မန္းေရႊစက္ေတာ္ဘုရားပြဲကာလတြင္ ဘုရားသြားလမ္းတစ္လွ်ာက္ လမ္းျပဳျပင္မႈမ်ားရိွေန၍ ေမာ္ေတာ္ယာဥ္မ်ား သတိထားေမာင္းႏွင္ရန္လို

မန္းေရႊစက္ေတာ္ဘုရားပြဲကာလတြင္ ဘုရားသြားလမ္းတစ္လွ်ာက္ လမ္းျပဳျပင္မႈမ်ားရိွေန၍ ေမာ္ေတာ္ယာဥ္မ်ား သတိထားေမာင္းႏွင္ရန္လို
မတ် 10, 2019
By Tachileik News Agency

အနယ္နယ္အရပ္ရပ္မွ လာေရာက္လည္ပတ္သူမ်ားသည့္ မေကြးတုိင္းေဒသႀကီး မန္းစက္ေတာ္ရာ ဘုရားပြဲေတာ္က်င္းပေနခ်ိန္တြင္ မင္းဘူး - ေရႊစက္ေတာ္ကားလမ္းပိုင္း ျပင္ဆင္မႈ၊ လမ္းသားတိုးခ်ဲ႕မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေနသျဖင့္ ယာဥ္မေတာ္တဆမႈမျဖစ္ပြားေစရန္ သတိထားေမာင္းႏွင္ရန္လိုအပ္ေၾကာင္း သိရသည္။

“ဒီအခ်ိန္ေရာက္ရင္ လမ္းျပင္ၿပီဆိုတာ ပြင့္လင္းရာသီမို႔လို႔ ေျပာရေအာင္ကလည္း ဘုရားပဲြေတာ္မတိုင္မီ (၃)လေလာက္လုပ္ခ်ိန္ရတယ္ေလ။ ဘုရားဖူးက်တဲ့ရက္ေတြဆို ယာဥ္ေတြက ၾကြက္ၿမီးတန္းေနတာ။ ေရွာင္ရတိမ္းရတာ အႏၱရာယ္မ်ားတယ္။ တစ္ေလာေလးကပဲ လမ္းျပင္ေနတဲ့ လမ္းလုပ္သားေတြကို ကားဝင္တိုက္လို႔ ေသတဲ့သူေသ၊ ဒဏ္ရာရတဲ့သူ ရနဲ႔။ တကယ္ဆိုရင္ ဘုရားပဲြေတာ္အမီ လမ္း ေကာင္းေအာင္လုပ္ထားရမယ့္ဟာ ဘုရားပဲြေတာ္ခ်ိန္က်မွ ေကာင္းေနတဲ့လမ္းေတာင္ ပ်က္ေအာင္လုပ္သ လိုျဖစ္ေနတာ နားမလည္ႏိုင္ဘူး”ဟု မေကြးၿမိဳ႕ သိဂၤါဂီရိရပ္ကြက္ေနသူ ဦးတင္ေမာင္က ေျပာသည္။

ဘုရားပြဲေတာ္ကာလအတြင္း အနယ္နယ္အရပ္ရပ္မွ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လာေရာက္သူမ်ားျပားရာ ေဖေဖၚဝါရီလ (၁၈)ရက္ေန႔က ဘုရားပြဲလာသည့္ေမာ္ေတာ္ယာဥ္တစ္စီး ေရႊစက္ေတာ္ (၈)မိုင္ အဝင္လမ္း အနီးတြင္ လမ္းခင္းလုပ္သားမ်ားကို ဝင္တိုက္မိသျဖင့္ လမ္းခင္းလုပ္သား အမ်ိဳးသမီး(၁)ဦး ေသဆံုးသြားၿပီး (၇)ဦး ဒဏ္ရာရသြားခဲ့ျခင္းျဖစ္သည္။

ေရႊစက္ေတာ္ဘုရားပြဲေတာ္ကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၉)ရက္ေန႔မွစတင္ကာ ရက္ေပါင္း (၇၀)ေက်ာ္ က်င္းပေနရာ လမ္းလုပ္ငန္းအတြက္ ဘုရားပြဲေတာ္ကာလၿပီးသည္အထိ ေစာင့္ဆုိင္း၍မရသျဖင့္ မိုးရာသီမတုိင္မီ လုပ္ေဆာင္ေနျခင္းျဖစ္သည္ဟု လမ္းဦးစီးဌာနကဆိုသည္။

