တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းဖြတ်မြို့ဝင် ဆိုင်းဘုတ်အား မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးသားဖော်ပြ ထားရှိမည်

တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းဖြတ်မြို့ဝင် ဆိုင်းဘုတ်အား မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးသားဖော်ပြ ထားရှိမည်
မတျ 6, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင်  မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးထိုးမည့် မြို့ဝင်ဆိုင်းဘုတ် နှင့် ပတ်သက်၍ ရှမ်းအိုးစည်နှစ်လုံးပါရှိမည့် ပုံစံကို မိုင်းဖြတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ နှင့် စည်ပင်သာယာရေးကော်မတီတို့ တွေ့ဆုံ၍ ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့ဝင်ဆိုင်းဘုတ်ပုံစံအား အတည်ပြုရွေးချယ်ရာ ရှမ်းရိုးရာဓလေ့အိုးစည်နှစ်လုံးပေါ်တွင် မိုင်းဖြတ်မြို့ ကြိုဆိုပါ၏ စာသားအား  မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးထွင်းပြုလုပ်ကာ စိုက်ထူသွားရန်အတွက် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်သစ်ကိစ္စအတွက် အစည်းအဝေးပြုလုပ်ရာသို့  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ မိုင်းဖြတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ တက်ရောက်ကာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း မြို့ဝင်ဆိုင်းဘုတ်များအား မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် ရေးသားဖော်ပြမှုကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ရက်(၁၀၀)စီမံချက်ဖြစ်သည့် ၂၀၁၆ခုနှစ်အတွင်းက လုပ်ဆောင်လာခဲ့ရာတွင် တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်အား မြန်မာ - ရှမ်းနှစ်ဘာသာဖြင့် ပြုလုပ်ထားရှိပြီးနောက် ဝေဖန်သံများ ထွက်ပေါ်လာ၍ စာသားများကို ပြန်လည်ဖျက်လိုက်မှုကြောင့် တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်သည် ၂၀၁၆ခုနှစ် ဇွန်လ(၂၂)ရက်နေ့က မီးရှို့ခံရပြီးနောက် ၂၀၁၉ခုနှစ် မတ်လအထိ တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်အား မင်္ဂလာပါ ဟု ရေးသား၍ ထားရှိထားသည်ကို တွေ့ရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရွှေကို


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးထိုးမည့် မြို့ဝင်ဆိုင်းဘုတ် နှင့် ပတ်သက်၍ ရှမ်းအိုးစည်နှစ်လုံးပါရှိမည့် ပုံစံကို မိုင်းဖြတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ နှင့် စည်ပင်သာယာရေးကော်မတီတို့ တွေ့ဆုံ၍ ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့ အစည်းအေဝးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အစည်းအေဝးတွင် မြို့ဝင်ဆိုင်းဘုတ်ပုံစံအား အတည်ပြုရွေးချယ်ရာ ရှမ်းရိုးရာဓလေ့အိုးစည်နှစ်လုံးပေါ်တွင် မိုင်းဖြတ်မြို့ ကြိုဆိုပါ၏ စာသားအား မြန်မာ၊ ရှမ်း၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးထွင်းပြုလုပ်ကာ စိုက်ထူသွားရန်အတွက် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်သစ်ကိစ္စအတွက် အစည်းအေဝးပြုလုပ်ရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ မိုင်းဖြတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ တက်ရောက်ကာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း မြို့ဝင်ဆိုင်းဘုတ်များအား မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် ရေးသားဖော်ပြမှုကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ရက်(၁၀၀)စီမံချက်ဖြစ်သည့် ၂၀၁၆ခုနှစ်အတွင်းက လုပ်ဆောင်လာခဲ့ရာတွင် တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်အား မြန်မာ - ရှမ်းနှစ်ဘာသာဖြင့် ပြုလုပ်ထားရှိပြီးနောက်ေဝဖန်သံများ ထွက်ပေါ်လာ၍ စာသားများကို ပြန်လည်ဖျက်လိုက်မှုကြောင့် တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်သည် ၂၀၁၆ခုနှစ် ဇွန်လ(၂၂)ရက်နေ့က မီးရှို့ခံရပြီးနောက် ၂၀၁၉ခုနှစ် မတ်လအထိ တာချီလိတ်မြို့ဝင်ဆိုင်းဘုတ်အား မင်္ဂလာပါ ဟု ရေးသား၍ ထားရှိထားသည်ကို တွေ့ရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရွှေကို

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net