော့ စာချွန်တော်အမိန့် ထွက်လာတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ၊ ဘယ်လိုထွက်လာမလဲ မသိသေးတော့ စာချွန်တော်ထွက်တဲ့အတိုင်းပဲ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ရမှာပါ၊ ” ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းထဲတွင် ပါဝင်သည့် အဆိုပါမြေယာကွက်သစ်စီမံကိန်းမှာ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ကျိုင်းတုံမြို့က ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့ နေ့စွဲပါစာဖြင့် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ (၃၉)အရ ဧရိယာ ဧက (၄၀)အား တိုးချဲ့မြို့ကွက်သစ် မြေအဖြစ် အကောင်အထည်ဖော်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သော်လည်း တာဝန်ယေူ ဖာ်ဆောင်သည့် ကုမ္ပဏီများက ၂၀၁၇ ခုနှစ်အထိ ပြီးပြတ်အောင် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိသေးဘဲ မြေကွက်ရောင်းချထားသူများ အပြင် အဆိုပါ မြေနေရာအား စီမံကိန်း မစတင်မီ နှစ်ရှည်သီးနှံစိုက်ပျိုးခွင့် ရထားခဲ့သူထံမှ ဝယ်ယူနေထိုင်သူများလည်းရှိသဖြင့် မြေယာ အငြင်းပွားမှုများ ဖြစ်ပွားနခြေင်းဖြစ်သည်။

ဝန်ထမ်းများအတွက် အိမ်ယာကွက်သစ် ဖော်ဆောင်နေသည့် အဆိုပါ ဈမြေကွက်သစ်၏ မြေဧရိယာ ဧက (၄၀)ကျော် အပါအဝင် စုစုပေါင်း မြေယာ (၉၃.၁၉)ဧကမှာ ယခင်က ဒေါ်နန်းခမ်းတစ်က မြေလွတ်မြေရိုင်း ဖော်ထုတ် လုပ်ကိုင်ခွင့် နှစ်(၃၀)ခွင့်ပြုချက်ရရှိထားခဲ့သည့် မြေယာဖြစ်ပြီး မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းသော တရားဝင် အမိန့်စာထွက်လာခြင်းမရှိဘဲ မြို့ကွက်သစ်ဖော်ဆောင်ခွင့်ကို ရှမ်းပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အရှေ့ပိုင်း(ကျိုင်းတုံ)မှ ၂၀၁၀ ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~