မေကြးၿမိဳ႕ အေဝးေျပးယာဥ္ရပ္နားစခန္းတြင္ ကားဂိတ္ (၁၀၅) အနက္ ထက္ဝက္ခန္႔အတြက္သာ ဂိတ္ေနရာေပးထားႏုိင္

မေကြးၿမိဳ႕ အေဝးေျပးယာဥ္ရပ္နားစခန္းတြင္ ကားဂိတ္ (၁၀၅) အနက္ ထက္ဝက္ခန္႔အတြက္သာ ဂိတ္ေနရာေပးထားႏုိင္
မတ် 7, 2019
By Tachileik News Agency
မေကြးၿမိဳ႕၊ အေ၀းေျပးယာဥ္ရပ္နားစခန္းအတြင္း ခရီးသည္ကားဂိတ္ (၁၀၅)ဂိတ္အနက္ ထက္ဝက္ခန္႔အတြက္သာ ေနရာရိွသျဖင့့္ (၈)ခန္းတြဲ ႏွစ္ထပ္အေဆာက္အဦ ထပ္မံတည္ေဆာက္ရန္ တင္ဒါေခၚယူၿပီး တုိက္ခန္းေရာင္းခ်ေရး ေကာ္မတီဖြဲ႕စည္း ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း မေကြးၿမိဳ႕ နယ္စည္ပင္သာယာေရးအဖြဲ႔ ထံမွ သိရသည္။ 
အခန္းတစ္ခန္းလွ်င္ မ်က္ႏွာစာ အက်ယ္ (၁၅)ေပ ၊ အနံ (၂၄) ေပ ၊ အျမင္႔ (၂၀)ေပ ႐ွိသည့္ (၈)ခန္းတြဲ၊ ႏွစ္ထပ္အေဆာက္အဦကို တင္ဒါေအာင္ကုမၸဏီက ေငြေၾကးစိုက္ထုတ္ေဆာက္လုပ္ရမည္ျဖစ္ၿပီး အခန္းမ်ားကို စည္ပင္သာယာေရးအဖြဲ႕က ဖြဲ႕စည္းေပးမည့္ တုိက္ခန္းေရာင္းခ်ေရးေကာ္မတီက ေရာင္းခ်ၿပီး ကုန္က်စရိတ္ကို ျပန္လည္ေပးေခ်မည္ျဖစ္ေၾကာင္း သိရသည္။
"အေဆာက္အဦကို မိမိရင္းႏွီးျမွပ္ႏွံမႈနဲ႔ စိုက္ထုတ္ ေဆာက္လုပ္ရမွာပါ။ ဒီရက္ထဲမွာပဲ ေကာ္မတီအစည္းအေ၀းလုပ္ၿပီး အိတ္ဖြင္႔တင္ဒါ ေခၚပါမယ္။ တင္ဒါေအာင္တဲ႔သူက တစ္ပတ္အတြင္း လုပ္ငန္း အေကာင္အထည္ေဖာ္ရမွာျဖစ္ပါတယ္။ အေဆာက္အဦေဆာက္ၿပီးရင္ စည္ပင္ကိုအပ္ရမွာပါ။ စည္ပင္ကေနၿပီး ေကာ္မတီအစီအစဥ္နဲ႔အခန္းေတြကိုေရာင္းခ် ေပးသြားမွာ ျဖစ္ပါတယ္"ဟု မေကြးၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႔ ၊ အင္ဂ်င္နီယာမွဴး EE ဦးစိန္သန္းေငြ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လက္ရိွတြင္ ကားႀကီးဝန္းအတြင္း ကားဂိတ္ဖြဲ႔စည္းပံုအရ ဂိတ္ေပါင္း(၅၇)ဂိတ္အတြက္သာ ေနရာ႐ွိသျဖင့္ ဂိတ္မ်ားကို ပူးတြဲဖြင့္လွစ္ေနရျခင္းျဖစ္ေၾကာင္း မေကြးတိုင္း ေဒသႀကီး၊ပုဂၢလိကပိုင္လုပ္ငန္းသံုး ေမာ္ေတာ္ ယာဥ္လိုင္းမ်ား ႀကီးၾကပ္ေရးေကာ္မတီ(ယက က)႐ံုးအဖြဲ႔၊ဌာနမွဴး ဦးတင္ေစာ ထံမွ သိရ သည္။
အဆိုပါကားႀကီးဝန္းအတြင္း လမ္းမ်ားကို ၂၀၁၉-၂၀၂၀ စည္ပင္သာယာေရးဘတ္ဂ်က္က်ပ္ (၃၅၆)သိန္း သံုးစြဲၿပီး ကြန္ကရစ္လမ္းမ်ားခင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးမြို့၊ အေဝးပြေးယာဉ်ရပ်နားစခန်းအတွင်း ခရီးသည်ကားဂိတ် (၁၀၅)ဂိတ်အနက် ထက်ဝက်ခန့်အတွက်သာ နေရာရှိသဖြင့် (၈)ခန်းတွဲ နှစ်ထပ်အဆောက်အဦ ထပ်မံတည်ဆောက်ရန် တင်ဒါခေါ်ယူပြီး တိုက်ခန်းရောင်းချရေး ကော်မတီဖွဲ့စည်း ရောင်းချသွားမည်ဖြစ်ကြောင်း မကွေးမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရသည်။

