အက်ဥ္းေထာင္ (၉)ခုမွ အက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား စုစုေပါင္း(၁၇၁)ဦး တကၠသိုလ္၀င္တန္း စာေမးပြဲ ေျဖဆို

အက်ဥ္းေထာင္ (၉)ခုမွ အက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား စုစုေပါင္း(၁၇၁)ဦး တကၠသိုလ္၀င္တန္း စာေမးပြဲ ေျဖဆို
မတ် 6, 2019
By Tachileik News Agency

၂၀၁၉ တကၠသိုလ္၀င္တန္း စာေမးပြဲတြင္ အက်ဥ္းေထာင္ (၉)ခုတို႔မွ အက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား စုစုေပါင္း(၁၇၁)ဦး ေျဖဆိုေၾကာင္း အက်ဥ္းဦးစီးဌာနက သတင္းထုတ္ျပန္ထားရွိသည္။

စာေမးပြဲေျဖဆိုမႈ အမ်ားဆံုးအက်ဥ္းေထာင္အျဖစ္ အင္းစိန္ဗဟိုအက်ဥ္းေထာင္ ႏွင့္ မႏၱေလးဗဟိုအက်ဥ္းေထာင္တုိ႔ ျဖစ္ၾကၿပီး အင္းစိန္ဗဟိုအက်ဥ္းေထာင္မွ အက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား (၇၁)ဦး၊ မႏၱေလးဗဟိုအက်ဥ္းေထာင္မွ အက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား (၇၁)ဦး ပါ၀င္ၿပီး ဒုတိယအမ်ားဆံုးအျဖစ္ ကရင္ျပည္နယ္ ဘားအံအက်ဥ္းေထာင္မွအက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား (၁၅)ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။

အနည္းစုအေနျဖင့္ ကယားျပည္နယ္ လြိဳင္ေကာ္အက်ဥ္းေထာင္မွ အက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား(၄)ဦး၊ ပဲခူးတိုင္းေဒသႀကီး ေတာင္ငူအက်ဥ္းေထာင္မွ  အက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား(၄)ဦး၊ တနသၤာရီတိုင္​း​ေဒသႀကီး ၿမိတ္အက်ဥ္းေထာင္မွ  အက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား (၂)ဦး၊ စစ္ကိုင္းတိုင္းေဒသႀကီး ကသာအက်ဥ္းေထာင္မွ    အခ်ဳပ္သား (၂)ဦး၊ မေကြးတိုင္းေဒသႀကီး သရက္အက်ဥ္းေထာင္မွ အခ်ဳပ္သား(၁)ဦး ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာအက်ဥ္းေထာင္မွ အခ်ဳပ္သား(၁)ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။

အဆိုပါ အက်ဥ္းေထာင္ (၉)ခုမွ ၂၀၁၉ တကၠသိုလ္၀င္တန္း စာေမးပြဲတြင္ ေက်ာင္းသား (၁၅၆)ဦး ႏွင့္ ေက်ာင္းသူ (၁၅)ဦး စုစုေပါင္း (၁၇၁)ဦးရွိရာတြင္ အက်ဥ္းသူ အက်ဥ္းသား (၁၆၄)ဦး ပါ၀င္ၿပီး အခ်ဳပ္သား (၇)ဦး ပါ၀င္ျခင္း ျဖစ္သည္။

ၿပီးခဲ့သည့္ ၂၀၁၇ - ၂၀၁၈ခုႏွစ္၏ တကၠသိုလ္၀င္တန္း စာေမးပြဲတြင္ အက်ဥ္းေထာင္ (၈)ခုမွ  အက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား စုစုေပါင္း (၁၀၄)ဦး ေျဖဆိုခဲ့ရာတြင္ (၄၇)ဦး ေအာင္ျမင္ခဲ့ၾကေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - အက်ဥ္းဦးစီး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အကျဉ်းထောင် (၉)ခုတို့မှ အကျဉ်းသား၊ အကျဉ်းသူ နှင့် အချုပ်သား စုစုပေါင်း(၁၇၁)ဦး ဖြေဆိုကြောင်း အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

စာမေးပွဲဖြေဆိုမှု အများဆုံးအကျဉ်းထောင်အဖြစ် အင်းစိန်ဗဟိုအကျဉ်းထောင် နှင့် မန္တလေးဗဟိုအကျဉ်းထောင်တို့ ဖြစ်ကြပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ နှင့် အချုပ်သား (၇၁)ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ နှင့် အချုပ်သား (၇၁)ဦး ပါဝင်ပြီး ဒုတိယအများဆုံးအဖြစ် ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှအကျဉ်းသား၊ အကျဉ်းသူ နှင့် အချုပ်သား (၁၅)ဦးတို့ ပါဝင်ကြောင်း သိရသည်။

အနည်းစုအနဖြေင့် ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ နှင့် အချုပ်သား(၄)ဦး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ နှင့် အချုပ်သား(၄)ဦး၊ တနင်္သာရီတိုင်​း​ဒေသကြီး မြိတ်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ နှင့် အချုပ်သား (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာအကျဉ်းထောင်မှ အချုပ်သား (၂)ဦး၊ မကွေးတိုင်းဒေသကြီး သရက်အကျဉ်းထောင်မှ အချုပ်သား(၁)ဦး နှင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအကျဉ်းထောင်မှ အချုပ်သား(၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အကျဉ်းထောင် (၉)ခုမှ ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား (၁၅၆)ဦး နှင့် ကျောင်းသူ (၁၅)ဦး စုစုပေါင်း (၁၇၁)ဦးရှိရာတွင် အကျဉ်းသူ အကျဉ်းသား (၁၆၄)ဦး ပါဝင်ပြီး အချုပ်သား (၇)ဦး ပါဝင်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ - ၂၀၁၈ခုနှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အကျဉ်းထောင် (၈)ခုမှ အကျဉ်းသား၊ အကျဉ်းသူ နှင့် အချုပ်သား စုစုပေါင်း (၁၀၄)ဦး ဖြေဆိုခဲ့ရာတွင် (၄၇)ဦး အောင်မြင်ခဲ့ကြကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - အကျဉ်းဦးစီး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net