မေကြးတုိင္းအတြင္း တကၠသိုလ္ဝင္စာေမးပြဲေျဖခြင့္တင္သူ ယခုႏွစ္တြင္ (၆,၀၀၀)ေက်ာ္ တိုးလာေသာ္လည္း ပ်က္ကြက္သူ (၃,၀၀၀)ေက်ာ္ရိွ

မေကြးတုိင္းအတြင္း တကၠသိုလ္ဝင္စာေမးပြဲေျဖခြင့္တင္သူ ယခုႏွစ္တြင္ (၆,၀၀၀)ေက်ာ္ တိုးလာေသာ္လည္း ပ်က္ကြက္သူ (၃,၀၀၀)ေက်ာ္ရိွ
မတ် 7, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္းရိွ စာစစ္ဌာနမ်ားတြင္ ၂၀၁၈ -၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပဲြ ေျဖဆိုခြင့္ တင္ထားသူဦးေရမွာ ယခင္ပညာသင္ႏွစ္ထက္ (၆,၀၀၀)ေက်ာ္ တိုးလာသည့္အတြက္ စာစစ္ဌာန (၁၆)ခု တိုးခ်ဲ႕ထားေသာ္လည္း ျမန္မာစာ စတင္ေျဖဆိုသည့္ေန႔တြင္ ပ်က္ကြက္သူ (၃,၀၀၀)ေက်ာ္ရိွေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္၊ မတ္လ (၆)ရက္ေန႔ ျမန္မာစာစတင္ေျဖဆိုသည့္ေန႔တြင္ မေကြးတုိင္းအတြင္း စာစစ္ဌာန (၁၇၈)ခုတြင္ ေျဖဆိုခြင့္ တင္ထားသူ စုစုေပါင္း(၈၆,၉၅၈)ဦးရိွသည့္အနက္ လာေရာက္ေျဖဆိုသူ (၈၃,၉၂၂)ဦးရိွၿပီး ေျဖဆိုရန္ ပ်က္ကြက္သူ(၃,၀၃၆)ဦး ရိွေၾကာင္း မေကြးတိုင္းေဒသႀကီး ပညာေရးမွဴးရံုးထံမွ သိရသည္။

ယခုပညာသင္ႏွစ္၏ စာေမးပြဲေမးခြန္းမ်ားမွာ သင္ရိုးအားလံုးအား သင္ယူေလ့လာမႈအေပၚ လက္ေတြ႔အသံုးခ်ႏုိင္မႈ၊ ေတြးေခၚစဥ္းစားမႈမ်ားကို ဆန္းစစ္မႈမ်ားပါဝင္သည္ဟု မေကြးတုိင္းပညာေရးမွဴးက ဆိုသည္။

"အရင္ကလိုမ်ိဳး ဒါသင္၊ ဒါက်က္၊ ဒါေျဖဆိုတဲ႔ ပံုစံမ်ိဳးနဲ႔ မသြားေတာ့ဘဲ ကေလးေတြရဲ႕လက္ေတြ႔အသံုးခ်ႏိုင္ မႈ၊ ေတြးေခၚစဥ္းစားမႈေတြအေပၚ ဆန္းစစ္ႏိုင္မယ့္ေမးခြန္းပံုစံ ေျပာင္းလာဖို႔ရိွပါတယ္။ အရင္က အခန္း(၇)ခန္းေလ႔က်င့္ ထား႐ံုနဲ႔ ေအာင္မွတ္ရႏိုင္ေပမဲ့ အခု ေျဖမယ့္စာေမးပဲြမွာေတာ့ သင္႐ိုးအခန္း(၁၂)ခန္းလံုးကို ႏွံႏွံစပ္စပ္ ေလ႔လာမွတ္သားထားပါမွ ေျဖဆိုႏိုင္မယ့္ သေဘာျဖစ္ပါတယ္"ဟုမေကြးတိုင္းပညာေရးမွဴး ဦးေအာင္ျမင္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီးတြင္ ၂၀၁၉ခုႏွစ္ တကၠသိုလ္၀င္စာေမးပြဲေျဖဆိုရန္ ယခင္ႏွစ္ကထက္ ေလွ်ာက္ထားသူဦးေရ(၆,၀၀၀) ေက်ာ္တိုးလာသျဖင့္ စာစစ္ဌာန(၁၆)ခုထပ္မံတိုးခ်ဲ႕ထား၍ စာစစ္ဌာန(၁၇၈)ခုထိ ရိွလာေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - သန္းႏိုင္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများတွင် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် တင်ထားသူဦးရေမှာ ယခင်ပညာသင်နှစ်ထက် (၆,ဝဝဝ)ကျော် တိုးလာသည့်အတွက် စာစစ်ဌာန (၁၆)ခု တိုးချဲ့ထားသော်လည်း မြန်မာစာ စတင်ဖြေဆိုသည့်နေ့တွင် ပျက်ကွက်သူ (၃,ဝဝဝ)ကျော်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၆)ရက်နေ့ မြန်မာစာစတင်ဖြေဆိုသည့်နေ့တွင် မကွေးတိုင်းအတွင်း စာစစ်ဌာန (၁၇၈)ခုတွင် ဖြေဆိုခွင့် တင်ထားသူ စုစုပေါင်း(၈၆,၉၅၈)ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ (၈၃,၉၂၂)ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ(၃,ဝ၃၆)ဦး ရှိကြောင်း မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။

ယခုပညာသင်နှစ်၏ စာမေးပွဲမေးခွန်းများမှာ သင်ရိုးအားလုံးအား သင်ယူလေ့လာမှုအပေါ် လက်တွေ့အသုံးချနိုင်မှု၊ တွေးခေါ်စဉ်းစားမှုများကို ဆန်းစစ်မှုများပါဝင်သည်ဟု မကွေးတိုင်းပညာရေးမှူးက ဆိုသည်။

"အရင်ကလိုမျိုး ဒါသင်၊ ဒါကျက်၊ ဒါဖြေဆိုတဲ့ ပုံစံမျိုးနဲ့ မသွားတော့ဘဲ ကလေးတွေရဲ့လက်တွေ့အသုံးချနိုင် မှု၊ တွေးခေါ်စဉ်းစားမှုတွေအပေါ် ဆန်းစစ်နိုင်မယ့်မေးခွန်းပုံစံ ပြောင်းလာဖို့ရှိပါတယ်။ အရင်က အခန်း(၇)ခန်းလေ့ကျင့် ထားရုံနဲ့ အောင်မှတ်ရနိုင်ပေမဲ့ အခု ဖြေမယ့်စာမေးပွဲမှာတော့ သင်ရိုးအခန်း(၁၂)ခန်းလုံးကို နှံနှံစပ်စပ် လေ့လာမှတ်သားထားပါမှ ဖြေဆိုနိုင်မယ့် သဘောဖြစ်ပါတယ်"ဟုမကွေးတိုင်းပညာရေးမှူး ဦးအောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ယခင်နှစ်ကထက် လျှောက်ထားသူဦးရေ(၆,ဝဝဝ) ကျော်တိုးလာသဖြင့် စာစစ်ဌာန(၁၆)ခုထပ်မံတိုးချဲ့ထား၍ စာစစ်ဌာန(၁၇၈)ခုထိ ရှိလာကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net