မြန်မာအက္ခရာ တစ်ချောင်းငင် အရှည်နှင့် အတို သုံးစွဲမှု မှန်ကန်အောင် ညွန်ကြားပေးရန် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး
မြန်မာအက္ခရာ တစ်ချောင်းငင် အရှည်နှင့် အတို သုံးစွဲမှု မှန်ကန်အောင် ညွန်ကြားပေးရန် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး
မတျ 11, 2019
By Tachileik News Agency
မြန်မာစာကို ရုံးသုံးအဖြစ် ပြဌာန်းထားပြီး အခြေခံပညာကျောင်းများတွင်လည်း အဓိက သင်ကြားပေး နေခြင်းဖြစ်ကာ နိုင်ငံတွင်းရှိ အခြားတိုင်းရင်းသားစာများကိုလည်း အခြေခံပညာကျောင်းများတွင် ပြဌာန်းစာအုပ်ဖြင့် သင်ကြားနိုင်ရေးကို ယူနက်စကို၏အကူအညီဖြင့် လက်ရှိတွင် ဆောင်ရွက်နေဆဲဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
အစိုးရဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတစ်ဝန်းသုံးစွဲနေသော ပုံနှိပ်မီဒီယာများအားလုံး ကွန်ပျူတာ ပုံနှိပ် ဖော်ပြရာတွင် အသုံးပြုနေသော “တစ်ချောင်းငင်အရှည်နှင့် အတို” သုံးစွဲမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်၍ စနစ်တကျ မှန်ကန်အောင် ညွှန်ကြားပြုပြင်ပေးရန် အစီအစဉ်ရှိ မရှိကို ပြည်သူ့လွှတ်တော်တွင် မေးမြန်းလိုက်သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၂၃)ရက်မြောက်နေ့အဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့က အစီအစဉ် (၁၁)ရပ်ဖြင့် ကျင်းပရာတွင် ယင်းအဆိုကို ထီးချိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ ယနေ့မျက်မှောက်ကာလ ပုံနှိပ်မီဒီယာ၊ အွန်လိုင်းမီဒီယာ၊ လူမှုမီဒီယာများမှာ မြန်မာစာရေးထုံးနှင့် သတ်ပုံများ အလွဲလွဲ အမှားမှားဖြင့် ရေးသား၊ ပြောဆို၊ ထုတ်လွှင့်နေချိန်တွင် ကိုယ်စားလှယ်တော်ကြီးက မြန်မာစာအရေးအသား မှန်မှန်ကန်ကန်ရေးသားဖော်ပြရန် တိုက်တွန်းခြင်းအတွက် အင်မတန်မှ ကျေးဇူးတင်ပါကြောင်း ဦးစွာတင်ပြအပ်ပါတယ်။ မြန်မာစာရေးသားကြရာမှာ မြန်မာစာအဖွဲ့က ထုတ်ဝေသော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို လိုက်နာကြရန် ပညာရေးဝန်ကြီးဌာနက ၁၉၈၆ ခုနှစ် စက်တင်ဘာလ (၃၀)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁/၈၆)ဖြင့် ပြဌာန်းပြီးဖြစ်ပါတယ်။ အဆိုပါ စာလုံးပေါင်းသတ်ပုံကျမ်းသည် ယနေ့အထိ အတည်ပြုပြဌာန်းဆဲဖြစ်သလို လိုက်နာဆောင်ရွက်ကျင့်သုံးလျက်ရှိပါတယ်။ အနှစ် (၃၀)သက်တမ်းရှိပြီဖြစ်သော အဆိုပါ သတ်ပုံကျမ်းကို ပြင်ဆင်ဖြည့်စွက်ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါကြောင်း တင်ပြအပ်တယ်”ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော်တွင် ပြန်လည်ဖြကြေားခဲ့သည်။
မြန်မာစာကို ရုံးသုံးအဖြစ် ပြဌာန်းထားပြီး အခြေခံပညာကျောင်းများတွင်လည်း အဓိက သင်ကြားပေး နခြေင်းဖြစ်ကာ နိုင်ငံတွင်းရှိ အခြားတိုင်းရင်းသားစာများကိုလည်း အခြေခံပညာကျောင်းများတွင် ပြဌာန်းစာအုပ်ဖြင့် သင်ကြားနိုင်ရေးကို ယူနက်စကို၏အကူအညီဖြင့် လက်ရှိတွင် ဆောင်ရွက်နေဆဲဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net