တာခ်ီလိတ္ၿမိဳ႕နယ္ NLD ၏ အမ်ိဳးသမီးလုပ္ငန္းေကာ္မတီက အေျခခံအပ္ခ်ဳပ္(၃)လ အခမဲ့ သင္တန္း မတ္လ(၂၅)ရက္ေန႔တြင္ စတင္မည္ျဖစ္ၿပီး သင္တန္းသူမ်ား ကိုယ္ပိုင္အပ္ခ်ဳပ္စက္ ယူလာရမည္

တာခ်ီလိတ္ၿမိဳ႕နယ္ NLD ၏ အမ်ိဳးသမီးလုပ္ငန္းေကာ္မတီက အေျခခံအပ္ခ်ဳပ္(၃)လ အခမဲ့ သင္တန္း မတ္လ(၂၅)ရက္ေန႔တြင္ စတင္မည္ျဖစ္ၿပီး သင္တန္းသူမ်ား ကိုယ္ပိုင္အပ္ခ်ဳပ္စက္ ယူလာရမည္
မတ် 3, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ အမ်ိဳးသမီးလုပ္ငန္းေကာ္မတီမွ ႀကီးမွဴးၿပီး အေျခခံအပ္ခ်ဳပ္ (၃) လသင္တန္းကို ၂၀၁၉ ခုႏွစ္ မတ္လ (၂၅) ရက္ေန႔မွ ဇြန္လ (၂၅) ရက္ေန႔ထိ အခမဲ့ ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္၍ ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

သင္တန္းခ်ိန္မွာ ေန႔လယ္(၁) နာရီမွ ညေန (၄) နာရီအထိ တနဂၤေႏြေန႔မွအပ ေန႔စဥ္ပ်က္ရက္မရိွ တက္ေရာက္ရမည္ျဖစ္ၿပီး ကိုယ္ပိုင္အပ္ခ်ဳပ္စက္ရွိရမည္ျဖစ္ၿပီး သင္တန္းသို႔ ယူလာရမည္ျဖစ္ေၾကာင္း သိရသည္။

"အနည္းဆံုး သင္တန္းသား အေယာက္ (၂၀) သတ္မွတ္ထားပါတယ္။ အခမဲ့ ဆိုေပမဲ့ မီတာခ ဘတ္ (၁,၀၀၀) ကို တစ္ခါတည္းေငြသြင္း ေကာက္တယ္ေပါ့။ ဓာတ္ပံု (၂) ပံုနဲ႔ ေဖာင္ျဖည့္ေပးရမွာ။ ၿမိဳ႕နယ္ရံုးကေန ဖြင့္ပြဲလုပ္မယ္။ သင္တန္းဆင္းပြဲလည္း လုပ္မယ္။ အမ်ိဳးသမီးလုပ္ငန္း ေကာ္မတီက သင္တန္းဆင္းကတ္ထုတ္ေပးမယ္။ အပ္ခ်ဳပ္စက္က ရိုးရိုးေျခနင္းစက္ပဲ ယူလာရမယ္။ သင္တန္းသူဆိုေတာ့ စက္ရံုသံုးတဲ့ ေမာ္တာအပ္ခ်ဳပ္စက္ေတြနဲ႔ အဆင္မေျပဘူး"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္
အမ်ိဳးသမီးလုပ္ငန္းေကာ္မတီ ဥကၠဌ ေဒၚစမ္းစမ္းေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေလွ်ာက္ထားလိုသူမ်ား​အေနျဖင့္ ၂၀၁၉ခုႏွစ္ မတ္လ (၁၅)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏုိင္ေၾကာင္း သိရၿပီး သင္တန္းကို တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္၊ ဘုရင္ေနာင္ပုဂၢလိကေစ်းတိုက္တန္း (I-7)ရိွ ေရႊစင္ေမတြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္း ကိစၥႏွင့္ ပတ္သက္၍ သိလို၍ ျဖစ္ေစ၊ လွ်ာက္ထားလို၍ ျဖစ္ေစ ေဒၚစမ္းစမ္းေအး ဖုန္း- ၀၉ ၄၂၁၈၈၁၇၅၅၊ ေဒၚခင္ေဌး၀င္း ဖုန္း-၀၉ ၄၅၇၇၁၅၆၀၄၊ ေဒၚရီရီမိုး ဖုန္း-၀၉ ၄၄၅၁၂၂၄၂၄  သုိ႔ ဆက္သြယ္စာရင္း ေပးသြင္းႏုိင္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသမီးလုပ်ငန်းကော်မတီမှ ကြီးမှူးပြီး အခြေခံအပ်ချုပ် (၃) လသင်တန်းကို ၂၀၁၉ ခုနှစ် မတ်လ (၂၅) ရက်နေ့မှ ဇွန်လ (၂၅) ရက်နေ့ထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

သင်တန်းချိန်မှာ နေ့လယ်(၁) နာရီမှ ညနေ (၄) နာရီအထိ တနင်္ဂေနွနေ့မှအပ နေ့စဉ်ပျက်ရက်မရှိ တက်ရောက်ရမည်ဖြစ်ပြီး ကိုယ်ပိုင်အပ်ချုပ်စက်ရှိရမည်ဖြစ်ပြီး သင်တန်းသို့ ယူလာရမည်ဖြစ်ကြောင်း သိရသည်။

"အနည်းဆုံး သင်တန်းသား အယောက် (၂၀) သတ်မှတ်ထားပါတယ်။ အခမဲ့ ဆိုပေမဲ့ မီတာခ ဘတ် (၁,ဝဝဝ) ကို တစ်ခါတည်းငွေသွင်း ကောက်တယ်ပေါ့။ ဓာတ်ပုံ (၂) ပုံနဲ့ ဖောင်ဖြည့်ပေးရမှာ။ မြို့နယ်ရုံးကနေ ဖွင့်ပွဲလုပ်မယ်။ သင်တန်းဆင်းပွဲလည်း လုပ်မယ်။ အမျိုးသမီးလုပ်ငန်း ကော်မတီက သင်တန်းဆင်းကတ်ထုတ်ပေးမယ်။ အပ်ချုပ်စက်က ရိုးရိုးခြေနင်းစက်ပဲ ယူလာရမယ်။ သင်တန်းသူဆိုတော့ စက်ရုံသုံးတဲ့ မော်တာအပ်ချုပ်စက်တွေနဲ့ အဆင်မပြေဘူး"ဟု တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဌ ဒေါ်စမ်းစမ်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

လျှောက်ထားလိုသူများ​အနဖြေင့် ၂၀၁၉ခုနှစ် မတ်လ (၁၅)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရပြီး သင်တန်းကို တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ဘုရင်နောင်ပုဂ္ဂလိကဈေးတိုက်တန်း (I-7)ရှိ ရွှေစင်မေတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်း ကိစ္စနှင့် ပတ်သက်၍ သိလို၍ ဖြစ်စေ၊ လျှာက်ထားလို၍ ဖြစ်စေ ဒေါ်စမ်းစမ်းအေး ဖုန်း- ဝ၉ ၄၂၁၈၈၁၇၅၅၊ ဒေါ်ခင်ဌေးဝင်း ဖုန်း-ဝ၉ ၄၅၇၇၁၅၆၀၄၊ ဒေါ်ရီရီမိုး ဖုန်း-ဝ၉ ၄၄၅၁၂၂၄၂၄ သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net