လာအိုႏွင့္နယ္စပ္ ဝမ္ပံုဆိပ္ကမ္းတြင္ ႏွစ္စဥ္ ကမ္းပါးၿပိဳမႈႏွင့္ ရင္ဆုိင္ေနရ၍ ကမ္းထိန္းနံရံတည္ေဆာက္ေရး ေရလမ္းထိန္းသိမ္းေရးက စီမံခ်က္ေရးဆြဲမည္

လာအိုႏွင့္နယ္စပ္ ဝမ္ပံုဆိပ္ကမ္းတြင္ ႏွစ္စဥ္ ကမ္းပါးၿပိဳမႈႏွင့္ ရင္ဆုိင္ေနရ၍ ကမ္းထိန္းနံရံတည္ေဆာက္ေရး ေရလမ္းထိန္းသိမ္းေရးက စီမံခ်က္ေရးဆြဲမည္
မတ် 10, 2019
By Tachileik News Agency

ထိုင္း - လာအိုတို႔ႏွင့္ နယ္စပ္ျဖစ္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(က) ေက်းရြာအုပ္စုရွိ ၀မ္ပံုဆိပ္ကမ္းမွာ ႏွစ္စဥ္ကမ္းပါးၿပိဳက်ေနသျဖင့္ ကမ္းထိန္းနံရံတည္ေဆာက္ေရး စီမံခ်က္ေရးဆြဲၿပီး အကူအညီေတာင္းသြားရန္ စီစဥ္ေနေၾကာင္း ေရလမ္းထိန္းသိမ္းေရးလုပ္ငန္းမ်ားဌာနထံမွ သိရသည္။

"လုပ္ရမယ္ ဆိုရင္ ၀မ္ပံုဆိပ္ကမ္းဧရိယာႀကီးတစ္ခုလံုး လုပ္သင့္တာေပါ့ေလ။ တစ္ဖက္ကမ္းက လာအိုဆိပ္ကမ္းကလည္း တည္ၿငိမ္တဲ့ ကမ္းပါးထိန္းလုပ္ငန္းေတြ လုပ္ထားတာရိွတာကိုး။ ကၽြန္ေတာ္တို႔ဘက္ကေတာ့ မလုပ္ႏိုင္ေသးဘူး။ ေနာက္တစ္ခုက ဆိပ္ကမ္းတည္ေနရာ တည္ၿငိမ္လာမယ္ဗ်ာ။ ေနာက္တစ္ခုကေတာ့ ႏိုင္ငံပိုင္ေျမေတြ မဆံုးရံႈးေတာ့ဘူးဗ်ာ။ အဲဒီအားသာခ်က္ေတြ ရရိွမွာေပါ့ဗ်ာ။ ကၽြန္ေတာ္တို႔ လုပ္ခ်င္တယ္ဆိုေပမဲ့ လုပ္လို႔ မရဘူး။ တစ္ဖက္ႏိုင္ငံနဲ႔ ညိႇႏိႈင္းရမယ္။ JCCCN တို႔ လာအိုတို႔နဲ႔ ညိႇႏိႈင္းရတာေတြ ရိွဦးမွာေပါ့ေလ"ဟု ေရလမ္းထိန္းသိမ္းေရးလုပ္ငန္းမ်ားဌာန(အထက္ျမန္မာျပည္)မွ ဒုတိယညႊန္ၾကားေရးမွဴးဦးရဲေသြးေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၁၀) ရက္ေန႔တြင္ ေျပာသည္။

လက္ရိွတြင္ ဝမ္ပံုဆိပ္ကမ္းရိွ ၀မ္ပံုေရေၾကာင္းရဲစခန္းတြင္ မဲေခါင္ - လန္ခ်န္းပူးေပါင္းေဆာင္ရြက္မႈစီမံကိန္း တစ္စိတ္တစ္ပိုင္းအျဖစ္ တရုတ္ႏုိင္ငံမွ ေဆာင္ရြက္ေပးမည့္ ရံုးအေဆာက္အဦမ်ားတည္ေဆာက္ေရးအတြက္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၆)ရက္ေန႔က ျမန္မာႏိုင္ငံဆိုင္ရာတရုတ္သံရံုးမွ ကိုယ္စားလွယ္အဖြဲ႕ ကြင္းဆင္းေလ့လာစဥ္ ကမ္းၿပိဳေနမႈမ်ားေတြ႔ရသျဖင့္ ကူညီရန္စိတ္ဝင္စားေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။

