တာခ်ီလိတ္တြင္ မူႀကိဳဆရာ/မမ်ားအတြက္ မြမ္းမံသင္တန္း မတ္လ(၁၁)ရက္ေန႔တြင္ စတင္မည္ျဖစ္၍ ဆက္သြယ္စာရင္းေပးႏိုင္

တာခ်ီလိတ္တြင္ မူႀကိဳဆရာ/မမ်ားအတြက္ မြမ္းမံသင္တန္း မတ္လ(၁၁)ရက္ေန႔တြင္ စတင္မည္ျဖစ္၍ ဆက္သြယ္စာရင္းေပးႏိုင္
မတ် 2, 2019
By Tachileik News Agency

လူမႈဝန္ထမ္းဦးစီးဌာနက ဖြင့္လွစ္ခဲ့သည့္ မူႀကိဳဆရာျဖစ္သင္တန္းသို႔ တက္ေရာက္ခဲ့သူမ်ားအတြက္ ေရွးဦးအရြယ္ကေလးသူငယ္ ျပဳစုပ်ဳိးေထာင္ေရးႏွင့္ ဖြံ႔ၿဖဳိးေရးဆိုင္ရာ(မြမ္းမံ)သင္တန္းအား တာခ်ီလိတ္ၿမိဳ႕တြင္ မတ္လတြင္း ဖြင့္လွစ္မည္ျဖစ္ရာ မူႀကိဳဆရာျဖစ္သင္တန္း တက္ေရာက္ထားသူ မည္သူမဆို
တက္ေရာက္ ႏိုင္ေၾကာင္းႏွင့္ သင္တန္းေၾကးအား ဘတ္တစ္ေထာင္ သတ္မွတ္ထားေၾကာင္း သိရသည္။

"မြမ္းမံသင္တန္းျဖစ္ေတာ့ အေျခခံသင္တန္းတက္ၿပီးသား မည္သူမဆို တက္ေရာက္ႏုိင္ပါတယ္၊ ရန္ကုန္က နည္းျပ ဆရာမႀကီးမ်ား လာေရာက္ပို႔ခ်မွာပါ၊ ဒီလ(၁၀)ရက္ေန႔အထိ စာရင္းလက္ခံေပးေနပါတယ္"တာေလာ့မူႀကိဳေက်ာင္းအုပ္ဆရာမ ေဒၚေလာယိုက ေျပာသည္။

အဆိုပါ သင္တန္းအား ၂၀၁၉ခုႏွစ္ မတ္လ(၁၁)ရက္ေန႔မွ မတ္လ(၁၅)ရက္ေန႔အထိ (၅)ရက္တိတိ သင္ၾကားပို႔ခ် ေပးသြားမည္ျဖစ္ၿပီး သင္တန္းတက္ေရာက္လုိသူမ်ား အေနျဖင့္  တာေလာ့မူႀကိဳေက်ာင္းအုပ္ဆရာမ ေဒၚေလာယို ဖုန္း ( 09252171067 )သို႔ လည္းေကာင္း၊ တာခ်ီလိတ္မူလတန္းႀကိဳေက်ာင္း ေဒၚခင္သီတာစိုး ဖုန္း ( 09257147082 )သို႔ လည္းေကာင္း  ဆက္သြယ္ စံုစမ္းႏိုင္ကာ စာရင္းေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ မူႀကိဳဆရာျဖစ္သင္တန္းအား ၂၀၁၈ခုႏွစ္အတြင္းက ဖြင့္လွစ္ခဲ့ၾကျခင္းျဖစ္ၿပီး ယခုအခါမွာ မူႀကိဳဆရာျဖစ္ သင္တန္းတက္ေရာက္ေအာင္ျမင္ၿပီးသူမ်ားအတြက္ သီးသန္႔ဖြင့္လွစ္သည့္ မြမ္းမံသင္တန္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ခဲ့သည့် မူကြိုဆရာဖြစ်သင်တန်းသို့ တက်ရောက်ခဲ့သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မွမ်းမံ)သင်တန်းအား တာချီလိတ်မြို့တွင် မတ်လတွင်း ဖွင့်လှစ်မည်ဖြစ်ရာ မူကြိုဆရာဖြစ်သင်တန်း တက်ရောက်ထားသူ မည်သူမဆို

တက်ရောက်နိုင်ကြောင်းနှင့် သင်တန်းကြေးအား ဘတ်တစ်ထောင် သတ်မှတ်ထားကြောင်း သိရသည်။

"မွမ်းမံသင်တန်းဖြစ်တော့ အခြေခံသင်တန်းတက်ပြီးသား မည်သူမဆို တက်ရောက်နိုင်ပါတယ်၊ ရန်ကုန်က နည်းပြ ဆရာမကြီးများ လာရောက်ပို့ချမှာပါ၊ ဒီလ(၁၀)ရက်နေ့အထိ စာရင်းလက်ခံပေးနေပါတယ်"တာလော့မူကြိုကျောင်းအုပ်ဆရာမ ဒေါ်လောယိုက ပြောသည်။

အဆိုပါ သင်တန်းအား ၂၀၁၉ခုနှစ် မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၅)ရက်နေ့အထိ (၅)ရက်တိတိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများ အနဖြေင့် တာလော့မူကြိုကျောင်းအုပ်ဆရာမ ဒေါ်လောယို ဖုန်း ( 09252171067 )သို့ လည်းကောင်း၊ တာချီလိတ်မူလတန်းကြိုကျောင်း ဒေါ်ခင်သီတာစိုး ဖုန်း ( 09257147082 )သို့ လည်းကောင်း ဆက်သွယ် စုံစမ်းနိုင်ကာ စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် မူကြိုဆရာဖြစ်သင်တန်းအား ၂၀၁၈ခုနှစ်အတွင်းက ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်ပြီး ယခုအခါမှာ မူကြိုဆရာဖြစ် သင်တန်းတက်ရောက်အောင်မြင်ပြီးသူများအတွက် သီးသန့်ဖွင့်လှစ်သည့် မွမ်းမံသင်တန်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~