မြန်မာ-လာအို ဝန်ကြီးအဆင့် အစည်းအဝေးတွင် မြန်မာ - လာအိုနယ်စပ် ဆက်ဆံရေးရုံယန္တရားတိုးမြှင့်ဖေါ်ဆောင်ရေးအတွက် ထည့်သွင်းဆွေးနွေး

မြန်မာ-လာအို ဝန်ကြီးအဆင့် အစည်းအဝေးတွင် မြန်မာ - လာအိုနယ်စပ် ဆက်ဆံရေးရုံယန္တရားတိုးမြှင့်ဖေါ်ဆောင်ရေးအတွက် ထည့်သွင်းဆွေးနွေး
မတျ 26, 2019
By Tachileik News Agency

မြန်မာ - လာအိုနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် လွန်ခဲ့သည့် (၃)နှစ်က စတင်ဖွင့်လှစ်ထားသည့် မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှာ လက်ရှိအချိန်ထိ တရားဝင်ဖြတ်သန်းခွင့် မရသေးဘဲရှိနေခြင်း ဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုစည်းခန်းမ၌ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် မြန်မာဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဝန်ကြီး Pol. Lt. Gen. VILAY LAKHAMPHONG နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - HOFM




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - လာအိုနယ်စပ် ဆက်ဆံရေးရုံးယန္တရားတိုးမြှင့်ဖော်ဆောင်ရေးအတွက် အဋ္ဌမအကြိမ် မြန်မာ-လာအို လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးထားကြောင်း သိရသည်။

မြန်မာ - လာအိုနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် လွန်ခဲ့သည့် (၃)နှစ်က စတင်ဖွင့်လှစ်ထားသည့် မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှာ လက်ရှိအချိန်ထိ တရားဝင်ဖြတ်သန်းခွင့် မရသေးဘဲရှိနခြေင်း ဖြစ်သည်။

နပြေည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုစည်းခန်းမ၌ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် မြန်မာဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဝန်ကြီး Pol. Lt. Gen. VILAY LAKHAMPHONG နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-လာအို နှစ်နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက်များ ဖလှယ်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ တရားမဝင် ဝင်/ထွက်မှုများ ထိန်းချုပ်ရေး၊ မြန်မာ-လာအို ဘာသာစကား အပြန်အလှန်သင်ကြားရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဝန်ကြီးဌာနတို့အကြား ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များကို အဆိုပါအစည်းအဝေးတွင် ဆွေးနွေး အတည်ပြုခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - HOFM

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net