ထုိင္း၊ လာအိုတို႔ႏွင့္ ေရနယ္နိမိတ္ျခားထားသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ထိုင္း - ျမန္မာနယ္စပ္ မယ္ဆုိင္ေခ်ာင္းတစ္လွ်ာက္ ျမန္မာဘက္ျခမ္း၌ ကမ္းပါးၿပိဳမႈတားဆီးေရးအတြက္ ေျမထိန္းနံရံ (၅)ေနရာတည္ေဆာက္ သြားမည္ျဖစ္ေၾကာင္း ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၄) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕သို႔ ေရာက္ရိွခဲ့သည့္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္က ေျပာၾကားထားသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်း - လာအိုတို့နှင့် နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းမှာ နှစ်စဉ်ကမ်းပါးပြိုကျနေသဖြင့် ကမ်းထိန်းနံရံတည်ဆောက်ရေး စီမံချက်ရေးဆွဲပြီး အကူအညီတောင်းသွားရန် စီစဉ်နေကြောင်း ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများဌာနထံမှ သိရသည်။

"လုပ်ရမယ် ဆိုရင် ဝမ်ပုံဆိပ်ကမ်းဧရိယာကြီးတစ်ခုလုံး လုပ်သင့်တာပေါ့လေ။ တစ်ဖက်ကမ်းက လာအိုဆိပ်ကမ်းကလည်း တည်ငြိမ်တဲ့ ကမ်းပါးထိန်းလုပ်ငန်းတွေ လုပ်ထားတာရှိတာကိုး။ ကျွန်တော်တို့ဘက်ကတော့ မလုပ်နိုင်သေးဘူး။ နောက်တစ်ခုက ဆိပ်ကမ်းတည်နေရာ တည်ငြိမ်လာမယ်ဗျာ။ နောက်တစ်ခုကတော့ နိုင်ငံပိုင်မြေတွေ မဆုံးရှုံးတော့ဘူးဗျာ။ အဲဒီအားသာချက်တွေ ရရှိမှာပေါ့ဗျာ။ ကျွန်တော်တို့ လုပ်ချင်တယ်ဆိုပေမဲ့ လုပ်လို့ မရဘူး။ တစ်ဖက်နိုင်ငံနဲ့ ညှိနှိုင်းရမယ်။ JCCCN တို့ လာအိုတို့နဲ့ ညှိနှိုင်းရတာတွေ ရှိဦးမှာပေါ့လေ"ဟု ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများဌာန(အထက်မြန်မာပြည်)မှ ဒုတိယညွှန်ကြားရေးမှူးဦးရဲသွေးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၀) ရက်နေ့တွင် ပြောသည်။

လက်ရှိတွင် ဝမ်ပုံဆိပ်ကမ်းရှိ ဝမ်ပုံရေကြောင်းရဲစခန်းတွင် မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံမှ ဆောင်ရွက်ပေးမည့် ရုံးအဆောက်အဦများတည်ဆောက်ရေးအတွက် ၂၀၁၉ ခုနှစ်၊ မတ်လ (၆)ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကိုယ်စားလှယ်အဖွဲ့ ကွင်းဆင်းလေ့လာစဉ် ကမ်းပြိုနေမှုများတွေ့ရသဖြင့် ကူညီရန်စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထိုင်း၊ လာအိုတို့နှင့် ရေနယ်နိမိတ်ခြားထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ထိုင်း - မြန်မာနယ်စပ် မယ်ဆိုင်ချောင်းတစ်လျှာက် မြန်မာဘက်ခြမ်း၌ ကမ်းပါးပြိုမှုတားဆီးရေးအတွက် မြေထိန်းနံရံ (၅)နေရာတည်ဆောက် သွားမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က တာချီလိတ်မြို့သို့ ရောက်ရှိခဲ့သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားထားသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net