မဲေခါင္ျမစ္ေၾကာင္း လံုၿခံဳေရးအတြက္ က်ိဳင္းလပ္ႏွင့္ စြပ္ပေလြတြင္ ေရေၾကာင္းရဲတပ္ဖြဲ႕ခြဲ ဖြဲ႕စည္းႏိုင္ရန္စီစဥ္ထား

မဲေခါင္ျမစ္ေၾကာင္း လံုၿခံဳေရးအတြက္ က်ိဳင္းလပ္ႏွင့္ စြပ္ပေလြတြင္ ေရေၾကာင္းရဲတပ္ဖြဲ႕ခြဲ ဖြဲ႕စည္းႏိုင္ရန္စီစဥ္ထား
မတ် 8, 2019
By Tachileik News Agency

ျမန္မာ၊ ထိုင္း၊ လာအို၊ တရုတ္ ေလးႏိုင္ငံပူးတြဲပိုင္ဆိုင္သည့္ မဲေခါင္ျမစ္ေၾကာင္းအတြင္း ျမန္မာႏိုင္ငံအေနျဖင့္ လံုၿခံဳေရးတိုးျမႇင့္ေဆာင္ရြက္ႏိုင္ရန္အတြက္ က်ဳိင္းလပ္ႏွင့္ စြပ္ပေလြတြင္ ေရေၾကာင္းရဲတပ္ဖြဲ႕ခြဲမ်ား တိုးခ်ဲ႕ဖြဲ႕စည္းႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

"လိုအပ္ခ်က္ကေတာ့ အမ်ားႀကီးပဲ။ ေလာေလာဆယ္မွာေတာင္ ကြ်န္ေတာ္တို႔႔ေရေၾကာင္းရဲအေနနဲ႔ ဖြဲ႕စည္းပံုအရ အင္အားေတြ အမ်ားႀကီးနည္းေနေသးတယ္။ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ ဘယ္လိုမွ မျဖန္႔က်က္ႏိုင္ေသးဘူး။ အေရးႀကီးတဲ့ေနရာေတြကို ဦးစားေပးၿပီးဖြဲ႕စည္းေနတယ္။ ေရယာဥ္ပိုင္း လိုအပ္ခ်က္ရိွတယ္။ ေနာက္လူေပါ့။ လူဆိုတာက ေရေၾကာင္းရဲတပ္ဖြဲ႕ဆိုတာ ရိုးရိုးရဲတပ္ဖြဲ႕လို မဟုတ္ဘူး။ သေဘၤာေမာင္းတတ္ဖို႔ပါ ေလ့က်င့္ေပးရတယ္။ အဲလိုလူေတြလည္း မ်ားမ်ားလိုတယ္။ တျဖည္းျဖည္းျခင္းေမြးၿပီးေတာ့မွ အင္အားတိုးခ်ဲ႕ၿပီးေတာ့မွ လူအင္အား၊ ေရယာဥ္အင္အားေပၚ မႈတည္ၿပီးေတာ့မွ ေနရာေတြကို ဦးစားေပး အလိုက္တိုးခ်ဲ႕သြားရမွာေပါ့။ လတ္တေလာကေတာ့ ၀ုန္းဒိုင္းအေနနဲ႔ ဖြဲ႕စည္းထားတာပဲရိွတယ္။ ဖြဲ႕စည္းပံုဆြဲထားတာပဲရိွတယ္။ မဖြဲ႕ႏိုင္ေသးဘူး"ဟု ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၏ ေရေၾကာင္းရဲတပ္ဖြဲ႔မွ ရဲတပ္ဖြဲ႔မွဴး ရဲမွဴးခ်ဳပ္ေနမိုးသက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရုတ္ႏိုင္ငံ၏ ပံ့ပိုးမႈျဖင့္ ေရေၾကာင္းရဲတပ္ဖြဲ႕ခြဲ(၀မ္ပံု)မွာ တစ္ႏိုင္ငံလံုးရိွေရေၾကာင္း ရဲတပ္ဖြဲ႕မ်ားတြင္အဖြံ႕ၿဖိဳးဆံုးႏွင့္ ဖြဲ႕စည္းပံု စနစ္က်သည့္တပ္ဖြဲ႕ခြဲတစ္ခုျဖစ္ၿပီး ထပ္မံတိုးခ်ဲ႕မည့္ က်ိဳင္းလပ္ႏွင့္ စြပ္ေပေလြေရေၾကာင္း ရဲတပ္ဖြဲ႕ခြဲမ်ားအတြက္ အေျခခံအေဆာက္အဦး တည္ေဆာက္ျခင္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ၿပီး လွည့္ကင္းမ် ားေဆာင္ရြက္ႏိုင္ရန္အတြက္ စပိဘုတ္ (၃) စီးကို တရုတ္ႏိုင္ငံဘက္မွ ကူညီေပးရန္ ေတာင္းခံခဲ့ျခင္းျဖစ္သည္။

