မိုင်းဆတ်မြို့နယ်အတွင်း စိတ်ကြွဆေးပြား သိန်း(၂၀)ပြား ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မိုင်းဆတ်မြို့နယ်အတွင်း စိတ်ကြွဆေးပြား သိန်း(၂၀)ပြား ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
မတျ 9, 2019
By Tachileik News Agency


မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ် မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် မတ်လ(၈)ရက်နေ့ ညနေ(၅)နာရီခွဲ ၀န်းကျင်အချိန်က မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ လွယ်ပါရင်(၂)ကျေးရွာအနီး တာချီလိတ် - မိုင်းဆတ်ကားလမ်းပေါ်တွင် ရှာဖွေစစ်ဆေးမှုပြုလုပ်နေစဉ် မော်တော်ယာဉ်တစ်စီးသည် စစ်ဆေးရေးပြုလုပ်နေသည့် နေရာမရောက်မီ ကိုက်(၄၀၀)၀န်းကျင်ရှိ နေရာတွင် မော်တော်ယာဉ်အား ရပ်တန့်ထားရစ်ခဲ့ပြီး ယာဉ်မောင်းမှာ ကားလမ်းဘေးရှိ လျှိုအတွင်းသို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။



Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင်းရှိ လွယ်ပါရင်(၂)ကျေးရွာအနီးတွင် ကားတစ်စီးပေါ်က စိတ်ကြွဆေးပြား သိန်း(၂၀)ပြားအား ပိုင်ရှင်မဲ့အဖြစ် မတ်လ(၈)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ် မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် မတ်လ(၈)ရက်နေ့ ညနေ(၅)နာရီခွဲ ဝန်းကျင်အချိန်က မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ လွယ်ပါရင်(၂)ကျေးရွာအနီး တာချီလိတ် - မိုင်းဆတ်ကားလမ်းပေါ်တွင် ရှာဖွေစစ်ဆေးမှုပြုလုပ်နေစဉ် မော်တော်ယာဉ်တစ်စီးသည် စစ်ဆေးရေးပြုလုပ်နေသည့် နေရာမရောက်မီ ကို်က်(၄၀၀)ဝန်းကျင်ရှိ နေရာတွင် မော်တော်ယာဉ်အား ရပ်တန့်ထားရစ်ခဲ့ပြီး ယာဉ်မောင်းမှာ ကားလမ်းဘေးရှိ လျှိူအတွင်းသို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည့် မော်တော်ယာဉ်ရှိရာသို့ သွားရောက်စစ်ဆေးမှုများပြုလုပ်ရာ ယာဉ်၏ နောက်ခန်းအတွင်းမှ ဆာလာအိတ် (၁၃)ဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွဆေးပြား စုစုပေါင်း အပြား သိန်း(၂၀) အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က သက်သေခံပစ္စည်းများအား သိမ်းဆည်းခဲ့ကြပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net