အခန်းတစ်ခန်းလျှင် မျက်နှာစာ အကျယ် (၁၅)ပေ၊ အနံ (၂၄) ပေ၊ အမြင့် (၂၀)ပေ ရှိသည့် (၈)ခန်းတွဲ၊ နှစ်ထပ်အဆောက်အဦကို တင်ဒါအောင်ကုမ္ပဏီက ငွေကြေးစိုက်ထုတ်ဆောက်လုပ်ရမည်ဖြစ်ပြီး အခန်းများကို စည်ပင်သာယာရေးအဖွဲ့က ဖွဲ့စည်းပေးမည့် တိုက်ခန်းရောင်းချရေးကော်မတီက ရောင်းချပြီး ကုန်ကျစရိတ်ကို ပြန်လည်ပေးချေမည်ဖြစ်ကြောင်း သိရသည်။

"အဆောက်အဦကို မိမိရင်းနှီးမြှပ်နှံမှုနဲ့ စိုက်ထုတ် ဆောက်လုပ်ရမှာပါ။ ဒီရက်ထဲမှာပဲ ကော်မတီအစည်းအေဝးလုပ်ပြီး အိတ်ဖွင့်တင်ဒါ ခေါ်ပါမယ်။ တင်ဒါအောင်တဲ့သူက တစ်ပတ်အတွင်း လုပ်ငန်း အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ အဆောက်အဦဆောက်ပြီးရင် စည်ပင်ကိုအပ်ရမှာပါ။ စည်ပင်ကနပြေီး ကော်မတီအစီအစဉ်နဲ့အခန်းတွေကိုရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်"ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အင်ဂျင်နီယာမှူး EE ဦးစိန်သန်းငွေ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ကားကြီးဝန်းအတွင်း ကားဂိတ်ဖွဲ့စည်းပုံအရ ဂိတ်ပေါင်း(၅၇)ဂိတ်အတွက်သာ နေရာရှိသဖြင့် ဂိတ်များကို ပူးတွဲဖွင့်လှစ်နေရခြင်းဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး၊ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော် ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ(ယက က)ရုံးအဖွဲ့၊ဌာနမှူး ဦးတင်စော ထံမှ သိရ သည်။

အဆိုပါကားကြီးဝန်းအတွင်း လမ်းများကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာရေးဘတ်ဂျက်ကျပ် (၃၅၆)သိန်း သုံးစွဲပြီး ကွန်ကရစ်လမ်းများခင်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net