မိုင်းဖြတ်မြို့တွင် ဌာန(၉)ခုပါဝင်သည့် OSS အဖွဲ့၏ (၄) ရက်တာ ကွင်းဆင်းဆောင်ရွက်မှုအဖြစ် လူဦးရေ (၇၃၀)ဦးကို ၀န်ဆောင်မှုပေးနိုင်ခဲ့

မိုင်းဖြတ်မြို့တွင် ဌာန(၉)ခုပါဝင်သည့် OSS အဖွဲ့၏ (၄) ရက်တာ ကွင်းဆင်းဆောင်ရွက်မှုအဖြစ် လူဦးရေ (၇၃၀)ဦးကို ၀န်ဆောင်မှုပေးနိုင်ခဲ့
မတျ 4, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်နေပြည်သူများ အဆင်ပြေစေရေးအတွက် ဌာန (၉) ခုပါဝင်သည့် OSS အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်မှုများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ပြီး လက်ရှိအချိန်အထိ လေးကြိမ်မြောက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေပြည်သူ (၇၃၀)ဦးကို ၀န်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။


OSS အဖွဲ့မှ ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ရပ်ကွက်နေပြည်သူ (၁၃၉) ဦးအား ၀န်ဆောင်မှုပေးနိုင်ခဲ့ပြီး ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့က ဟိုနားကျေးရွာတွင် ဒုတိယအကြိမ်အဖြစ် ရပ်ကွက်နေပြည်သူ (၁၅၉) ဦး၊ မတ်လ (၃) ရက်နေ့က ဆွတ်ပလောင်းကျေးရွာ ဘုရားရှိခိုးကျောင်းခန်းမတွင်တတိယအကြိမ်အဖြစ် ရပ်ကွက်နေပြည်သူ (၁၆၄) ဦး၊ မတ်လ (၄) ရက်နေ့တွင် ၀မ်မိုင်ဘုန်းကြီးကျောင်းတွင် စတုတ္ထအကြိမ်အဖြစ် ရပ်ကွက်နေပြည်သူ (၂၆၈) ဦး၊ စုစုပေါင်း လူဦးရေ (၇၃၀)ကို ၀န်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။ 


သတင်း/ဓါတ်ပုံ - ကိုသာ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်နပြေည်သူများ အဆင်ပြေစေရေးအတွက် ဌာန (၉) ခုပါဝင်သည့် OSS အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်မှုများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ပြီး လက်ရှိအချိန်အထိ လေးကြိမ်မြောက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ရပ်ကွက်နပြေည်သူ (၇၃၀)ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

"ဆွတ်ပလောင်းက (၃) ရက်နေ့က ဆင်းတာ (၁၆၄) ခုပြီးတယ်။ ဒီနေ့(၄)ရက်နေ့မှာ ဝမ်မိုင်ရပ်ကွက်ဆင်းတယ် (၂၆၈) ခုပြီးတယ်။ ဝမ်မိုင်က အခုလေးတွင်(ညနေ (၄) နာရီ)နားပြီးပြန်လာတာ။ မနက်ဖြန်ကျရင် နမ့်မလောက်ရွာမှာ လုပ်မယ်။ နမ့်မလောက်ဘုန်းကြီးကျောင်းမှာပေါ့"ဟု မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

OSS အဖွဲ့မှ ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ရပ်ကွက်နပြေည်သူ (၁၃၉) ဦးအား ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ဟိုနားကျေးရွာတွင် ဒုတိယအကြိမ်အဖြစ် ရပ်ကွက်နပြေည်သူ (၁၅၉) ဦး၊ မတ်လ (၃) ရက်နေ့က ဆွတ်ပလောင်းကျေးရွာ ဘုရားရှိခိုးကျောင်းခန်းမတွင်တတိယအကြိမ်အဖြစ် ရပ်ကွက်နပြေည်သူ (၁၆၄) ဦး၊ မတ်လ (၄) ရက်နေ့တွင် ဝမ်မိုင်ဘုန်းကြီးကျောင်းတွင် စတုတ္ထအကြိမ်အဖြစ် ရပ်ကွက်နပြေည်သူ (၂၆၈) ဦး၊ စုစုပေါင်း လူဦးရေ (၇၃၀)ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

One Stop Shop(OSS) အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ လျှပ်စစ်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပါဝင်ကာ အဆိုပါ ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်းဆောင်ရွက်၍ မဖြစ်နိုင်သည့် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများလက်ခံရယူပြီး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net