"ရာသီဥတု အေျခအေနနဲ႔ ဘတ္ဂ်က္ခ်ထားေပးတဲ့ အေျခအေနေတြေၾကာင့္ ေရႊစက္ေတာ္ပဲြေတာ္ခ်ိန္နဲ႔ တိုက္ဆိုင္ေနတာပါ။ တိုင္းေဒသႀကီးအစိုးရက ႏိုဝင္ဘာ(သို႔) ဒီဇင္ဘာလမွာ ဘတ္ဂ်က္ခ်ထားေပးတာျဖစ္ၿပီး အဲဒီအခ်ိန္က်မွ ပစၥည္းတင္ဒါေပးရတာျဖစ္ပါတယ္။ ဘုရားပဲြေတာ္ၿပီးမွ လမ္းလုပ္ငန္းေတြလုပ္ေနမယ္ဆိုျပန္ေတာ့လည္း မိုးကာလကို ေရာက္သြားမွာျဖစ္လို႔ ပြင့္လင္းရာသီ အမီလုပ္ေဆာင္ရတာ ျဖစ္ပါတယ္"ဟု မင္းဘူးခရိုင္ လမ္းဦးစီးဌာနမွ EE ေဒၚဥမၼာလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရႊစက္ေတာ္ဘုရားပဲြေတာ္အား ဧၿပီလ(၁၇)ရက္ေန႔တြင္ ပဲြေတာ္ပိတ္သိမ္းမည္ျဖစ္ၿပီး တကၠသိုလ္ဝင္စာေမးပြဲမ်ား ေျဖဆိုၿပီးခ်ိိန္ႏွင့္ ရံုးပိတ္ရက္မ်ားတြင္ လာေရာက္သူမ်ားသျဖင့္ ယာဥ္ေၾကာမ်ားပိတ္ဆို႔မႈ ျဖစ္ပြားေလ့ရိွေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများသည့် မကွေးတိုင်းဒေသကြီး မန်းစက်တော်ရာ ဘုရားပွဲတော်ကျင်းပနေချိန်တွင် မင်းဘူး - ရွှေစက်တော်ကားလမ်းပိုင်း ပြင်ဆင်မှု၊ လမ်းသားတိုးချဲ့မှု လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပွားစေရန် သတိထားမောင်းနှင်ရန်လိုအပ်ကြောင်း သိရသည်။

“ဒီအချိန်ရောက်ရင် လမ်းပြင်ပြီဆိုတာ ပွင့်လင်းရာသီမို့လို့ ပြောရအောင်ကလည်း ဘုရားပွဲတော်မတိုင်မီ (၃)လလောက်လုပ်ချိန်ရတယ်လေ။ ဘုရားဖူးကျတဲ့ရက်တွေဆို ယာဉ်တွေက ကြွက်မြီးတန်းနေတာ။ ရှောင်ရတိမ်းရတာ အန္တရာယ်များတယ်။ တစ်လောလေးကပဲ လမ်းပြင်နေတဲ့ လမ်းလုပ်သားတွေကို ကားဝင်တိုက်လို့ သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူ ရနဲ့။ တကယ်ဆိုရင် ဘုရားပွဲတော်အမီ လမ်း ကောင်းအောင်လုပ်ထားရမယ့်ဟာ ဘုရားပွဲတော်ချိန်ကျမှ ကောင်းနေတဲ့လမ်းတောင် ပျက်အောင်လုပ်သ လိုဖြစ်နေတာ နားမလည်နိုင်ဘူး”ဟု မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက်နေသူ ဦးတင်မောင်က ပြောသည်။

ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ မော်တော်ယာဉ်များဖြင့် လာရောက်သူများပြားရာ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ဘုရားပွဲလာသည့်မော်တော်ယာဉ်တစ်စီး ရွှေစက်တော် (၈)မိုင် အဝင်လမ်း အနီးတွင် လမ်းခင်းလုပ်သားများကို ဝင်တိုက်မိသဖြင့် လမ်းခင်းလုပ်သား အမျိုးသမီး(၁)ဦး သေဆုံးသွားပြီး (၇)ဦး ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

ရွှေစက်တော်ဘုရားပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့မှစတင်ကာ ရက်ပေါင်း (၇၀)ကျော် ကျင်းပနေရာ လမ်းလုပ်ငန်းအတွက် ဘုရားပွဲတော်ကာလပြီးသည်အထိ စောင့်ဆိုင်း၍မရသဖြင့် မိုးရာသီမတိုင်မီ လုပ်ဆောင်နခြေင်းဖြစ်သည်ဟု လမ်းဦးစီးဌာနကဆိုသည်။

"ရာသီဥတု အခြေအနေနဲ့ ဘတ်ဂျက်ချထားပေးတဲ့ အခြေအနေတွေကြောင့် ရွှေစက်တော်ပွဲတော်ချိန်နဲ့ တိုက်ဆိုင်နေတာပါ။ တိုင်းဒေသကြီးအစိုးရက နိုဝင်ဘာ(သို့) ဒီဇင်ဘာလမှာ ဘတ်ဂျက်ချထားပေးတာဖြစ်ပြီး အဲဒီအချိန်ကျမှ ပစ္စည်းတင်ဒါပေးရတာဖြစ်ပါတယ်။ ဘုရားပွဲတော်ပြီးမှ လမ်းလုပ်ငန်းတွေလုပ်နေမယ်ဆိုပြန်တော့လည်း မိုးကာလကို ရောက်သွားမှာဖြစ်လို့ ပွင့်လင်းရာသီ အမီလုပ်ဆောင်ရတာ ဖြစ်ပါတယ်"ဟု မင်းဘူးခရိုင် လမ်းဦးစီးဌာနမှ EE ဒေါ်ဥမ္မာလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေစက်တော်ဘုရားပွဲတော်အား ဧပြီလ(၁၇)ရက်နေ့တွင် ပွဲတော်ပိတ်သိမ်းမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုပြီးချိန်နှင့် ရုံးပိတ်ရက်များတွင် လာရောက်သူများသဖြင့် ယာဉ်ကြောများပိတ်ဆို့မှု ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net