"ဖြဲ႕ဖို႔ မဖြဲ႕ဖို႔ဆိုတာ ႏိုင္ငံေတာ္ရဲ႕မူ၀ါဒနဲ႔လည္း ဆိုင္ေသးတယ္။ နယ္ေျမေဒသရဲ႕အေျခအေနေပၚမႈတည္တယ္။ မဲေခါင္ျမစ္ႀကီး လံုၿခံဳေရးအတြက္ ရည္ရြယ္ၿပီးဆြဲတာေတာ့ ၀မ္ပံု၊ က်ိဳင္းလပ္၊ ဟိုးဘက္မွာဆိုရင္ စြပ္ပေလြေပါ့ အဲဒီေလာက္ထိ စဥ္းစားၿပီးေတာ့ ဖြဲ႕စည္းပံုဆြဲလိုက္တာေပါ့။ တင္လိုက္ေတာ့ ႏိုင္ငံေတာ္ကလည္းခြင့္ျပဳတယ္။ ဖြဲ႕ဖို႔ကေတာ့ လိုအပ္ခ်က္နဲ႔ အေျခအေနေပၚမႈတည္ၿပီးဖြဲ႕ႏိုင္မယ္"ဟု ရဲမွဴးခ်ဳပ္ေနမိုးသက္က ေျပာသည္။

၂၀၁၈ ခုႏွစ္ ေဖေဖာ္၀ါရီလ (၈) ရက္ေန႔က ပထမအႀကိမ္ မဲေခါင္ - လန္ခ်န္း အထူးရန္ပံုေငြအျဖစ္ အေမရိကန္ေဒၚလာ (၄၈၉,၈၀၀) ကိုခြင့္ျပဳခဲ့ၿပီး ျမန္မာ - ထိုင္း - လာအို နယ္စပ္ေဒသ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ ေရႊႀတိဂံေဒသျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(က)ေက်းရြာအုပ္စုအတြင္းရွိ ၀မ္ပံု ေရေၾကာင္းရဲတပ္ဖြဲ႕စခန္းအတြင္း အေကာင္အထည္ေဖာ္ေဆာင္ရြက္မႈ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ အုပ္ခ်ဳပ္မႈအေဆာက္အဦးရံုးခန္းႏွင့္ အစည္းအေ၀းခန္းမ၊ ဧည့္ခန္းမႏွင့္ အိပ္ခန္းမ်ားပါ၀င္သည့္ အေဆာက္အဦး (၃) လံုးတည္ေဆာက္ေနမႈႏွင့္ အျခားတည္ေဆာက္မည့္လုပ္ငန္းမ်ားအတြက္ ျမန္မာႏိုင္ငံမွတာ၀န္ရိွသူမ်ားႏွင့္ တရုတ္ႏိုင္ငံမွတာ၀န္ရိွသူမ်ားမွ ၂၀၁၉ခုႏွစ္ မတ္လ(၆)ရက္ေန႔တြင္ လာေရာက္ကြင္းဆင္းေလ့လာခဲ့ၾကျခင္းျဖစ္သည္။

လက္ရိွတြင္ ျမန္မာ၊ တရုတ္၊ ထိုင္းႏွင့္ လာအိုႏိုင္ငံမ်ားမွ ေရေၾကာင္းရဲတပ္ဖြဲ႕၀င္မ်ားမွာ လစဥ္မဲေခါင္ျမစ္အတြင္း ပူးေပါင္းကင္းလွည့္မႈလုပ္ေဆာင္ေနၿပီး တရုတ္ႏိုင္ငံသေဘၤာက်င္းတြင္ျပဳျပင္ေနသည့္ ကင္းလွည့္သေဘၤ (၂) စီးမွာလည္းမၾကာမီ ျမန္မာႏိုင္ငံသို႔ ေရာက္ရိွလာမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

လေးနိုင်ငံပူးတွဲပိုင်ဆိုင်သည့် မဲခေါင်မြစ်ကြောင်းအတွင်း မြန်မာနိုင်ငံအနဖြေင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ကျိုင်းလပ်နှင့် စွပ်ပလွေတွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲများ တိုးချဲ့ဖွဲ့စည်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

