ပြည်ထောင်စုလွှတ်တော်သို့ ဒုတိယအကြိမ်တင်သွင်းလာသည့် လောင်းကစားဥပဒေကြမ်းအပေါ် ဆွေးနွေးလိုသူ ကိုယ်စားလှယ်များ စာရင်းပေးရမည်

ပြည်ထောင်စုလွှတ်တော်သို့ ဒုတိယအကြိမ်တင်သွင်းလာသည့် လောင်းကစားဥပဒေကြမ်းအပေါ် ဆွေးနွေးလိုသူ ကိုယ်စားလှယ်များ စာရင်းပေးရမည်
မတျ 5, 2019
By Tachileik News Agency

လွှတ်တော်နှစ်ရပ်တွင် သဘောထားကွဲလွဲနေသည့် ၂၀၁၈ ခုနှစ် လောင်းကစားဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များနှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်တွင် ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ (၅)ရက်နေ့က တင်သွင်းလိုက်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက မတ်လ (၇)ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် ပထမအကြိမ် တင်သွင်းခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ သဘောထားမှတ်ချက် ထပ်မံတင်ပြမှုကို လေ့လာသုံးသပ်ပြီး မတ်လ (၅)ရက်နေ့တွင် ထပ်မံတင်ပြခြင်းဖြစ်သည်။

ကာစီနိုလောင်းကစားဝိုင်းများအား အကန့်အသတ်ဖြင့် ခွင့်ပြုနိုင်ရေး အပါအဝင် ခေတ်ကာလနှင့်လျော်ညီသည့် ဥပဒေ ဖြစ်စေရန် ရေးဆွဲနေသည့် ၂၀၁၈ ခုနှစ်လောင်းကစားဥပဒေကြမ်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် ပြည်သူ့လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစသ်ည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်က သဘောထားကွဲလွဲချက်များနှင့်အတူ နိုဝင်ဘာလ (၃၀)ရက်နေ့၌ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည့်အတွက် လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့က ဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီအနေဖြင့် လေ့လာသုံးသပ်ပေးရန် တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တာဝန်ပေးချက်အရ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီး ဥပဒေကြမ်းပါ သဘောထားကွဲလွဲချက်များကို စိစစ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

လွှတ်တော်နှစ်ရပ်တွင် သဘောထားကွဲလွဲနေသည့် ၂၀၁၈ ခုနှစ် လောင်းကစားဥပဒကြေမ်းနှင့် ပတ်သက်၍ ဥပဒကြေမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များနှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်တွင် ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ (၅)ရက်နေ့က တင်သွင်းလိုက်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက မတ်လ (၇)ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။

အဆိုပါ ဥပဒကြေမ်းနှင့်ပတ်သက်၍ ဥပဒကြေမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် ပထမအကြိမ် တင်သွင်းခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ သဘောထားမှတ်ချက် ထပ်မံတင်ပြမှုကို လေ့လာသုံးသပ်ပြီး မတ်လ (၅)ရက်နေ့တွင် ထပ်မံတင်ပြခြင်းဖြစ်သည်။

ကာစီနိုလောင်းကစားဝိုင်းများအား အကန့်အသတ်ဖြင့် ခွင့်ပြုနိုင်ရေး အပါအဝင် ခေတ်ကာလနှင့်လျော်ညီသည့် ဥပဒေ ဖြစ်စေရန် ရေးဆွဲနေသည့် ၂၀၁၈ ခုနှစ်လောင်းကစားဥပဒကြေမ်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် ပြည်သူ့လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစသ်ည်။

အဆိုပါ ဥပဒကြေမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်က သဘောထားကွဲလွဲချက်များနှင့်အတူ နိုဝင်ဘာလ (၃၀)ရက်နေ့၌ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည့်အတွက် လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့က ဆွေးနွေးခဲ့ပြီးနောက် ဥပဒကြေမ်းပူးပေါင်းကော်မတီအနဖြေင့် လေ့လာသုံးသပ်ပေးရန် တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တာဝန်ပေးချက်အရ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီး ဥပဒကြေမ်းပါ သဘောထားကွဲလွဲချက်များကို စိစစ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net