"လိုအပ်ချက်ကတော့ အများကြီးပဲ။ လောလောဆယ်မှာတောင် ကျွန်တော်တို့ရေကြောင်းရဲအနေနဲ့ ဖွဲ့စည်းပုံအရ အင်အားတွေ အများကြီးနည်းနေသေးတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လိုမှ မဖြန့်ကျက်နိုင်သေးဘူး။ အရေးကြီးတဲ့နေရာတွေကို ဦးစားပေးပြီးဖွဲ့စည်းနေတယ်။ ရေယာဉ်ပိုင်း လိုအပ်ချက်ရှိတယ်။ နောက်လူပေါ့။ လူဆိုတာက ရေကြောင်းရဲတပ်ဖွဲ့ဆိုတာ ရိုးရိုးရဲတပ်ဖွဲ့လို မဟုတ်ဘူး။ သင်္ဘောမောင်းတတ်ဖို့ပါ လေ့ကျင့်ပေးရတယ်။ အဲလိုလူတွေလည်း များများလိုတယ်။ တဖြည်းဖြည်းခြင်းမွေးပြီးတော့မှ အင်အားတိုးချဲ့ပြီးတော့မှ လူအင်အား၊ ရေယာဉ်အင်အားပေါ် မှုတည်ပြီးတော့မှ နေရာတွေကို ဦးစားပေး အလိုက်တိုးချဲ့သွားရမှာပေါ့။ လတ်တလောကတော့ ဝုန်းဒိုင်းအနေနဲ့ ဖွဲ့စည်းထားတာပဲရှိတယ်။ ဖွဲ့စည်းပုံဆွဲထားတာပဲရှိတယ်။ မဖွဲ့နိုင်သေးဘူး"ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နေမိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှာ တစ်နိုင်ငံလုံးရှိရေကြောင်း ရဲတပ်ဖွဲ့များတွင်အဖွံ့ဖြိုးဆုံးနှင့် ဖွဲ့စည်းပုံ စနစ်ကျသည့်တပ်ဖွဲ့ခွဲတစ်ခုဖြစ်ပြီး ထပ်မံတိုးချဲ့မည့် ကျိုင်းလပ်နှင့် စွပ်ပေလွေရေကြောင်း ရဲတပ်ဖွဲ့ခွဲများအတွက် အခြေခံအဆောက်အဦး တည်ဆောက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လှည့်ကင်းများဆောင်ရွက်နိုင်ရန်အတွက် စပိဘုတ် (၃) စီးကို တရုတ်နိုင်ငံဘက်မှ ကူညီပေးရန် တောင်းခံခဲ့ခြင်းဖြစ်သည်။

"ဖွဲ့ဖို့ မဖွဲ့ဖို့ဆိုတာ နိုင်ငံတော်ရဲ့မူဝါဒနဲ့လည်း ဆိုင်သေးတယ်။ နယ်မြေဒေသရဲ့အခြေအနေပေါ်မှုတည်တယ်။ မဲခေါင်မြစ်ကြီး လုံခြုံရေးအတွက် ရည်ရွယ်ပြီးဆွဲတာတော့ ဝမ်ပုံ၊ ကျိုင်းလပ်၊ ဟိုးဘက်မှာဆိုရင် စွပ်ပလွေပေါ့ အဲဒီလောက်ထိ စဉ်းစားပြီးတော့ ဖွဲ့စည်းပုံဆွဲလိုက်တာပေါ့။ တင်လိုက်တော့ နိုင်ငံတော်ကလည်းခွင့်ပြုတယ်။ ဖွဲ့ဖို့ကတော့ လိုအပ်ချက်နဲ့ အခြေအနေပေါ်မှုတည်ပြီးဖွဲ့နိုင်မယ်"ဟု ရဲမှူးချုပ်နေမိုးသက်က ပြောသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့က ပထမအကြိမ် မဲခေါင် - လန်ချန်း အထူးရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ (၄၈၉,၈၀၀) ကိုခွင့်ပြုခဲ့ပြီး မြန်မာ - ထိုင်း - လာအို နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရွှတြေိဂံဒေသဖြစ်သည့် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ ဝမ်ပုံ ရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည့် အုပ်ချုပ်မှုအဆောက်အဦးရုံးခန်းနှင့် အစည်းအေဝးခန်းမ၊ ဧည့်ခန်းမနှင့် အိပ်ခန်းများပါဝင်သည့် အဆောက်အဦး (၃) လုံးတည်ဆောက်နေမှုနှင့် အခြားတည်ဆောက်မည့်လုပ်ငန်းများအတွက် မြန်မာနိုင်ငံမှတာဝန်ရှိသူများနှင့် တရုတ်နိုင်ငံမှတာဝန်ရှိသူများမှ ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့တွင် လာရောက်ကွင်းဆင်းလေ့လာခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံများမှ ရေကြောင်းရဲတပ်ဖွဲ့ဝင်များမှာ လစဉ်မဲခေါင်မြစ်အတွင်း ပူးပေါင်းကင်းလှည့်မှုလုပ်ဆောင်နပြေီး တရုတ်နိုင်ငံသင်္ဘောကျင်းတွင်ပြုပြင်နေသည့် ကင်းလှည့်သင်္ဘေ (၂) စီးမှာလည်းမကြာမီ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net